ကားပြန်ရောင်းမယ်ဆိုရင် လုပ်သင့်တာလေးတွေ


ကိုယ်စီးနေတဲ့ကားကို ရောင်းဖို့စိတ်ကူးတဲ့အခါ အဆင်ပြေပြေဖြစ်စေဖို့ လုပ်ဆောင်သင့်တဲ့ နည်းလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

ကားကိုပြင်ပြင်ဆင်ဆင်ထားပါ

ဝယ်သူကြိုက်ပြီး ဈေးကောင်းကောင်းရဖို့ဆိုရင် ကားအတွင်း၊ အပြင်ကို သေသေချာချာ ရွှိုင်းထားဖို့ လိုပါတယ်။ ကားတာယာလေးတွေကိုလည်း သန့်သန့်ပြန့်ပြန့်ဆေးကြောထားဖို့လိုသလို လူမြင်ကွင်းမှာ မှန်တွေ မကောင်း တာ၊ အက်တာတွေရှိနေရင်လည်း နည်းနည်းပါးပါး ကြိုပြီးပြင်ဆင် ထားတာမျိုးလုပ်ထားသင့်ပါ တယ်။

လိုချင်တဲ့ဈေးထက် ပိုပြီးခေါ်ပါ

အလျင်စလို ကားရောင်းဖို့ မလိုဘူးဆိုရင် ကားတန်ဖိုးသတ် မှတ်တာကို စဉ်းစဉ်းစားစားလုပ် ပါ။ ရောင်းပြီဆိုရင်လည်း ကိုယ် လိုချင်တဲ့ဈေးထက် ပိုခေါ်ထားတဲ့ အခါ ဝယ်သူနဲ့ ဈေးအညှိအနှိုင်း လေးလုပ်ရင်း ကိုယ်ရချင်တဲ့ပမာ ဏကို ရနိုင်ပါတယ်။

အခမဲ့ကြော်ငြာတာမျိုးလုပ်ပါ

ဒီနေ့ခေတ်မှာဆိုရင် ကား အရောင်းအဝယ်ဆိုက်တွေမှာပဲ ဖြစ်ဖြစ်၊ လူမှုကွန်ရက်တွေမှာပဲ ဖြစ်ဖြစ် တွင်တွင်ကျယ်ကျယ် အ ရောင်းအဝယ်လုပ်နေကြပြီမို့ အွန် လိုင်းကနေလည်း ဈေးခေါ်ကြည့် ပါ။ ဈေးနှုန်းကို တိုက်ရိုက်မတင် ချင်တောင်မှ ကားမော်ဒယ်၊ မိုင် နှုန်းတွေကိုရှင်းပြပြီး ကားပုံလေး နဲ့ တင်ထားလိုက်ရင် အဆင်ပြေ နေပါပြီ။

ကားရပ်ထားရင်း ရောင်းမယ့်အ ကြောင်းကြော်ငြာပါ

လူစည်ကားတဲ့နေရာသွား ရင်းပဲဖြစ်ဖြစ်၊ ရှော့ပင်းမောလ် တွေ သွားရင်းပဲဖြစ်ဖြစ် ကား ရောင်းချင်တယ်ဆိုတဲ့အကြောင်း စာနဲ့ ဆက်သွယ်ရမယ့် ဖုန်းရေးပြီး ကားထဲမှာ ထည့်ထားတာမျိုး အဆင်ပြေရင် လုပ်ကြည့်ပါ။

ဖုန်းနဲ့ဈေးစုံစမ်းရင် ကားနဲ့ပတ်သက်ပြီး ကောင်းတာမှန်သမျှ ပြောပါ

ဒီကားကို ဘာကြောင့်ရောင်း ချရတယ်။ မိုင်ဘယ်လောက်သွား ထားတယ်။ ကားနဲ့ပတ်သက်တဲ့ အမှတ်တရတွေ၊ ကောင်းကွက် စတာတွေကို အတိုချုပ်ရှင်းပြတာ မျိုးလုပ်ပါ။

ကားစမ်းမောင်းတဲ့အခါ လိုက် သွားတာမျိုးလုပ်ပါ

ကားဝယ်ပြီဆိုကတည်းက ကားအထာ ဘယ်လိုရှိတယ်ဆို တာသိနိုင်ဖို့ စမ်းမောင်းကြည့်တာ မျိုးလုပ်လေ့ရှိပါတယ်။ ကားဝယ်မယ့်သူကို တစ်ယောက်တည်း မောင်းခွင့်ပေးလိုက်ရင် ကားရော၊လူရော ပြန်လာတော့မှာ မဟုတ်တဲ့အတွက် ကိုယ်ပါတစ်ပါတည်းလိုက်နိုင်ရင်လည်း လိုက်ပါ။

စာချုပ်စာတမ်းသေချာချုပ်ဆိုပါ

အရောင်းအဝယ် ဖြစ်ပြီဆို တာနဲ့ အရှုပ်အရှင်းတွေ ကင်းရ လေအောင် စာချုပ်စာတမ်းတွေ၊ အခွန်ကိစ္စတွေ သေချာလုပ်ဖို့လိုပါတယ်။ မျှော်လင့်မထားတဲ့ ပြဿနာတွေ ဖြစ်လာရင်လည်း ဖြေရှင်းလို့ရအောင် ကိုယ့်ဆီမှာ ရော သူ့ဆီမှာပါ လက်ခံတွေထားဖို့လိုပါတယ်။

 

Read 827 times