ကားတစ်စီးကိုရပ်ထားလို့ပဲဖြစ်စေ၊မောင်းနေရင်ပဲဖြစ်စေအသုံးပြုတဲ့မိုင်နှုန်းပမာဏပေါ်မူတည်ပြီး ကားတစ်စီးရဲ့အစိတ်အပိုင်းတွေကသက်တမ်းလျော့ကျလာပါတယ်။
ဒီလို လျော့ကျလာတဲ့အစိတ်အပိုင်းတွေကိုသတိထားပြုပြင်နိုင်ဖို့အတွကရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
မှန်ဝိုက်ဘာ
မိုင် ၈၀ လောက်မောင်းနှင်ပြီးသွားရင်တော့ ကားမှန်ဝိုက်ဘာတွေကို လဲလှယ်ပေးဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ မှန်ဝိုက်ဘာတွေက သရေဘလိတ်
တွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်တဲ့အ တွက် ရေနဲ့ထိတွေ့မှုများတဲ့ ဝိုက်ဘာတွေက သက်တမ်းပိုတိုတာ တွေ့ရပါတယ်။ မိုးရေနဲ့ထိတွေ့မှုများပြီး အမြဲတမ်းရေနဲ့ထိတွေ့နေရတဲ့ မှန်ဝိုက်ဘာတွေဆိုရင်တော့ သက်တမ်းပိုပြီးတိုတာ တွေ့ရပါတယ်။
ဘရိတ်ပလိပ်ပြား
ကားဘရိတ် ပလိပ်ပြားတွေကတော့ ၁၃ မိုင်လောက် မနား တမ်းမောင်းနှင်ပြီး ရင်တော့ ဘရိတ်ပလိပ်ပြားတွေရဲ့ သက်တမ်းတိုသွားပါပြီ။ မကြာခဏ ဘရိတ်ဖမ်းပြီး မောင်းနေတတ်တဲ့ ယာဉ်မောင်းကြောင့်ဖြစ်စေ၊ လမ်းကြောင့်ဖြစ်စေ ၊ ဘရိတ်ပလိပ်ပြားတွေ သက်တမ်းပိုတိုစေတာတွေ့ရပါတယ်။ ရပ်လိုက်မောင်းလိုက် မကြာခဏပြုလုပ်နေရတယ်ဆိုရင်တော့ ပုံမှန်မောင်းနှင်တာထက် သက်တမ်းပိုလျော့ကျစေပါတယ်။
ဘက်ထရီ
၁၀ မိုင်လောက် မနားတမ်း မောင်းပြီးသွားရင်တော့ ကားဘက်ထရီသက်တမ်းတိုသွား ပါတယ်။ နွေရာသီလိုပူပြင်းတဲ့ရာသီဥတုမျိုးမှာ မနားတမ်းမောင်းနှင် ခရီးသွားဖြစ်ရင်တော့ ဘက်ထရီသက်တမ်းအများဆုံး လျော့ကျသွားမှာပါ။
အင်ဂျင်ခန်းအပူချိန်မြင့်တက်မှုကလည်း အင်ဂျင်ခန်းထဲမှာရှိတဲ့ ဘက်ထရီ ရဲ့ သက်တမ်းကို တိုစေပါတယ်။ အင်ဂျင်အပူချိန်မြင့်တက်မှုကို ထိန်းချုပ်ခြင်း ဖြင့် ဘက်ထရီသက်တမ်းကို ပိုရှည်စေနိုင်ပါတယ်။
တာယာနဲ့ဘီးခွေ
တာယာအတွက်တော့ သက်တမ်းနဲ့ မိုင်က တာယာအလိုက် သတ်မှတ်ချက်တွေရှိနေပြီး ဘီးခွေစနစ်အတွက် ၄၅ မိုင်ခန့် မောင်းနှင်ပြီးရင် သက်တမ်းသိသိသာသာ လျော့ကျသွားပါတယ်။ တာယာကို အစားထိုးလဲလှယ်ဖို့ လိုအပ်သလို ဘီးခွေလှည့်ပတ်စနစ်တွေကိုလည်း စစ်ဆေးလဲလှယ်ပေးဖို့လိုအပ်ပါတယ်။