ယာဉ်နံပတ်ရယူ၍ ယာဉ်စစ်ဆေးထားပြီး မှတ်ပုံတင်အခငွေ မပေးသွင်းသည့်ကားများအား ဥပဒေအရ အရေးယူမည်


"မော်တော်ယာဉ်တွေမှာ ယာဉ်နံပတ် မူသေအမှတ်ရယူပြီး နိုင်ငံတော်ပေးသွင်းရမယ့် အခငွေတွေ မပေးသွင်းဘဲ လုပ်ထားတဲ့ကားတွေအများကြီးကျန်နေသေးတယ်။ ဒီကားတွေကိုလည်း တစ်လ အထိအချိန်ပေးထားပြီးသားပါ။ အခုအချိန်အထိ၊ ၁ လကျော်တဲ့အထိ အခွန်လာမဆောင်တဲ့ကားတွေကျန်သေးလို့ ဥပဒေအရ အရေးယူသွားမှာပါ" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။

မော်တော်ယာဉ်ပိုင်ရှင်များ၊ ယာဉ်တင်သွင်းသည့် ကုမ္ပဏီများ၊ လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ကနဦးမှတ်ပုံတင်ယာဉ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူသေအမှတ်ရယူခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ မှတ်ပုံတင် အခငွေပေးသွင်းခြင်း၊ ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) နှင့် ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ် CVR ထုတ်ယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ရာ အချို့သော ကနဦးမှတ်ပုံတင်ယာဉ်များမှာ မူသေအမှတ်ရယူ၍ ယာဉ်စစ်ဆေးထားပြီး နိုင်ငံတော်သို့ ပေးသွင်းရမည့်အခငွေများ မပေးသွင်းဘဲ မော်တော်ယာဉ်များကို ကာလကြာမြင့်စွာ အသုံးပြုနေသောကြောင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရေးအတွက် ဥပဒေအရ အရေးယူဆောင်ရွက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကညန မှ အသိပေးကြေညာခြင်းဖြစ်ပါတယ်။

Source;CarDB

Read 468 times