လမ်းပန်းဆက်သွယ်ရေးအတွက် လွယ်ကူချောမွေ့စွာ လိုရာခရီးကို သွားနိုင်ရန် ကြံ့ခိုင်သော ကားတစ်စီးရှိရန်လိုအပ်ပါသည်။
ထို့အပြင် စက်ယန္တရားများစွာဖြင့် လည်ပတ်နေသော ကားတစ်စီးတွင် ချို့ယွင်းချက်များ များစွာရှိနေတက်ပါသည်။
ကားပိုင်ရှင်တစ်ဦးနေဖြင့် ကားပျက်ပြီးဆိုလျှင် ကိုယ်တိုင်မပြင်လျှင်တောင်မှ ဝပ်ရှော့ပို့သည့်အခါ အညာမခံရလေအောင် သိထားသင့်သည့် အခြေခံကားဗဟုသုတလေးကို ရေးသားမျှဝေပေးလိုက်ပါသည်။
မီးခိုး အထွက်လွန်နေခြင်း
မီးခိုးအထွက်လွန်နေခြင်းသည် ဆီယိုနေသောကြောင့် ဖြစ်ပါသည်။
ထွက်လာသော မီးခိုးအရောင်ကိုကြည့်၍ အဘယ်ကြောင့်ဖြစ်နေခြင်းကို ခွဲခြားနိုင်ပါသည်။
အကယ်၍ မီးခိုးသည် အမည်ရောင်ဖြစ်နေပါက အင်ဂျင်ဆီယိုနေခြင်းဖြစ်ပါသည်။
သို့မဟုတ် မီးခိုးသည် အဖြူရောင်ဘက်နည်းနည်းလိုက်နေပါက ရေယိုနေခြင်းဖြစ်ပြီး ရေယိုခြင်းဆိုသည်မှာ အင်ဂျင်အအေးခံရန်အတွက် ပေးထားသော ရေလမ်းကြောင်းမှ ပေါက်ထွက်ပြီး ဆလင်ဒါထဲသို့ ရောနှောနေခြင်းဖြစ်ပါသည်။
ထို့အပြင် ထွက်လာသောမီးခိုးသည် အပြာရောင် သို့မဟုတ် အခြားသော ရောင်စုံဆိုလျှင် ချောဆီ (ကားချောဆီ) ယိုနေခြင်းဖြစ်ပါသည်။
ထိုသို့ဖြစ်လာပါက လက်တည့်စမ်းပြီး လျှောက်ပြင်မည့်အစား ကားဝပ်ရှော့သို့ ပို့လိုက်ခြင်းသည် ပိုပြီးအဆင်ပြေနိုင်သော နည်းလမ်းဖြစ်ပါသည်။
ထိုသို့ဖြစ်လာပါက အဆိုးဆုံးဖြစ်သွားနိုင်သော အခြေအနေမှာ အင်ဂျင်ပေါက်ကွဲခြင်းဖြစ်သည့်အပြင် ဆလင်ဒါ၏ လုပ်ဆောင်ချက်က ပုံမှန်မဟုတ်တော့ဘဲ မီးလောင်မည့် အနေအထားထိကို ရောက်စေပါသည်။
ပါဝါမှန်ပူနေခြင်း
ပါဝါမှန်ပူနေခြင်းသည် အတွင်းတွင် ထည့်ထားသော အမဲဆီတစ်မျိုးက အလွန်အပူဒဏ်ခံနေရခြင်းကြောင့် ဖြစ်ပါသည်။
ခလုတ်တစ်ချက်နှိပ်ရုံဖြင့် မှန်က အပေါ်တက်သွားသော စနစ်၏နောက်ကွယ်တွင် အလုပ်လုပ်လိုက်ရသော် function များမှာ စုံလင်လှပါသည်။
အီလက်ထရောနစ်နှင့် ဟိုက်ဒရောလစ်စနစ်ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သောကြောင့် တစ်ခုပျက်ပါက နှစ်ခုလုံးကို အလုပ်မလုပ်စေတာ့ပေ။
ထိုသို့ဖြစ်လာပါက ဆီအစားထိုးပေးရမည်ဖြစ်ပါသည်။
အစားထိုးပေးသောဆီမှာ ထိုကားတွင် သတ်မှတ်ထားသာ ဆီမျိုးကိုသာ အစားထိုးသင့်ပါသည်။
