မော်တော်ယာဉ်တစ်စီးသည်စနစ်ပေါင်းစုံဖြင့်ဖွဲ့စည်းထားသောစက်ယန္တရားဖြစ်၍ ချို့ယွင်းပျက်စီးမှုပြသာနာများ၊ အားနည်းသောပြစ်ချက်များအချိန်မရွေးဖြစ်ပေါ်နိုင်သည်။
ကားမောင်းနေစဉ်ရုတ်တရက်ဖောက်ပြန်သောရောဂါတစ်ခုခုကြောင့် ကားအင်ဂျင်စက်၏လုပ်ဆောင်ချက်၊ စွမ်းဆောင်ချက်များပြောင်းလဲသွားသည်ကို ယာဉ်မောင်းများတွေ့ကြုံဖူးကြမည်။
အင်ဂျင်တစ်လုံး၏စွမ်းဆောင်ချက်များသည်မူမမှန်သောစွမ်းဆောင်ရည်(performance) ဖြစ်ပေါ်လာပါက အဘယ်ကြောင့်ဖြစ်ရသည်ကိုအပြစ်ရှာရသည်မှာခေါင်းစားသောပုစ္ဆာတစ်ပုဒ်ဖြစ်ပါသည်။
အင်ဂျင်တစ်လုံး၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ငန်းလုပ်ဆောင်သောစနစ်များအကြောင်းကိုထဲထဲဝင်ဝင်သိရှိ မထားသောယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းများသည်အင်ဂျင်စက်တစ်ခုခုဖောက်ပြန်လျှင် အပြစ်ရှာမတွေ့ဘဲ အခက်အခဲဖြစ်နေတတ်သည်။
အချို့သောပြသာနာလေးများသည်အသေးအဖွဲ့မဟုတ်သော်လည်းယင်းအပြစ်ကိုကုစားလိုက်လျှင်ပြန်ကောင်းသွားတတ်သည်။
ကားတစ်စီးကိုပုံမှန်ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ထားသော်လည်းသုံးစွဲမှုသက်တမ်းကြာလာပါကချို့ယွင်း အားနည်းချက်များဖြစ်ပေါ်လာတတ်သည်။
အင်ဂျင်စက်တစ်လုံး၏ပုံမှန်မဟုတ်သောအသံများ၊ တုန်ခါမှုများ၊ လည်ပတ်နှုန်းများ၊ အင်ဂျင်ဆွဲအား ရုန်းအားများသည်ယာဉ်မောင်းသူ သတိထားမိလောက်အောင်ထူးခြားစွာ ပြောင်းလဲဖြစ်ပေါ်နေပါက ယင်းအရာများသည်ရှေ့ပြေးလက္ခဏာများဖြစ်သည်။
မူမမှန်သောရှေ့ပြေးလက္ခဏာများကိုစူးစမ်းရှာဖွေဖော်ထုတ်၍ ယင်းပြသနာများ၏မူလအရင်းခံ အကြောင်းတရားများကို သိရှိပါကပြန်လည်ကောင်းမွန်အောင်ပြုပြင်နိုင်ပါလိမ့်မည်။
Complaint(1)
အင်ဂျင်ပါဝါစွမ်းအားသည်ပုံမှန်ကဲ့သို့မဟုတ်ဘဲအင်ဂျင်ဆွဲအားကျနေသည်ဟုထင်ရသည်။
ကားမောင်းနေစဉ်ကားစက်ရှိန်မြှင့်ရန်လီဗာနင်းသော်လည်းအင်ဂျင်ဆွဲအားတက်မလာဘဲယခင်ကကဲ့သို့ ကားကျော်တက်၍မကောင်းခြင်း၊မူမမှန်သောအင်ဂျင်အသံများနှင့်တုန်ခါမှုများလည်းဖြစ်ပေါ်သည်ကိုမတွေ့ရ ခြင်းတို့ဖြစ်ပါသည်။
ဖြစ်နိုင်ချေရှိသောအကြောင်းအရင်းများ
Air Cleaner လေစစ်(Air Filter) ပိတ်နေသလား။လေစစ် Filter Element ကိုသန့်ရှင်းပေးပါ။
လုံးဝညစ်ပေနေပါက Air Cleaner အသစ်တစ်ခုလဲပါ။
Plug များကိုဖြုတ်စစ်ပြီး Spark plug ထိပ်ဖျားများအလွန်ညစ်ပတ်နေပါကဆေးကြောသန့်ရှင်းပြီး ပွိုင့် Gap အကွာအဝေးကိုပြန်ချိန်ရမည်ဖြစ်ပြီး သုံးမရအောင်ပလပ်မီးစားနေပါကအသစ်တစ်လုံးလဲပေးရမည်။
မီးပေးစနစ်အားနည်းနေလားစစ်ဆေးပြီၤး ဒစ်စတြီဗျုတာပွိုင့်စားနေပါက ရှေးဟောင်းကားဖြစ်ပါက Brake Point ကွန်ဒင်ဆာ၊ Rotor,Cap ဖုံးများကိုစစ်ဆေးပါ။
ဒစ်စတြီဗျူတာပွိုင့်စားနေပါကကွိုင်မှမီးထွက်မမှန်နိုင်ပါ။
Ignition Coil မှ မီးထွက်အားကိုလည်းစမ်းသပ်စစ်ဆေးပါ။
Plug ကြိုးများကောင်းရမည်။
Plug ကြိုးများ ပေါက်ပြဲကွဲအက်နေပါကပလပ်သို့ မီးမရောက်နိုင်ပါ။
ဓာတ်ဆီစစ် (Fuel Filter) ပိတ်နေပါက ဆီလိုက်မမှန်နိုင်ပါ။
ဆီစစ်ဗူးညစ်ပေပိတ်ဆို့နေပါကအသစ်လဲပေးပါ။
အင်ဂျင် Compression ကျနေပါသလား။
