မကြာသေးမီအချိန်ခန့်တွင် ကားစီးသည့်အခါ ထိုင်ခုံခါးပတ် ပတ်ရန်အတွက် အစိုးရမှ တိုက်တွန်းခဲ့ပြီး အကယ်၍ မပတ်ခဲ့ပါက ဒဏ်ရိုက်မည်ဟု ဥပဒေမှ သတ်မှတ်ထားပါသည်။
ထိုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကားထိုင်ခုံ ခါးပတ် ပတ်သည့်အခါ ဆောင်သင့်သော အချက်များကို ဖော်ပြပေးလိုက်ပါသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ထိုင်ခုံခါးပတ်ပတ်သည့်အခါ ခါးပတ်၏ ဝမ်းဗိုက်အပေါ် ရောက်ရန် စီမံထားမှုကြောင့် မိမိ၏ ဝမ်းဗိုက်အတွင်းတွင်ရှိသော ရင်သွေးကို ထိခိုက်စေပါသည်။
ထို့ကြောင့် Bump Belt ဟု ခေါ်သော ထိုင်ခုံခါးပတ်ကို ထိန်းညှိပေးသော ခါးပတ် အမျိုးအစားကို အသုံးပြုသင့်ပါသည်။
ထိုင်ခုံကိုထိုင်သည့်အခါ ကျောကို ထိုင်ခုံနောက်မှီနှင့် ခွာပြီး မထိုင်သင့်ပါ။
ခါးပတ် ပတ်ပြီး မှန်ကန်သောပုံစံမျိုးနှင့် ထိုင်နေခဲ့ပါက ကျောကို ထိုင်ခုံနောက်မှီနှင့် ကပ်ပြီးထိုင်သင့်ပါသည်။
ထိုင်ခုံနောက်မှီနှင့် ကျောခွာပြီး ထိုင်သည့်အခါ မိမိဝမ်းဗိုက်ကို ထိုင်ခုံခါးပတ်နှင့် အတင်းအကျပ် ဖိထားသကဲ့သို့ဖြစ်ပြီး ဝမ်းဗိုက်အတွင်းရှိ ရင်သွေကို ထိခိုက်စေပါသည်။
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေဖြင့် မလွှဲမရှောင်သာ၍ ကားမောင်းရမည်ဆိုပါက ထိုင်ခုံခါးပတ်သည် မိမိ၏ ဗိုက်အပေါ်သို့ ရောက်နေသလားဆိုသည်ကို သေချာစွာစစ်ဆေးသင့်ပါသည်။
အတက်နိုင်ဆုုံုုး မွေးဖွားခါနီးနောက်ဆုံး လေးလပတ်ရောက်လာပါ ကိုယ်တိုင်ကားမမောင်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။