အသုံးပြုရန်ဆီကို သိရှိရန်အတွက် ကိုယ်တိုင်ဖွင့်ကြည့်ခြင်းထက် ဝပ်ရှော့တွင် ဖွင့်ကြည့်ခြင်းက ပို၍ အန္တရာယ်ကင်းစေပါသည်။
မှန်အတင်အချ စနစ်တွင် သုံးသော Grease Oil က အခြားဆီများနှင့်မတူဘဲ မှားယွင်းစွာထည့်ထားပါက ခဏတာကောင်းနိုင်သော်လည်း ရေရှည်တွင် ပျက်ဆီးမှုများရှိပါသည်။
စက်ကောင်းကောင်းမနိုးခြင်း
ယခင်ကဆိုလျှင် သော့တစ်ချက်လှည့်ရုံနှင့် စက်နိုးနိုင်သော်လည်း နောက်ပိုင်းအချိန်တွင် ထိုကဲ့သို့မဟုတ်တော့ဘဲ မြင်းဟီးသကဲသို့ ထမြည်ပြီး ရပ်သွားသည့်အခါရှိသလို ထိုကဲ့သို့မြည်ပြီး စက်နိုးသွားသည့် အခါလည်းရှိပါသည်။
စက်စတင်နိုးသည့်အခါ ထိုသို့ဖြစ်ရခြင်းမှာ ဘက်ထရီကြောင့်ဖြစ်ပါသည်။
ဓာတ်ဆီကားများတွင်ဆိုလျှင် Spark ရိုက်ရန်အတွက် ဘက်ထရီက လုပ်ပေးပြီး ဒီဇယ်ကားများတွင်မူ ကားအင်ဂျင်လည်ရန်အတွက် ဘက်ထရီက စမောင်းပေးရပါသည်။
ကားစတင်စက်နှိုးသည့်အခါမှာ စက်မနိုးခဲ့လျှင် ဘက်ထရီကြိုးလွတ်နေသလားဆိုသည်ကို စက်ဖုံးတွင် အကြမ်းဖျင်းကိုယ်တိုင်ဝင်စစ်နိုင်ပါသည်။
အကယ်၍ ဘက်ထရီကြိုးမလွတ်ခဲ့ပါက ဘက်ထရီမကောင်းသောကြောင့်ဖြစ်ပါသည်။
ထိုသို့ဖြစ်လာပါက ကားဘီးအူတိုင်ကို လည်စေရန်အတွက် နောက်မှ အကူအညီနှင့်တွန်းခိုင်းပြီး စက်နိုးရသည့်အဆင့်အထိကို လုပ်ဆောင်ရပါမည်။
ထို့နောက် ကျွမ်းကျင်သော ဝပ်ရှော့ဆရာနှင့် ထိုပြဿနာကို ဖြေရှင်ရပါမည်။
ကားမောင်းနေစဉ် စက်ရပ်သွားခြင်း
ကားမောင်းနေစဉ်စက်ရပ်သွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ အင်ဂျင်ဆီလမ်းကြောင်းပိတ်ဆို့မှုကြောင့် အင်ဂျင်လည်မှု ရပ်ဆိုင်းသွားခြင်းဖြစ်ပါသည်။ အခြားဖြစ်နိုင်ချေများစွာလည်း ရှိနေတက်ပါသည်။
ထိုသို့ဖြစ်ပေါ်လာပါက ဆီပိုက်ကိုပြန်စစ်ဆေးရမည့်အပြင် ဆီဗုံးတွင် ဆီကျန်မကျန်ကိုလည်း စစ်ပေးရမည်ဖြစ်ပါသည်။
အင်ဂျင်ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီလမ်းကြောင်း စနစ်တစ်ခုလုံး အမှားအယွင်းရှိမရှိကို ကိုယ်တိုင်စစ်ဆေးနိုင်ပါသည်။
ကားပိုင်ရှင်တစ်ယောက်အနေဖြင့် မိမိဝယ်ယူထားသောကား၏ အကြမ်းဖျင်းဖွဲ့စည်းတည်ဆောက်ပုံ၊ အတွင်းခန်း တည်ဆောက်ပုံများကို သေချာလေ့လာထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
အထက်ဖော်ပြပါအချက်များသည် ကားပိုင်ရှင်များအတွက် အကြမ်းဖျင်းသိထားသင့်သော ကားဗဟုသုတအချို့သာဖြစ်ပါသည်။