ထိုင်းနိုင်ငံ ကားအစီးရေ ၁ ဒသမ ၉၅ သန်း ထုတ်လုပ်ရန် ဆက်လက်ရည်မှန်းထား


ထိုင်းနိုင်ငံ ကားအစီးရေ ၁ ဒသမ ၉၅ သန်း ထုတ်လုပ်ရန် ဆက်လက်ရည်မှန်းထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries (FTI) သည် ဧပြီလက ကားထုတ်လုပ်မှု ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ကားအစီးရေ စုစုပေါင်း ၁.၉၅ သန်း ထုတ်လုပ်ရန်  ရည်မှန်းချက်ကို  ဆက်လက်ကိုင်စွဲထားသည်။

ယခုနှစ် ဧပြီလတွင် ကားစီးရေ ၁၁၇,၆၃၆ ထုတ်လုပ်ခဲ့သည်။ ထိုင်းသင်္ကြန် Songkran အလုပ်ပိတ်ရက်ရှည်ကြောင့် ကားထုတ်လုပ်မှုလည်း ကျဆင်းသည်။ ရောင်းအားလည်း လျော့ကျခဲ့သည်။ အထူးသဖြင့် ပစ်ကပ်များ ရောင်းအားကျဆင်းခဲ့ကြောင်း FTI ၏ ဒုဥက္ကဋ္ဌနှင့် FTI ၏ မော်တော်ကားလုပ်ငန်းကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။
ယခုနှစ် ပထမ ၄ လ ဇန်နဝါရီမှ ဧပြီလအထိ ကားအစီးရေ ၆၂၅,၄၂၃ ထုတ်လုပ်ခဲ့သည်။
ဧပြီလတွင် ထိုင်းပြည်တွင်းဈေးကွက်တွင် ကား အစီးရေ ၅၉,၅၃၀ ရောင်းချခဲ့သည်။ ဘဏ်များက ကားဝယ်ရန် ချေးငွေအတွက် သတ်မှတ်ချက်များ တင်းကျပ်ထားသဖြင့် ကားများ ရောင်းအားကျဆင်းခဲ့သည်။ 
ယခုနှစ် ပထမ ၄ လတွင် ကားစီးရေ ၃၇၆,၆၀၃ စီး ရောင်းချခဲ့သည်။

ထိုင်းနိုင်ငံမှ ပြည်ပသို့ ကားတင်ပို့မှု မြင့်တက်ခဲ့ပြီး အစီးရေ ၇၉,၉၄၀ တင်ပို့ခဲ့သည်။ ဩစတြေးလျ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပသို့ ပစ်ကပ်များ တင်ပို့မှု များပြားခဲ့ကြောင်း Mr Surapong က ပြောကြားသည်။
ယခုနှစ် ပထမ ၄ လတွင် ကားစီးရေ ၃၅၃,၆၃၂ တင်ပို့ခဲ့သည်။

 

ရွေးကောက်ပွဲ အနိုင်ရပါတီ Move Forward Party MPF က အနည်းဆုံး တစ်ရက်လုပ်ခကို ဘတ် ၄၅၀ သို့ တိုးမြှင့် ပြဋ္ဌာန်းမည်ဟု ကတိကဝတ် ပေးထားခြင်းသည် ကားထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း၊ နိုင်ငံတကာ ကားထုတ်လုပ်ရေး လုပ်ငန်းများသည် ထို့ထက်မက လုပ်ခလစာ ပေးထားကြကြောင်း Mr Surapong က ပြောကြားသည်။
သို့သော် ယာဉ်အစိတ်အပိုင်း ထုတ်လုပ်သည့် လုပ်ငန်းငယ်များအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း ၎င်းက ပြောကြားပါသည်။
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 171 times