ကိုယ်စီးနေတဲ့ကားကို ရောင်းဖို့စိတ်ကူးတဲ့အခါ အဆင်ပြေပြေဖြစ်စေဖို့ လုပ်ဆောင်သင့်သည့် နည်းလေးများကို ဖော်ပြပေး လိုက်ပါသည်။
ကားကိုပြင်ပြင်ဆင်ဆင်ထားပါ။
ဝယ်သူကြိုက်ပြီး ဈေးကောင်းကောင်း ရဖို့ဆိုရင် ကားအတွင်း၊ အပြင်ကို သေသေချာချာ ရွှိုင်းထားရန် လိုအပ်ပါသည်။
ကားတာယာလေးများကိုလည်း သန့်သန့်ပြန့်ပြန့် ဆေးကြောထားရန်လိုသကဲ့သို့ လူမြင်ကွင်းမှာ မှန်များ မကောင်း ခြင်း၊ အက်ခြင်းများရှိနေရင်လည်း နည်းနည်းပါးပါး ကြိုပြီးပြင်ဆင် ထားတာမျိုး လုပ်ထားသင့်ပါ သည်။
လိုချင်သည့်ဈေးထက် ပိုပြီးခေါ်ပါ။
အလျင်စလို ကားရောင်းဖို့ မလိုပါက ကားတန်ဖိုး သတ်မှတ်တာကို စဉ်းစဉ်းစားစား လုပ်ပါ။
ရောင်းပြီဆိုရင်လည်း မိမိ လိုချင်တဲ့ဈေး ထက် ပိုခေါ်ထားသည့်အခါ ဝယ်သူနှင့် ဈေးအညှိအနှိုင်းလေး လုပ်ရင်း မိမိ ရချင်သည့် ပမာဏကို ရနိုင်ပါသည်။
အခမဲ့ကြော်ငြာတာမျိုးလုပ်ပါ။
ယနေ့ခေတ်တွင် ကား အရောင်းအဝယ် ဆိုက်များတွင် ဖြစ်စေ၊ လူမှုကွန်ရက်များတွင် ဖြစ်စေ တွင်တွင်ကျယ်ကျယ် အရောင်းအဝယ် လုပ်နေကြသောကြောင့် အွန်လိုင်းကနေလည်း ဈေးခေါ်ကြည့်ပါ။
ဈေးနှုန်းကို တိုက်ရိုက်မတင် ချင်တောင်မှ ကားမော်ဒယ်၊ မိုင်နှုန်းတွေကို ရှင်းပြပြီး ကားပုံလေးနှင့် တင်ထားလိုက်ရင် အဆင်ပြေနို်င်ပါသည်။
ကားရပ်ထားရင်း ရောင်းမယ့်အကြောင်း ကြော်ငြာပါ။
လူစည်ကားသည့် နေရာ သွားရင်းပဲဖြစ်ဖြစ်၊ ရှော့ပင်းမောလ် များသွားရင်းပဲဖြစ်ဖြစ် ကား ရောင်းချင်တယ် ဆိုသည့်အကြောင်း စာနှင့် ဆက်သွယ်ရမယ့် ဖုန်းရေးပြီး ကားထဲတွင် ထည့်ထားခြင်းမျိုး အဆင်ပြေရင် လုပ်ကြည့်ပါ။
ဖုန်းနှင့်ဈေးစုံစမ်းရင် ကားနဲ့ပတ်သက်ပြီး ကောင်းတာ မှန်သမျှ ပြောပါ။
ထိုကားကို ဘာကြောင့်ရောင်း ချရတယ်။ မိုင်ဘယ်လောက်သွား ထားတယ်။ ကားနဲ့ပတ်သက်သည့် အမှတ်တရများ၊ ကောင်းကွက် စသည်တို့ကို အတိုချုပ်ရှင်းပြတာ မျိုးလုပ်ပါ။
ကားစမ်းမောင်းသည့်အခါ လိုက်သွားခြင်းမျိုးလုပ်ပါ။
ကားဝယ်ပြီဆိုကတည်းက ကားအထာ ဘယ်လိုရှိတယ်ဆို တာသိနိုင်ဖို့ စမ်းမောင်း ကြည့်တာ မျိုးလုပ်လေ့ရှိပါသည်။
ကားဝယ်မယ့်သူကို တစ်ယောက်တည်း မောင်းခွင့်ပေးလိုက်ပါက ကားရော၊လူရော ပြန်လာတော့မည် မဟုတ်သည့် အတွက် မိမိပါတစ်ပါတည်းလိုက်နိုင်ရင်လည်း လိုက်ပါ။
စာချုပ်စာတမ်းသေချာချုပ်ဆိုပါ။
အရောင်းအဝယ် ဖြစ်ပြီဆိုသည်နှင့် အရှုပ်အရှင်းများ ကင်းရလေအောင် စာချုပ်စာတမ်းများ၊ အခွန်ကိစ္စများ သေချာလုပ်ရန်လိုပါသည်။
မျှော်လင့်မထားသည့် ပြဿနာများ ဖြစ်လာပါကလည်း ဖြေရှင်းလို့ရအောင် ကိုယ့်ဆီမှာ ရော သူ့ဆီမှာပါ လက်ခံတွေထားဖို့လိုပါသည်။Source:car lover