ကြေညာအပ်နှံကားများကို ကျပ်သိန်းငါးဆယ်ဖြင့် တန်းဖိုးဖြတ် အခွန်ကြပ်မည်


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မော်တော်ယာဉ်များ၏ စံနှုန်းသတ် မှတ်ချက်များကို နိုဝင်ဘာ ၈ ရက် က ထုတ်ပြန်ကြေညာခဲ့ပြီး အပ်နှံ ကားများကို ကျပ်သိန်းငါးဆယ်ဖြင့် တန်ဖိုးဖြတ်၍ အခွန်စည်းကြပ်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

မော်တော်ယာဉ်များအတွက် တန်ဖိုးသတ်မှတ်ရာတွင် အက္ခရာ နှင့် နံပါတ်အပေါ်မူတည်ပြီးတန်ဖိုး ကွာခြားသလို ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်အပေါ်မူတည်ကာ တန် ဖိုးဖြတ်နှုန်းထားများ မတူညီကြောင်း သိရသည်။

ကားအမျိုးအစားချင်း တူသော်လည်း (C ၊ D ၊ E ၊ F ၊ G ၊ H ၊ l ၊ k ၊ L ၊ M ၊ N) စသည် ဖြင့် အက္ခရာ နံပါတ်အနိမ့်အမြင့် အပေါ်မူတည်၍ ကျပ်သိန်းသုံးဆယ် ဝန်းကျင် ကွာဟသလို ရန်ကုန်လိုင် စင်ကားများကို နယ်လိုင်စင်ထက် ကျပ်သိန်းသုံးဆယ်မှ ကျပ်သိန်း ငါးဆယ်အထိ တန်ဖိုးထည့်ပေါင်း တွက်ချက်မည် ဖြစ်သည်။

ထို့ပြင် ကားအရောင်အပေါ်မူတည်၍ ကျပ် ၁၀ သိန်းမှ ၁၅ သိန်းဝန်းကျင်အထိ တန်ဖိုးထည့်ပေါင်းပြီး ထုတ်လုပ်ခုနှစ် တူသော်လည်း ကားအတွင်းခန်း တွင်ပါဝင်သော ပစ္စည်းများ ကွာခြား မှုအပေါ်မူတည်ကာ တန်ဖိုးသတ် မှတ်ချက်များ ကွာဟချက်ရှိမည်ဖြစ်ကြောင်း သိရသည်။

“မော်တော်ယာဉ်တွေ အတွက် သတ်မှတ်ထားတဲ့ စံနှုန်းတန် ဖိုးတွေက ကြမ်းခင်းဈေး ဖြစ်ပါ တယ် ၊ အခွန်ထမ်းက ပိုတင်ပြလာ တဲ့ တန်ဖိုးရှိရင် အမှန်တန်ဖိုးကို အသုံးပြုမှာ ဖြစ်ပါတယ်၊ စံနှုန်း သတ်မှတ်ချက်မှာ အက္ခရာအနိမ့် အမြင့်၊ ကားအရောင်နဲ့ ရန်ကုန် လိုင်စင်၊ နယ်လိုင်စင်အပေါ်မူတည် ပြီး ကြမ်းခင်းဈေးထက် ပိုသတ်မှတ် မှာ ဖြစ်ပါတယ်၊ ပြည်တွင်းမှာ တပ် ဆင်ထုတ်လုပ်ရောင်းချနေတဲ့ ကား တွေနဲ့ ပြည်ပကနေတင်သွင်းရောင်း ချနေတဲ့ ကားသစ်တွေကိုတော့ Invoice တန်ဖိုးအတိုင်း သတ်မှတ်မှာ ဖြစ်ပါတယ် ၊ ယာဉ်အိုယာဉ် ဟောင်းအပ်နှံမယ့် ကားတွေကိုတော့ ကျပ်သိန်းငါးဆယ်နဲ့ တန်ဖိုးဖြတ်ပြီး အမည်ပြောင်း ဆောင်ရွက်ခွင့်ပေး မှာ ဖြစ်ပါတယ်”ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အ တွက် မော်တော်ယာဉ်အမျိုးအစား၊ အလိုက် တန်ဖိုးများ သတ်မှတ်ချက် ။ ဇယားကို Automobile Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

Read 6483 times