Compression Test ကို ဝပ်ရှော့ပ်တစ်ခုတွင်လုပ်ကြည့်ပါ။
Exhaust စနစ်နှင့် Catalytic Converter တွင်ကာဗွန်ချိုးများပိတ်နေပါသလား။
Catalytic Coverter မပိတ်နေလျှင်အင်ဂျင် Back Pressure ဖြစ်ပြီးအင်ဂျင်လုပ်ဆောင်ချက်ကို ထိခိုက်စေသည်။
Complaint(2)
အင်ဂျင် Idle Speed တွင်တည်ငြိမ်ချောမွေ့စွာလည်ပတ်နိုင်ခြင်းမရှိဘဲစက်သေသွားတတ်ခြင်း၊
အင်ဂျင်အေးနေသောအခြေအနေတွင်လီဗာနင်း၍ စက်နှိုးလိုက်ပါကအင်ဂျင်နှိုး၍ရပြီး လီဗာကို ခြေဖျားလွှတ်လိုက်ပါကအင်ဂျင် Slow (Idle Speed) လည်ပတ်မှုသည်ကြမ်းတမ်းတုန်ခါနေမည်။
တစ်ခါတစ်ရံစက်သေသွားမည်။
အင်ဂျင်ပူသွားသောအခါ၊ အင်ဂျင် Speed တင်လိုက်သောအခါထိုကဲ့သို့ပြဿနာမှာပျောက်သွားပြီး အင်ဂျင်လည်ပတ်မှုကောင်းသွားမည်။
ဖြစ်နိုင်ခြေရှိသောအကြောင်းရင်းများ
ကာပရိုက်တာစနစ်သုံးနေသေးသောကားဖြစ်လျှင်ကာပရိုက်တာမှဆီတွန်းပို့ပေးသော Accelerator Pump မကောင်း၍ဖြစ်နိုင်သည်။
ကာပရိုက်တာပြုပြင်ရေးဆိုင်တွင်ပြသစစ်ဆေးပါ။
အင်ဂျင်လေအဝင် Vacuum Lines တွင် လေယိုစိမ့်နေသောအပေါက်အကွဲအက်ကြောင်းရှိနေခြင်း။
မီးပေးစနစ် (Ignition System) တွင်ပြဿနာများအားနည်းချက်များ ရှိနိုင်သည်။
ပလပ်၊ ပလပ်ကြိုးကွိုင်နှင့် ဒစ်စတြီဗျူတာ Cap ဖုံးများကိုစစ်ဆေးပါ။
အားနည်းနေသောအပိုင်းများကိုအစားထိုးလဲပေးပါ။
မီးတိုင်မင် (lgnition Timing) မှားနိုင်သည်။
ပြန်လည်စစ်ဆေး၍ မီးတိုင်မင် ပြန်ချိန်ပါ။
Computerized Engine Control System ဖြစ်လျှင် Scan Tool ကိုသုံး၍ အပြစ်ရှိနေသောနေရာကို ရှာဖွေရပါမည်။ ပစ္စည်းစုံလင်သော အဆင့်မြင့်ကားဝပ်ရှော့ပ်များ၌သာပြသ၍ ပြုပြင်ပါ။
Exhaust Gas Recirculation (EGR) Valve မကောင်းလျှင်လည်းဖြစ်နိုင်သည်။
EGR Valve မကောင်းလျှင်အသစ်လဲရမည်။
အင်ဂျင် Mechanical ပိုင်းပြဿနာတစ်ခုခုရှိနိုင်သည်။
အင်ဂျင် Compression Pressure Test လုပ်၍ စစ်ဆေးပါ။
Idle Speed ချိန်ထားသော အနေအထား မှားယွင်းနိုင်သည်။
EFI စနစ်သုံး ကားများတွင် ဆီစစ်ဗူးပိတ်ပြီး ဆီဖိအားကျနိုင်သည်။
ဆီဖြန်းပေးသော Injector များညစ်ပတ်နေနိုင်သည်။
Injector များသန့်ရှင်းဆေးကြောပါ။ မကောင်းတော့ပါက Injector အသစ်လဲပါ။
Complaint (3)
အင်ဂျင် Idles Speed မြန်လွန်းနေသည်။
အင်ဂျင်စက်စတင်နှိုးပြီး ပူလာသည်အထိခရီးအတန်သင့်သွားပြီးသော်လည်းအင်ဂျင် Slow လည်ပတ်မှု (Idles Speed) မှာ ပုံမှန်အတိုင်းပြန်မကျဘဲမြန်လွန်းနေခြင်း။
ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ
အင်ဂျင်အပူချိန် မြင့်တက်နေခြင်း (Overheating)၊ အင်ဂျင်အအေးခံစနစ်ကို စစ်ဆေးပါ။
ဆီလိုင်းတွင် ဆီ Pressure ကျနေခြင်း၊ Fuel Pressure Regulator ကို စစ်ဆေးပါ။
မီးတိုင်မင် မှားယွင်းနေခြင်း Ignition Timing ကို ပြန်ချိန်ပါ။
မီးပေးစနစ် (Ignition System) တွင် အားနည်းချက်များရှိခြင်း
ကွန်ပျူတာ ထိန်းကျောင်းစနစ်သုံး ကားများတွင် Control System မှားနေခြင်း။
အင်ဂျင် Vaccum Leak ဖြစ်နေခြင်း
Idle Speed Control Unit မကောင်းခြင်း