ကားတစ်စီးကို ကိုယ်တိုင် အမြဲပြုပြင်ချင်သူများအတွက် အလွယ်မှတ်သားပြီး ထိန်းသိမ်းပြုပြင်သင့်သည်များကို အဆင့်ဆင့် ဖော်ပြပေးလိုက်ပါသည်။
Tire (တာယာ)
တာယာစစ်ဆေးခြင်းသည် အခြေခံစစ်ဆေးသင့်သည့် အစိတ်အပိုင်းဖြစ်ပါသည်။
ကားတာယာဆိုသည်မှာ တာယာ၏ လေထိအား၊ တာယာ၏ အခြေအနေကို ကားမမောင်းခင် နေ့စဉ်စစ်ဆေးပေးသင့်သော အချက်ဖြစ်ပါသည်။
ထို့အပြင် တာယာ၏ ပန်း ထိခိုက်ဒဏ်ရာများကိုလည်း အချိန်ရလျှင် ရသလို အမြဲစစ်ဆေးနေသင့်ပါသည်။
တာယာ၏ သက်တမ်းကိုလည် စတင်တပ်ဆင်ချိန်မှာကတည်းက ရောင်းချသူများထံမှ တစ်ဆင့် မှတ်သားထားပြီး သက်တမ်းကုန်ချိန်ကိုလည်း စောင့်ဆိုင်း၍ မှတ်သားနေရန် လိုအပ်ပါသည်။
တာယာသက်တမ်းပြည့်ချိန်တွင် တာယာကို အချိန်မီလဲလှယ်ပေးခြင်းဖြင့် ကားတာယာကြောင့်ဖြစ်သော ယာဉ်မတော်တဆမှုများ လျော့ပါး သက်သာစေပါသည်။
Oil (အင်ဂျင်ဝိုင်)
ကားတာယာစစ်ဆေးပြီးနောက် အရေးကြီးစစ်ဆေးသင့်သည့်အချက်မှာ အင်ဝိုင်စစ်ဆေးခြင်းပင်ဖြစ်ပါသည်။
အင်ဂျင်ဝိုင်ဆိုသည်မှာ ကားတစ်စီးအတွက် သွေးကြောကဲ့သို့ အရေးပါလှပါသည်။
ထိုကြောင့် ကားတစ်စီး၏ အင်ဂျင်ဝိုင်ကို နေ့စဉ်စစ်ဆေးပေးသင့်ပါသည်။
အင်ဂျင်ဝိုင်နည်းခြင်း၊ များခြင်းအပြင် အင်ဂျင်ဝိုင်အပျစ်အကျဲကိုလည်း လေ့လာစစ်ဆေးသင့်ပါသည်။
ကား၏ လိုအပ်ချက်ပေါ်မူတည်ပြီး အင်ဂျင်ဝိုင်လဲလှယ်ပေးသင့်သည့်အချိန်တွင် လဲလှယ်ပေးသင့်ပါသည်။
ပုံမှန်အားဖြင့် ကားအင်ဂျင်ဝိုင်လဲလှယ်ပေးသင့်သည့်အချိန်ကို ကီလိုမီတာ ၅၀၀၀ နှင့် ၅၅၀၀ ကြား အသုံးပြုပြီးတိုင်း စစ်ဆေးသင့်ပါသည်။
ပုံမှန်စစ်ဆေးချင်သော သူများအတွက်မှာ အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ်စစ်ဆေးပေးသင့်ပါသည်။
Window (မှန်တံခါးများ)
ကားမှန်တံခါးမှာလည်း ထိန်းသိမ်းပြုပြင်မှုအပိုင်းတွင် ထည့်သွင်းထားပါသည်။
ကားတစ်စီး၏ မှန်တံခါးဆိုခြင်းမှာ ကားအတွက် ရုပ်ပိုင်းဆိုင်ရာတွင်သာမက အကာအကွယ်တွင်ပါ ထောက်ပံ့ပေးသော အစိတ်အပိုင်းများ ဖြစ်ပါသည်။
ထို့ကြောင့် ကား၏လေကာမှန်များ၊ နောက်ကြည့်မှန်များ သန့်ရှင်းမှုရှိရန်၊ ထိခိုင်ဒဏ်ရာများကို စစ်ဆေးပေးရပါမည်။
ထိုမှသာ ကြည်လင်ပြတ်သားသော မြင်ကွင်းကို ကားအတွင်းခန်းမှ မြင်တွေ့နိုင်မည်ဖြစ်ပါသည်။
