၂၀၂၃ တွင် ထိုင်းကားထုတ်လုပ်မှု စီးရေ ၂ သန်းနီးပါး လျာထား


၂၀၂၃ တွင် ထိုင်းကားထုတ်လုပ်မှု စီးရေ ၂ သန်းနီးပါး လျာထား

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) သည် ၂၀၂၂ ခုနှစ်တွင် မော်တော်ယာဥ်တင်ပို့မှု တိုးချဲ့ပြီးနောက် ယခုနှစ် ၂၀၂၃ တွင် ပြည်တွင်းကားထုတ်လုပ်မှု ၃.၅၃% တိုးမည်ဟု မျှော်မှန်းထားပြီး စီးရေ ၁.၉၅ သန်းအထိ ထုတ်လုပ်ရန် လျာထားသည်။

မော်တော်ကားထုတ်လုပ်မှုသည် ယမန်နှစ်တွင် အစီးရေ ၁.၈၈ သန်းကျော် ရှိခဲ့သည်။ ယမန်နှစ်က ပြည်တွင်းပြည်ပ ရောင်းအား မြင့်တက်ခဲ့သည်။ သို့သော် ဒီဇင်ဘာလတွင် ပြည်တွင်း ကားရောင်းအားသည် ရေကြီးရေလျှံခဲ့သဖြင့် ကားအမျိုးအစား အတော်များများ ရောင်းအား ကျဆင်းခဲ့သည်။ 

FTI သည် ၂၀၂၃ ခုနှစ်အတွက် ပိုမိုမြင့်မားသော ကားထုတ်လုပ်ရေး ရည်မှန်းချက်ကို ချမှတ်ထားပါသည်။ ပြည်ပတင်ပို့ရန် စီးရေ ၁.၀၅ သန်း ထုတ်လုပ်မည်။ ပြည်တွင်းဈေးကွက်အတွက် စီးရေ ၉ သိန်း ထုတ်လုပ်မည်ဟု  FTI ၏ ဒုဥက္ကဋ္ဌနှင့် ၎င်း၏ မော်တော်ကားလုပ်ငန်းကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။
"ပို့ကုန်ဈေးကွက်မှာ ကောင်းတဲ့လက္ခဏာတွေ ရှိနေပြီး တရုတ်လည်း ပြန်ဖွင့်ပါပြီ။ ချစ်ပ်ပြတ်လပ်မှုလည်း လျော့ကျမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု သူက ပြောသည်။

၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အဓိကပို့ကုန်ဈေးကွက်များမှာ အရှေ့အလယ်ပိုင်း၊ အခြားအာရှနိုင်ငံများ၊ ဩစတြေးလျနှင့် အာဖရိကတို့ဖြစ်သည်။
စီးပွားရေးနှေးကွေးမှုနှင့် ရုရှား-ယူကရိန်းစစ်ပွဲ၏ သက်ရောက်မှုကြောင့် ဥရောပနှင့် အမေရိကန်သို့ တင်ပို့မှု ကျဆင်းခဲ့ပါသည်။
Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 241 times