ကားတင်သွင်းမှုလျော့နည်းသွားသော်လည်းရောက်ရှိပြီးကားအစီးရေများပြားသောကြောင့်ကနဦးမှတ်ပုံတင်ဝင်သည့် ကားအရေအတွက်လျော့နည်းမသွားဘဲ ငါးလတာအတွင်းအစီးငါးသောင်းကျော်အထိရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ကားတင်သွင်းမှုလျော့နည်းသွားသော်လည်းရောက်ရှိပြီးကားအစီးရေများပြားသောကြောင့်ကနဦးမှတ်ပုံတင်ဝင်သည့် ယခုနှစ်၏ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာမိုဒယ်သတ်မှတ်ချက်များနှင့်အခွန်တိုးမြှင့်ကောက်ခံမှုများကြောင့် ပြည်ပမှကားတင်သွင်းမှုများလျော့နည်းသွားခဲ့သည်။
သို့သော် ၂၀၁၇ ခုနှစ်မတိုင်မီ ၂၀၁၆ခုနှစ်ကတည်းကကားအရောင်းစင်တာများနှင့် ကားတင်သွင်းသူများ ကကားများကိုကြိုတင် တင်သွင်းထားသောကြောင့် ရောက်ရှိပြီးသားကားအရေအတွက်များပြီး ကနဦး မှတ်ပုံတင်ပြုလုပ်သည့်အစီးရေလည်းလျော့နည်းသွားခြင်းမရှိကြောင်းသိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှမေလအထိကနဦးမှတ်ပုံတင်ပြုလုပ်သည့်ကား ၅၀၈၅၈ စီးရှိခဲ့ရာစလစ်ကပ်ကားများကိုဝင်ငွေခွန်မကောက်ခံခင်မတ်လတွင် အစီး ၁၃၀၄၀ အထိရှိခဲ့သည်။
ယခုနှစ်အတွင်းတစ်နိုင်ငံလုံးအနေဖြင့်ဇန်နဝါရီလအတွင်း ၁၀၅၃၃ စီး၊ ဖေဖော်ဝါရီလအတွင်း ၈၅၈၁ စီး၊ မတ်လအတွင်းအစီး ၁၃၀၄၀၊ ဧပြီလအတွင်း ၉၄၄၄ စီးနှင့် မေလအတွင်းအစီး ၉၂၆၀ စီးကနဦးမှတ်ပုံတင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့ပြင်ပြည်တွင်းထုတ် CKD, SKD ကားများကိုကနဦးမှတ်ပုံတင်ပြုလုပ်ပြီးရာတွင် Suzuki Myanmar Motor မှထုတ်လုပ်သောလူစီးကားများဖြစ်သည့် Suzuki Ertiga 931 စီးနှင့် Suzuki Ciaz 186 စီးလည်းကနဦးမှတ်ပုံတင် ပြုလုပ်ခဲ့ကြောင်းသိရသည်။