ကျဲ့ကျန်းပြည်နယ်တွင် မော်တော်ကားတင်သင်္ဘောဆိပ်ကို စတင်အသုံးပြု


တရုတ်နိုင်ငံ အရှေ့ပိုင်းကျဲ့ကျန်းပြည်နယ် ကျိုးရှန်မြို့၌ ပထမဆုံးအကြိမ် စီးပွားဖြစ် မော်တော်ကားတင်သင်္ဘောဆိပ်ကို မကြာသေးမီက စတင်အသုံးပြုခဲ့ကြောင်းသိရသည်။

အဆိုပါ မော်တော်ကားတင်သင်္ဘောဆိပ်သည် Dinghai စက်မှုဇုန်အတွင်းတည်ရှိပြီး အကျယ်အဝန်း ၁၃.၆၃ ဟက်တာရှိသည်။

သင်္ဘောဆိပ်အတွင်း တန် ၂၀,၀၀၀ အလေးချိန်ရှိ မော်တော်ကားတင်သင်္ဘော နှစ်စင်း (သို့မဟုတ်) တန် ၅,၀၀၀ သင်္ဘောနှင့်

တန် ၅၀,၀၀၀ အလေးချိန်ရှိ သင်္ဘောတစ်စင်းတို့တစ်ပြိုင်နက် ဆိုက်ကပ်နိုင်သည်။ အဆိုပါ သင်္ဘောဆိပ်မှ နှစ်စဉ်

မော်တော်ယာဉ်အစင်း ၆သိန်းနှင့် မော်တော်ယာဉ်ပစ္စည်းတန်ချိန်ပေါင်း ၁၉၀,၀၀၀ ကို တင်ပို့နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

 

Xinhua

Read 286 times