ကားအချက်ပြမီးနှင့်ပတ်သက်၍သိသင့်အချက်များ


ကားကွေ့ရင်ပဲဖြစ်ဖြစ်၊ လမ်းကြောင်းပြောင်းတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်အန္တရာယ်ကင်းအောင်လို့ မဖြစ်မနေ အချက်ပြမောင်းနှင်ရတာမို့ကားအချက်ပြမီးတွေဟာအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

အချက်ပြမီးများလင်းရဲ့လားဆိုတာပုံမှန်စစ်ဆေးဖို့လိုအပ်သကဲ့သို့အရောင်မှိန်နေရင်၊ မီးမလင်းရင်လည်း အမြန်ဆုံးလဲလှယ်ပေးရန်လိုအပ်ပါသည်။

ကားအချက်ပြမီးကိုဘယ်၊ ညာကွေ့ရန်အတွက်ပါရှိသောကြောင့်ယာဉ်မောင်းများတစ်ခုသတိထားရမှာက ကိုယ်သွားချင်နှင့်ဆန့်ကျင်ဘက်ကိုမပြမိရန်ဖြစ်ပါသည်။
ဥပမာကိုယ်ကွေ့မှာကညာဘက်အချက်ပြထားခြင်းဘယ်ဘက်ဖြစ်နေခြင်းမျိုးပါ။

ကိုယ့်နောက်ကကားကညာကွေ့မယ်ထင်ပြီးကျော်တက်တုန်းကိုယ်က ဘယ်ဘက်ကိုကွေ့လိုက်ရာကနေ မလိုလားအပ်သည့်ထိခိုက်မှုမျိုးများကြုံရနိုင်ပါသည်။

စုံမီးအကြောင်းအကျယ်ရှင်းပြီးသဖြင့်အခုဆက်စပ်ပုံအရဟိုင်းဝေးလမ်း၌ကားရပ်မည့်အချိန်၊အရှိန်လျော့ချိန်များတွင်အသုံးပြုရပါသည်။

ထို့နောက်လမ်းကြောင်းပြောင်းလဲရာမှာလည်းတချို့ယာဉ်မောင်းအချက်ပြမီးမပြဘဲရုတ်တရက်တိုးဝင်လာခြင်း မျိုးနှင့်တစ်ဖက်ယာဉ်ကြောမှကားကို အနှောင့်အယှက်ဖြစ်သည့်အတွက်လမ်းကြောင်းပြောင်းချင် တာသိရန်အချက်ပြမီးနှင့်မဖြစ်မနေအသိပေးရမည်ဖြစ်ပါသည်။

အရေးကြီးဆုံးသတိထားစရာမှာမြို့ပြင်လမ်းများနှင့်မြို့တွင်းလမ်းများတွင်အချက်ပြမီးသုံးစွဲပုံမတူညီသည့်အချက်ဖြစ်ပါသည်။

မြို့ပြင်အဝေးပြေးလမ်းများမှာတစ်ဖြောင့်တည်းမို့ကွေ့စရာမလိုသော်လည်းအချက်ပြမီးကိုယာဉ်ကျော်တက်ရန်နှင့်ကားမရှင်းသေးသောကြောင့်ကပ်ထားရန်အချက်ပြသည့်နေရာတွင်သုံးတတ်ခြင်းဖြစ်ပါသည်။

အမေရိကမှစစ်တမ်းတစ်ခုအရကားကွေ့သည့်အခါတွင်ယာဉ်မောင်းများအချက်မပြမှုသည်အကြမ်းဖျင်းအားဖြင့် တစ်နှစ်အတွင်းတွင်အကြိမ်ရေ ၇၅၀ ဘီလီယံလုပ်လေ့ရှိသည်ဟုဆိုထားပါသည်။
လမ်းကြောင်းပြောင်းနေချိန်မှာအချက်မပြတာ ၄၈ ရာခိုင်နှုန်းရှိပြီးလမ်းကြောင်းပြောင်းပြီးသည့်အခါအချက်ပြမီး ပြန်မပိတ်တာကလည်း ၄၈ ရာခိုင်နှုန်းရှိကာကားကွေ့သည့်အခါတွင်အချက်မပြသူမှာ ၂၅ ရာခိုင်နှုန်းရှိသည်ဟု သိရပါသည်။

အချက်ပြမီးအပေါ်အာရုံမစိုက်မိသည့်အတွက်ကြောင့်လည်းယာဉ်တိုက်မှုများဖြစ်သည်ဆိုသည်ကိုယာဉ်မောင်းတိုင်းအမှတ်ရနေရန်လိုအပ်ပါသည်။

 

Read 2363 times