အဓိက အကြောင်း နှစ်ချက်ကြောင့် ထိုင်း ကားထုတ်လုပ်မှု လျာထားချက် လျှော့ချ


အဓိက အကြောင်း နှစ်ချက်ကြောင့် ထိုင်း ကားထုတ်လုပ်မှု လျာထားချက် လျှော့ချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ပြည်တွင်းကားရောင်းအား ကျဆင်းခြင်းနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော လျှပ်စစ်ကားများ တိုးလာခြင်းကြောင့် ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် Federation of Thai Industries(FTI) သည် ၂၀၂၃ ကားထုတ်လုပ်မှု ရည်မှန်းချက်ကို ယခင်က ၁.၉၅ သန်း လျာထားခြင်းအား ၁.၉ သန်းသို့ လျှော့ချ လျာထားလိုက်ပါသည်။

 
ဘဏ်များက ကားချေးငွေထုတ်ပေးရာမှာ တင်းကျပ်သည့် အချက်များ ချမှတ်ထားခြင်းကြောင့် ကားများ အရောင်းနှေးကွေးသွားစေခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် တရုတ် အီးဗီများသည် စျေးကွက်ဝေစု ပိုမိုရရှိခဲ့ကြပါသည်။


 FTI ၏ ဒုဥက္ကဋ္ဌနှင့် FTI ၏ မော်တော်ကားလုပ်ငန်းကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က“ပြည်တွင်းဈေးကွက်အတွက် ကားထုတ်လုပ်ရေးမှာ အစီးရေ ၅၀,၀၀၀ လောက် လျော့ကျဖို့ မျှော်လင့်တယ်။ ဒီတော့ အရင်က အစီးရေ ၉၀၀,၀၀၀ လို့ ရည်မှန်းထားတာအစား အစီးရေ ၇၅၀,၀၀၀ ဖြစ်သွားတယ်" ဟု ပြောကြားသည်။
ပြည်ပတင်ပို့ရန်အတွက် ထုတ်လုပ်မှု ရည်မှန်းချက်ကို ယခင်အတိုင်း စီးရေ ၁.၀၅ သန်း ဆက်လက်လျာထားပါသည်။

ဘဏ်လုပ်ငန်းကဏ္ဍသည် အတိုးနှုန်းမြင့်တက်ခြင်းနှင့် အိမ်ထောင်စုကြွေးမြီများသည် GDP ၏ ၉၀% တွင် ဆက်ရှိနေသည့်အတွက် ကြွေးမဆပ်သည့်  ချေးငွေများနှင့် ပတ်သက်၍  စိုးရိမ်ပူပန်မှု ဖြစ်နေစေသည်ဟု မစ္စတာဆူရာပေါင်က ပြောကြားသည်။ သို့ဖြစ်ရာ ကားဝယ်ရန် ချေးငွေကို လွယ်လွယ်ဖြင့် ထုတ်မချေးကြတော့ချေ။

ဗဟိုဘဏ် ဖြစ်သော Bank of Thailand က အတိုးနှုန်းကို မြှင့်တင်သတ်မှတ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လမှစ၍ ယခုအထိ အကြိမ်ကြိမ် အတိုးနှုန်း မြှင့်တင်သတ်မှတ်သည်မှာ ၆ ကြိမ် ရှိနေပြီ ဖြစ်သည်။ ငွေကြေးမူဝါဒအရ ငွေဖောင်းပွမှုကို ထိန်းရန် ဘဏ်အတိုးနှုန်း ထပ်မြှင့်ဖွယ် ရှိသည်။
တရုတ်နိုင်ငံမှ အီးဗီများ တင်သွင်းမှု ပိုများလာခြင်းကြောင့်  ထိုင်းဈေးကွက်တွင် တရြတ်အီးဗီများ၏ ဈေးကွက်ဝေစုသည် ၅ ရာခိုင်နှုန်းအထိ တိုးလာကာ ပြည်တွင်းအိမ်စီးကားများ ထုတ်လုပ်မှုကို ထိခိုက်ခဲ့သည်ဟု မစ္စတာဆူရာပေါင်က ပြောသည်။

 


Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 73 times