မတ်လတွင် ထိုင်းမော်တော်ကားထုတ်လုပ်တင်ပို့မှု မြင့်တက်ခဲ့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မိုက်ခရိုချစ်ပ်များ ပြတ်လပ်မှု လျော့ပါးသွားသောကြောင့် ထိုင်းနိုင်ငံတွင် မော်တော်ယာဥ်ထုတ်လုပ်မှုသည် မတ်လတွင် ယခင်နှစ်ထက် ၄.၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစီးရေ ၁၇၉,၈၄၈ စီးရှိကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries(FTI) က အင်္ဂါနေ့(ဧပြီ ၂၅)တွင် ပြောကြားခဲ့သည်။
မော်တော်ကားများ တင်ပို့မှုသည် ဖေဖော်ဝါရီလတွင် ၁၁ ဒသမ ၄၂ ရာခိုင်နှုန်း မြင့်တက်လာပြီးမတ်လတွင် ၄ ဒသမ ၈၄ ရာခိုင်နှုန်း တိုးလာသည်ဟု FTI ၏ မော်တော်ကားလုပ်ငန်းကဏ္ဍ ပြောရေးဆိုရေးတာဝန်ခံ Surapong Paisitpattanapong က ပြောကြားသည်။
ပြည်တွင်းကားရောင်းအားမှာ ဖေဖော်ဝါရီတွင် ယခင်နှစ်ထက် ၃.၉၄% ကျဆင်းခဲ့ပြီးနောက် မတ်လတွင် ၈.၃၇% အထိ ကျဆင်းသွားကြောင်း ၎င်းက ပြောကြားသည်။
ကားဝယ်ရန် ဘဏ်ချေးငွေ တင်းကျပ်ခြင်း၊ ဘဏ်အတိုးနှုန်း မြင့်မားခြင်းတို့ကြောင့် ဝယ်လိုအား ကျဆင်းနေသည်။
ထိုင်းနိုင်ငံသည် Toyota နှင့် Honda အပါအဝင် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူအချို့အတွက် ဒေသတွင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် တင်ပို့ရေး အခြေစိုက်စခန်းတစ်ခုဖြစ်သည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U