အိန္ဒိယ ကားအသစ်ဈေးကွက် ရောင်းအားတက်


အိန္ဒိယ ကားအသစ်ဈေးကွက် ရောင်းအားတက်

၂၀၂၂ ခုနှစ်မှာ အိန္ဒိယ ကားအသစ်ဈေးကွက်ထဲမှာ ကားအသစ် ရောင်အား တက်ပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှုအပိုင်းမှာ ချစ်ပ်မလုံလောက်တဲ့ ပြဿနာ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အကြီးမားဆုံး ကားထုတ်လုပ်ရေး လုပ်ငန်း Maruti Suzuki ရဲ့ရောင်းအားက မတ်လကုန်မှာ ကုန်ဆုံးတဲ့ ဘဏ္ဍာရေးနှစ်အတွင်း စီးရေ ၁.၆၅ သန်း ရောင်းချခဲ့ရပါတယ်။ ယခင်နှစ်ထက် ၁၃% ပိုများပါတယ်။ ကိုဗစ်ကြောင့် ရောင်းအားကျဆင်းနေခဲ့ရာမှ ဦးပြန်မော့လာတာ ဖြစ်ပါတယ်။ 

အိန္ဒိယမှာ အိမ်စီးကား နှစ်စီးရောင်းတိုင်း တစ်စီးက Maruti ဖြစ်နေတဲ့အထိ ဈေးကွက်ကို Maruti ဆက်လက်ကြီးစိုးနေဆဲ ဖြစ်ပါတယ်။
လုပ်ငန်းရဲ့ ရှယ်ယာအများစုကို ဂျပန်မှ Suzuki Motor Corp က ပိုင်ဆိုင်ပါတယ်။


Tata Motors က အိ္န္ဒိယနိုင်ငံမှာ အကြီးမားဆုံး လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်ငန်း ဖြစ်ပါတယ်။ အခြား အိမ်စီးကား အမျိုးမျိုးကိုလည်း ထုတ်လုပ်ပါတယ်။ Tata Motors ရဲ့ ရောင်းအား ယခင်နှစ်ထက် ၆၇% ခုန်တက်ခဲ့ပြီး အိမ်စီးကား စီးရေ ၃၇၀,၃၇၂  ရောင်းချခဲ့ရပါတယ်။ ထူးြလားချက်က လျှပ်စစ်ကား ရောင်းအား စီးရေ လေးဆနီးပါး မြင့်တက်ခဲ့ပြီး စီးရေ ၁၉,၀၀၀ နီးပါး ရောင်းချခဲ့ရပါတယ်။

Tata Nexon EV 

Read 4306 times