သားရေ (လယ်သာ)ကားထိုင်ခုံများဆိုလျှင် ဗီနိုင်းများ၊ ပိတ်သားများထက်ထိုင်ရခြင်းမှာ ပိုပြီးနူးညံ့ပျော့ပျောင်းပြီး သက်သောင့်သက်သာရှိသောကြောင့် ကားပိုင်ရှင်အတော်များများ သဘောကျကြပါသည်။
လယ်သာထိုင်ခုံများ သုံးထားသည်ဆိုလျှင် စနစ်ကျသော ပြုပြင်ထိန်းသိမ်းမှုမျိုးရှိရန် လိုအပ်ပြီး ဂရုမစိုက်ဘဲဖြစ်သလို ထားလျှင် ပြုပြင်စရိတ်ထောင်းနိုင်သောကြောင့် လုပ်ဆောင်သင့်သည်များကို ဖော်ပြပေးလိုက်ပါသည်။
လယ်သာသန့်စင်ဆေးအသုံးပြုပါ။
လယ်သာပစ္စည်းများအတွက် သီးသန့်ထုတ်ထားသော သန့်စင်ဆေးရည်နှင့် ထိုင်ခုံမျက်နှာပြင်များကို သန့်စင်ပေးရန်လိုအပ်ပါသည်။
ခုံအကြိုအကြားနှင့် အချိုင့်အပေါက်များထဲတွင်ပါ ဆေးရည်ဝင်အောင် လိုက်သုတ်ပြီး မိနစ်အနည်းငယ်ကြာလျှင် အဝတ်သန့်တစ်ခုနှင့် သုတ်ပေးနိုင်ပါသည်။
လယ်သာသန့်စင်ဆပ်ပြာအသုံးပြုပါ။
လယ်သာပစ္စည်းများ သန့်စင်ရန်အတွက် သီးသန့်ထုတ်လုပ်ထားသော ဆပ်ပြာ (Saddle Soap) ကို အဝတ်စလေးနှင့် ပွတ်ပြီး အမြှုပ်များများထွက်အောင်လုပ်၍ မာကျောကွဲအက်နေသော ခုံများကို အကြိုအကြားမကျန် သေချာပွတ်တိုက်ဆေးကြောရပါမည်။
ထို့နောက် အဝတ်သန့်တစ်ခုနှင့် အမြှုပ်များကုန်အောင် သုတ်ပေးရန် လိုအပ်ပါသည်။
လယ်သာဆေးဆပ်ပြာတွင် အလှဆီနှင့် သိုးမွေးမှရသော ဆီပါရှိသည့်အတွက် လယ်သာများကို စိုစိုပြည်ပြည်လေးဖြစ်နေစေမည် ဖြစ်ပါသည်။
အရောင်တင်ဆေးအသုံးပြုခြင်း
ခုံအရောင်စိုပြည်တောက် ပြောင်စေရန်အတွက် လယ်သာအရောင်တင်ဆေး ပမာဏများများကို အဝတ်သန့် (သို့မဟုတ်) ဖော့တုံးအသုံးပြုပြီး ထိုင်ခုံများကို လိုက်သုတ်ပေးရန်လိုအပ်ပါသည်။
မင့်ခ်အဆီသုံးခြင်း
လယ်သာပစ္စည်းများ ကြာရှည်ခံရန်အတွက်ဆိုလျှင် မင့်ခ်ဆီ (Mink Oil) ကိုလည်း အသုံးပြု၍ ရပါသည်။
တစ်ခုသတိထားရသည်မှာ အရောင်ဖျော့သော လယ်သာများဆိုလျှင် စွန်းပေခြင်းမျိုးဖြစ်တတ်သောကြောင့် အရောင်ရင့်သော လယ်သာများဆိုလျှင် ပိုပြီးသင့်တော်ပါသည်။
ထို့နောက် ပမာဏနည်းနည်းလေးသာ သုံးရန် လိုပါသည်။