တစ်ပတ်အတွင်း ရန်ကုန်ကားဈေးကွက်အခြေအနေ သုံးသပ်ချက်နှင့် ကားဈေးနှုန်းများ


၂၀၁၈ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ ထုတ်ပေးရန် နီးကပ်လာသည်နှင့်အမျှ ကားစျေးကွက်အခြေအနေမှာလည်း တစ်ဖြည်းဖြည်းပို၍လှုပ်ခတ်လာသည်။

လာမည့်နှစ်တွင် ဘယ်မောင်းကားများကိုသာ ဦးစားပေးတင်သွင်းခွင့်ပြုမည့်အခြေအနေအရ ညာမောင်းကားများ၏စျေးမှာ မြင့်တတ်ရန်သေချာနေရာ ဝယ်/ရောင်းများနှင့် ဝယ်စီးရောင်းများသာမက အပြင်ဝယ်လက်များကပါ ကားကောင်းလျှင်စျေးမကြည့်တော့ဘဲ

ဝယ်ယူလာကြသဖြင့် စျေးကွက်လှုပ်ရှားမှုမှာ အားကောင်းနေကြောင်းသိရသည်။

ရောက်ပြီးသားကားများ အရောင်းအဝယ်ဖြစ်နေသလို ညာမောင်းကားတင်သွင်းမှုမှာလည်း များလာသဖြင့် စလစ်စျေးမှာ ကျပ်သိန်း၁၂၀ဝန်းကျင်အထိ မြင့်တတ်သွားခဲ့သည်။

ယခုရက်ပိုင်းမှာ အရောင်းအဝယ်ဖြစ်ပြီး  စျေးများလည်းတတ်ရိပ်ပြနေပါသည်။

စလစ်စျေးသည်လည်း တပတ်အတွင်းမှာ ခုနှစ်သိန်းခန့်အထိမြင့်တက်သွားပါသည်။

၁၃၀၀စီစီ ညာမောင်းကားများကို ရန်ကုန်လိုင်စင်ဖြင့်တင်သွင်းလာသည့်အတွက် တိုက်ကြေစနစ်ဆိုလျှင်လည်း ၁၉၀သိန်းဝန်းကျင် စျေးမြင့်တတ်သွားပါသည်။

ကားအရောင်းစင်တာများတွင်လည်း နယ်လိုင်စင်နဲ့တင်သွင်းထားသောကားတွေမှာ ပစ္စည်းပြတ်သွားသည်အထိ ဖြစ်ခဲ့ပြီး ယခုအချိန်မှုာ စလစ်ကပ်ပြီး တင်သွင်းလာသည့်အတွက် ဝယ်လိုအားများပြီး စလစ်စျေးမြင့်တတ်သွားခြင်းဖြစ်ပါသည်။

လာမည့်နှစ်၏မော်တော်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်မှာ ညာမောင်းများကို လုံးဝတင်သွင်းခွင့်မပြုလျှင် ယခုနှစ်မကုန်ခင်တွင် စလစ်စျေးသည် ယခင်ကလို သိန်း၁၄၀ဝန်းကျင်လောက်အထိ မြင့်တတ်သွားနိုင်ချေရှိကြောင်း Bagan Automotive

ကားအရောင်းစင်တာ မန်နေဂျင်းဒါရိုက်တာမှ ပြောကြားကြောင်း သိရပါသည်။

ကားစျေးများ မြင့်တတ်သည်ဆိုရာတွင် Toyota Land Cruiser၊ Mark II( ရွှေငါး)၊ Honda Fit GK 3၊ Honda Insight စသည့်ကားများမှာ စျေးတတ်ကြမ်းကြမ်းဖြင့် မြင့်တတ်သွားသော်လည်း Toyota Ractis၊ Toyota Belta၊  Toyota Vitz၊ Toyota bBတို့မှာ

ပုံမှန်စျေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ယခင်နှစ်များက ဝယ်ယူမှုနှင့် ဝယ်လိုအားများခဲ့သော Toyota Vanguardမှာလည်း တတ်ရိပ်ပြသည့် ကားများတွင်မပါဘဲ ပုံမှန်စျေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေသည်။

လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များကို အောက်တိုဘာ ၁ရက်နေ့တွင် ထုတ်ပြန်မည်ဟု သိရှိရပြီး ယင်းရက်မှစပြီး  နှစ်ကုန်အထိ သွင်းကုန်ပါမစ်လျှောက်ရာတွင်လည်း ၂၀၁၈ခုနှစ် မိုဒယ်သတ်မှတ်ချက်အတိုင်းသာ

ခွင့်ပြုပေးမည်ဟု သတင်များထွက်ပေါ်နေရာစျေးကွက်အပြောင်းအလဲသည်လည်း ကြီးမားသွားမည်ဖြစ်ကြောင်းသိရသည်။

နှစ်မကုန်မီ ကားစျေးကွက်အခြေအနေသည် လာမည့်နှစ်အတွက် မိုဒယ်သတ်မှတ်ချက်နှင့် ပါမစ်လျှောက်ခွင့်ပြုမည့် နောက်ဆုံးရက်အပေါ်တို့တွင် မူတည်နေရာ အောက်တိုဘာ ၁ရက်မှစ၍ တင်သွင်းခွင့်ပါမစ်များကို ၂၀၁၈ခုနှစ်မူအတိုင်း ဆောင်ရွက််ရမည်ဆိုပါက

ညာမောင်းကားများ၏ စျေးမှာ အတတ်ကြမ်းကြမ်းဖြင့် မြင့်တတ်သွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြောင်းသိရသည်။

ကားစျေးနှုန်းများ

စဉ်  ကားအမျိုးအစား နံပါတ်  မိုဒယ် ကျပ် သိန်းပေါင်း
၁ Honda Fit ယာယီ 2012 195
၂ Toyota Belta ယာယီ 2011 200
၃ Toyota Wish YGN 2011 340
၄ Honda Insight MDY 2012 210
၅ Toyota Crown YGN 2004 340
၆ Toyota Axio ယာယီ 2014 270
၇ Mitsubishi RVR MDY 2010 380
၈    Diahatsu Hijet BGO 2009 95
၉ Toyota Probox BGO 2012 175
၁၀ Toyota Alphard YGN 2003 345

 

Read 10405 times