ကားမောင်းတဲ့အခါ ဘာကြောင့် ခါးပတ်ပတ်သင့်တာလဲ


နေ့စဉ်လူနေမှုဘဝမှာ အန္တရာယ်ကင်းကင်းနဲ့ ယာဉ်မောင်းနှင် သွားလာနိုင်မှုဟာ အရေးပါလှပြီး နေ့စဉ်နေ့တိုင်းမှာ မတော်တဆမှုများစွာလည်း ဖြစ်ပွားလျက်ရှိပါတယ်။

ဒါပေမယ့် ကားမောင်းနေစဉ်မှာ ထိုင်ခုံခါးပတ်တွေကို သေသေချာချာ အသုံးပြုမယ်ဆိုရင်တော့ မတော်တဆမှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာဆိုင်ရာ အဝေးပြေးယာဉ်မောင်းနှင်မှု မှတ်တမ်းတွေအရ ၂၀၁၆ ခုနှစ်မှာ ထိုင်ခုံ ခါးပတ် မပတ်ခြင်းကြောင့် ယာဉ်မတော်တဆဖြစ်ကာ အသက်ဆုံးရှုံးခဲ့ရသူပေါင်း၂၃၇၁၄ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုပေါင်းကတော့ ၂ ဒဿမ ၆ သန်းခန့် ရှိတယ်လို့ သိရပါတယ်။


ဒီအတွက်ကြောင့်မို့လို့လည်း နိုင်ငံတကာမှာ ယာဉ်မောင်းနေစဉ် ခါးပတ်ပတ်ဖို့အတွက် ဥပေဒေတွေ အသီးသီးကို ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ ထိုင်ခုံခါးပတ် ပတ်ထားတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ အသက်အန္တရာယ် ဆုံးရှုံးမှုတွေကနေ ကာကွယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

(၁) ကားမောင်းနေစဉ် ခါးပတ်ပတ်ထားခြင်းကြောင့် ယာဉ်မတော်တဆမှုဖြစ်တဲ့အခါ ထိခိုက်ဒဏ်ရာ ရရှိမှုတွေကို ထက်ဝက်ခန့် လျှော့ချပေးနိုင်မှာဖြစ်ပြီး မှတ်တမ်းတွေအရ နစ်နာဆုံးရှုံးမှုတွေ နည်းပါးခဲ့တာကိုလည်း သိရှိရပါတယ်။

(၂) ထိုင်ခုံခါးပတ်ပတ်ထားခြင်းဟာ ယာဉ်မတော်တဆမှုတွေဖြစ်လို့ လွင့်စင်သွားတာမျိုး မဖြစ်ပေါ်စေဘဲ မိမိထိုင်ခုံမှာပဲ ခန္ဓာကိုယ်ကို မြဲမြံနေစေတာကြောင့် အသက်အန္တရာယ် ဆုံးရှုံးမှု ရာခိုင်နှုန်းကို နည်းပါးစေပါတယ်။

(၃) သင့်ကားမှာ ဘယ်လိုပဲ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်တဲ့ Air Bags လို ပစ္စည်းမျိုးတွေ တပ်ဆင်ထားပါစေ၊ သင့်အနေနဲ့ ထိုင်ခုံခါးပတ်ကို ပတ်မထားဘူးဆိုရင်တော့ Air Bags တွေကလည်း ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

၂၀၁၇ ခုနှစ်မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ “Always Buckle Up”ဆိုတဲ့ ထိုင်ခုံခါးပတ်ပတ်ကြဖို့ Campaign တခုကို ပြုလုပ်ခဲ့ပြီး ဒီ Campaign ရဲ့ရည်ရွယ်ချက်ကတော့ ကားမောင်းနေစဉ်မှာ ထိုင်ခုံ ခါးပတ်ပတ်ခြင်းဟာ ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာနဲ့ မတော်တဆမှုတွေကို ကာကွယ်နိုင်မယ့် အရိုးရှင်းဆုံး နည်းလမ်းတခုဖြစ်တယ်ဆိုတာကို အသိပညာပေးဖို့ပဲ ဖြစ်ပါတယ်။

Read 643 times