ထို့အပြင် သတိထားသင့်သည့်အချက်မှာ ကား၏ လေကာမှန်များကို နေအလင်းရောင်ကာကွယ်နို်င်ရန် အလင်းပိတ် စတစ်ကာ အလွန်အကျွံကပ်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါသည်။
Brake, Belt and Battery (ဘရိတ်၊ ခါးပတ်ကြိုး၊ ဘက်ထရီ)
ကား၏ ဘရိတ်စနစ်မှာလည်း ကားတစ်စီးအတွက် အရေးကြီးအချက်ဖြစ်ပါသည်။
ဘရိတ်၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးအနေအထားရှိနေရန် လိုအပ်ပါသည်။
ထိုမှသာ အချိန်မရွေးကြုံတွေ့နိုင်သော ယာဉ်အန္တရာယ်များကို ကာကွယ်ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။
ခါးပတ်ကြိုးမှာတော့ သေချာခိုင်မြဲမှုရှိနေရန်လိုအပ်ပါသည်။
ကားသစ်များတွင် ဖြစ်ခဲသော်လည်း မော်ဒယ်နိမ့်လာသော ကားဟောင်းများတွင် ခါးပတ်ကြိုးများ ဆွေးမြေ့နေခြင်း၊ အထိုင်ပြုတ်ထွက်ခြင်းများ ဖြစ်တက်ပါသည်။
ယာဉ်တိုက်မှုဖြစ်သည့်အချိန်တွင် အမှန်တကယ်လိုအပ်သော ကာကွယ်မှုရနိုင်ရန် ခါးပတ်ကြိုးမျာ သေချာခိုင်မြဲနေရပါမည်။
ထို့အပြင် အတွင်းခန်းထိုင်ခုံခါးပတ်များမှ မဟုတ်ဘဲ မော်တာ Belt ကြိုး၊ ပန်ကာ Belt ကြိုးများကိုလည်း အလျော့အတင်းစစ်ဆေးပေးသင့်ပါသည်။
ကားအင်ဂျင်ဘောနက်အဖုံးဖွင့်ပြီး အလွယ်တကူ စစ်ဆေးနိုင်မည့် အချက်ဖြစ်ပါသည်။
Belt ကြိုးများကိုစစ်ဆေးပေးခြင်းဖြင့် အင်ဂျင်စွမ်းဆောင်ရည်ကျဆင်းမှုအကြောင်းအရင်းကိုလည်း အလွယ်တကူ စစ်ဆေး သိရှိနိုင်မည်ဖြစ်ပါသည်။
ဘက်ထရီဆိုခြင်းမှာ ကားတစ်စီးအတွက် အရေးကြီးသော အချက်ဖြစ်ပါသည်။
ကားဘက်ထရီမကောင်းပါက အင်ဂျင်နှိုးရခြင်းမှစ၍ ကားမီးသီးများအထိ ထိခိုက်စေပါသည်။
ထို့ကြောင့် ဘက်ထရီသက်တမ်းနှင့် ဘက်ထရီအခြေအနေ၊ ဘက်ထရီ၏ သန့်ရှင်းမှုများမှအစ အမြဲထိန်းသိမ်း ပြုပြင်ပေးသင့်ပါသည်။
Interior (အတွင်းခန်း)
ကားအတွင်းခန်းဆိုသည်မှာ ယာဉ်မောင်းတစ်ယောက်အတွက်သာမက စီးနင်းသူအတွက်ပါ မဖြစ်မနေထိတွေ့နေရမည့် အရာဖြစ်ပါသည်။
အတွင်းခန်းသန့်ရှင်းမှုမှာ ကားတန်ဖိုးသတ်မှတ်မှုအပေါ်တွင် မူတည်နေသည့်အပြင် ကားစီးနင်းသူ၊ မောင်းနှင်သူများ၏ ကျန်းမာရေးနှင့်လည်း သက်ဆိုင်ပါသည်။
အမွှေးနံသာများသုံးရသည်ကို မကြိုက်နှစ်သက်ပါက အတွင်းခန်းက ဖုန်မှုန့်နှင့် အမှိုက်များကို ကင်းစင်ပြီး ခြောက်သွေ့သန့်ရှင်းအောင် ထိန်းသိမ်းသင့်ပါသည်။
