ကားဘီးတွေကို လေပေါင်ဘယ်လောက်ထိုးရမလဲ


မိမိကားကိုလေပေါင်ဘယ်လောက်ထိုးရမည်ဆိုသည်ကိုထုတ်လုပ်သည့်ကားကုမ္ပဏီများမှကားမှာ အသင့်ကပ်ပေးလိုက်ပါတယ်။

ဘယ်နေရာကပ်ထားလဲဆိုတော့ယာဉ်မောင်းဘက်ခြမ်း တံခါးဖွင့်လိုက်ပါ ။
တံခါးဂျက်အထိုင်ဘက်အတွင်းဘောင်ကိုကြည့်ကြည့်ပါ။

ပုံတွင်ပြထားသလို ဂျပန်စာနှင့် စတစ်ကာ မျိုးတွေ့ရပါမည်။

ခုဆိုကိုယ့်ကား၏ထိုးရမည့်လေပေါင်သိရပြီဖြစ်ပါသည်။
(နေရာ ကတော့ ပုံသေ တော့မရှိပါ )

သို့သော်ဂျပန်ကျကားများသာအများဆုံးစီးကျသောမြန်မာပြည်ဖြစ်၍ ဂျပန်စာများသည်ပြသနာတခု ဖြစ်နေပါသည်။

နောက်ပြသနာတစ်ခုမှဂျပန်စာဖတ်တတ်ရင်တောင်( google translate ပြန်ထားရင်)လက်ရှိမြန်မာပြည် အသုံးပြုသောလေပေါင်နှင့်မတူပါ။
ဥပမာကီလိုမီတာနှင့်မိုင်ကဲ့သို့ဂျပန်အသုံးပြုတာက kPa (kg/cm2)
မြန်မာ အသုံးပြုတာက လေပေါင် psi ပါkPa ဆိုတာက kilopascal 
psi ဆိုတာကတော့ Pounds per Square Inch ပါ။

1 kPa မှာ 0.145038 psi ရှိပါသည်။
( 6.89475729 kpa = 1 psi )

ပုံထဲတွင်230 kPa ပါ။
တွက်ကြည့်မယ်ဆိုရင်
100 kPa = 14.5038 psi
200 kPa = 29.0076 psi
230 kpa = 33.3587 psi

ခုဆိုရင် 230 kPa ဆိုလေပေါင် 33 psi ထိုးရမယ်ဆိုသည်ကိုရှင်းသွားပါပြီ။ 

ပုံထဲမှာတွင်ရှင်းအောင်လေပေါင်တမျိုးတည်းပါတာရွေးတင်ပေးလိုက်တာပါ။
အများအားဖြင့်ရှေ့ဘီးလေပေါင် / နောက်ဘီးလေပေါင်ပြီးတော့ စပယ်ရာဝှီး လေပေါင် ။ 
ဂွေဆိုက် / တာယာဆိုက် ပေါ် မူတည်ပီး ထိုးရမယ့်လေပေါင် ပါ ပါတယ် ။
တခု နဲ့တခု လေပေါင် မတူညီပါဘူး ။ ကောင်းတာက တော့ သတ်မှတ်ထားတဲ့ ဂွေ / တာယာ ဆိုက် ဘဲ သုံးသင့်ပါတယ်။ (ဂွေ ဆိုက် မတူဘဲ အလွိုင်းလှလို့ ဆိုပီး ချိန်းတတ်ကြလို့ ပါ )

ထို့ကြောင့် fit ကိုဘယ်လောက်ထိုးရမယ်။
vitz ကဒီလောက်ထိုးဆိုပြီး အတိကျပြောလို့တော့မရပါဘူး ။

တပ်ဆင်ထားသည့်ဂွေဆိုက်တာယာဆိုက်မှန်နေရင်တော့တမျိုးပေါ့။ 

Read 3709 times