ကားခိုးခံရလို့ ရဲတိုင်တာတောင် အလုပ်ရှုပ်နေကြလို့ပါတဲ့
ဖြစ်စဉ်ကတော့ ၃ လပိုင်းကပါ။
ဆယ်ကျော်သက်တစ်ယောက်ရဲ့ ကားခိုးခံရတယ်။
ကံကောင်းချင်ကတော့ ကားမှာ GPS ပါတယ်။ ဒီတော့ဘယ်ရောက်နေတယ်ဆိုတာပါသိတယ်။
ဒါကြောင့် ရဲသွားတိုင်တယ်။ မအားလို့ပါတဲ့။
အဲ့တော့မထူးဘူး။ ကားရပ်နေတဲ့နေရာကလည်း မဝေးဘူးဆိုတော့ ကိုယ်တိုင်သွားကြည့်ပြီး ရဲကို နောက်တစ်ခေါက်ဖုန်းဆက်ခေါ်တယ်။
အကျိုးဆောင်ခ ပေါင် ၁၅၀ ပေးမယ်ဆိုမှ လုပ်ပေးမယ်ပြောတယ်။
ဒါနဲ့ပဲ ကိုယ့်ဘာသာအားတင်းပြီး အရဲစွန့်လို့ကားကိုပြန်မောင်းလာတယ်။
ကားကိုပြန်ပြင်ဖို့အတွက် ပေါင် ၃၀၀ လောက်တော့ထပ်ကုန်မှာပါ။
မန်ချက်စတာရဲ့ Fallowfield မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပဲဖြစ်ပါတယ်။