Fluid (အအေးခံရည်)
အင်ဂျင်တစ်ခုလုံးကို အအေးဓာတ်ရှိနေရန်အတွက် အင်ဂျင်၏ ရေတိုင်ကီထဲတွင် ရေများနှင့် ပန်ကာများက လှည့်ပတ်ထိန်းသိမ်းပေးနေပါသည်။
ကားမှန်များကို အချိန်မရွေးသန့်ရှင်းပေးနိုင်ရန်အတွက် မှန်ဝိုက်ဘာများက စွမ်းဆောင်ပေးပါသည်။
အင်ဂျင်အေးနေစေရန် ရေတိုင်ကီထဲက ရေကို စစ်ဆေးဖြည့်သွင်းပေးရန် လိုအပ်သကဲ့သို့ မှန်ဝိုက်ဘာရေကိုလည်း လိုအပ်သလို ဖြည့်ပေးနေမှသာ လိုအပ်သောအချိန်တွင် လိုအပ်သလို ကားမှန်များကို သန့်ရှင်းပေးနိုင်မည်ဖြစ်ပါသည်။
Light (မီးစနစ်)
ကားမီးသီးနှင့် မီးစနစ်များက ကိုယ်တိုင်စစ်ဆေးရခြင်းလည်း လွယ်ကူပြီး ကားအတွက်ရော ယာဉ်မောင်းအတွက်ပါ အရေးပါသော အစိတ်အပိုင်းဖြစ်ပါသည်။
ကားတစ်စီး၏ မီးသီးများအားလုံး၏ လုပ်ဆောင်မှုကို အနည်းဆုံး တစ်ပတ်လျှင် နှစ်ကြိမ်ခန့်စစ်ဆေးသင့်ပါသည်။
ကားကိုရပ်ထားပြီး ကား၏ ရှေ့နောက်မီးများ၊ အချက်ပြမီးများ၊ ဘရိတ်မီး၊ silent မီးများ ပုံမှန်လုပ်ဆောင်ခြင်းကို စစ်ဆေးထိန်းသိမ်း၍ လိုအပ်လျှင် ပြုပြင်ပေးရပါမည်။
Windshield Wipers (လေကာမှန်ဝိုက်ဘာ)
မှန်ဝိုက်ဘာရေ ဖြည့်ထားသော်လည်း မှန်ဝိုက်ဘာများက ပုံမှန်အလုပ်မလုပ်လျှင် အသုံးမဝင်သော ဝိုက်ဘာဖြစ်နေမည်ဖြစ်သောကြောင့် ကားမှန်ဝိုက်ဘာများလည်း ပုံမှန်အတိုင်း ကောင်းမွန်နေရန်နှင့်
လုပ်ဆောင်ချက်မှန်ကန်ရန်လည်း စစ်ဆေးထိန်းသိမ်းသင့်ပါသည်။
Emission Control System (ဓာတ်ငွေ့ထိန်းချုပ်မှုစနစ်)
ကားတစ်စီး၏ အင်ဂျင်မှ ဓာတ်ငွေ့ထုတ်လုပ်မှုပမာဏကို ထိန်းချုပ်လုပ်ဆောင်ပေးရန်အတွက် အောက်ဆီဂျင်ဆင်ဆာ၊ EGR စသောစနစ်များကို ထည့်သွင်းတည်ဆောက်ထားပါသည်။
ဓာတ်ထုတ်လွှတ်မှုနှင့် ကားအိတ်ဇောက ထွက်လာသော ဓာတ်ငွေ့အရောင်များကိုကြည့်ပြီး အင်ဂျင်၏ အခြေအနေကို သိနိုင်ပါသည်။
မူရင်ထုတ်လုပ်သော စက်ရုံမှလည်း လိုက်နာထုတ်လုပ်သော ဓာတ်ထုတ်လွှတ်မှုဆိုင်ရာ ဆက်စပ်ဥပဒေများကို ကားတစ်စီးချင်းတွင် ဖော်ပြပေးထာပါသည်။
ထိုအချက်များကိုကြည့်ပြီး မိမိကား၏ ဓာတ်ငွေ့ထုတ်လွှတ်နေမှုကို ပြုပြင်ထိန်းသိမ်းခြင်းဖြင့် အဘက်ဘက်မှ စည်းကမ်းလိုက်နာသော ယာဉ်ထိန်းသိမ်းပြုပြင်မှုကို ရရှိစေမည်ဖြစ်ပါသည်။