မိုးရာသီတွင်ဖြစ်ပွားတတ်သည့်ကားပလတ်များအကြောင်း


ပလတ်သည်ကားတစ်စီး၏အရေးကြီးသည့်အစိတ်အပိုင်းဖြစ်သောကြောင့်လဲလှယ်ပေးသင့်သည့်အချိန်တွင်သင့်တော်သလိုလဲလှယ်ပေးရမည်ဖြစ်ပါသည်။

ပလတ်တစ်ခုလဲလှယ်ရန်လိုအပ်သည့်အချိန်ဆိုသည်မှာအသုံးပြုသည့်လောင်စာဆီသန့်စင်မှုပေါ်တွင်မူတည်နေပြီးလောင်စာဆီမသန့်ပါကမကြာခဏဆီချေးကပ်ပြီးပလတ်ပျက်စီးစေပါသည်။

ပြည်ပနိုင်ငံများကအသုံးပြုသည့်လောင်စာဆီများမှာသန့်စင်ထားသည့်နှုန်းများသည့်အတွက်ပလတ်များတစ်နှစ်တစ်ခါသာလဲလှယ်ပေးရသော်လည်းပြည်တွင်းတွင်လောင်စာဆီမသန့်ရှင်းသောကြောင့် အနည်းဆုံးခြောက်လတစ်ခါလဲလှယ်ပေးနေရပါသည်။

ကားပလတ်များမှာကားအစိတ်အပိုင်းများထဲတွင်ဈေးသက်သာသည့်ကားအစိတ်အပိုင်းဖြစ်ပြီး မိမိကိုယ်တိုင်လဲဖြုတ်တပ်လုပ်ပြီးလဲလှယ်ပေးနိုင်ပါသည်။

ပလတ်များမှာကားအမျိုးအစား၊ အင်ဂျင်အမျိုးအစားအလိုက်ကွဲပြားပြီး မိမိကိုယ်တိုင်ဖြုတ်တပ်လဲလှယ် မည်ဆိုပါကပလတ်စပန်နာကဲ့သို့ Tools များရှိနေရန်လိုအပ်ပါသည်။

လဲလှယ်တပ်ဆင်မည့်ပလတ်များကိုအင်ဂျင်နှင့်ကိုက်ညီပြီး ကားထုတ်လုပ်သူကလမ်းညွှန်ထားသည့် ပလတ်ကိုသာရွေးချယ်အသုံးပြုရန်လိုအပ်ပါသည်။

သို့မှသာအင်ဂျင်၏စွမ်းဆောင်ရည်အပြည့်ကိုအသုံးပြုနိုင်သည့်အပြင်ကားအင်ဂျင်သက်တမ်းကိုကြာရှည် ခံစေမည်ဖြစ်ပါသည်။

ပလတ်ကိုကားအင်ဂျင်အပေါ်ပိုင်းတွင်အများဆုံးတပ်ဆင်ထားတတ်ပြီး အင်ဂျင်အတွင်းလောင်စာပေါက်ကွဲခန်း များထဲတွင်ပုံမှန်အချက်ကျကျနှင့်မီးပေါက်ပေးပါသည်။

ပလတ်မှမီးပွင့်များကြောင့်စလင်ဒါခန်းထဲတွင် Intake မှဝင်လာသည့်ဆီငွေ့များကပေါက်ကွဲပြီး တွန်းကန်အားကိုဖြစ်စေပါသည်။

ယင်းတွန်းကန်အားကြောင့်အင်ဂျင်ကိုလည်ပတ်စေခြင်းဖြစ်ပါသည်။

ပလတ်များကိုကား၏ Igni-tion Coil မှလျှပ်စစ်ကိုရယူပြီး စလင်ဒါခန်းထဲတွင်မီးပွင့်များကိုဖြစ်စေပါသည်။

စလင်ဒါခန်းများထဲတွင်အချိန်ကိုက်ဝင်ရောက်လာသည့်လောင်စာဆီအမှုန်လေးများကိုပလတ်မှထွက်လာသည့်မီးပွားများကထိတွေ့ပြီးပေါက်ကွဲမှုကိုဖြစ်စေပါသည်။

ပေါက်ကွဲမှုမှအင်ဂျင်ပစ်စတင်ကိုတွန်းထုတ်လိုက်ရာမှအဆင့်ဆင့်တွန်းကားများမှတစ်ဆင့်အင်ဂျင်ကို လည်ပတ်စေခြင်းဖြစ်ပါသည်။

ယင်းကဲ့သို့အချိန်ကိုက်လုပ်ဆောင်ချက်များမှာမီးပေါက်ခြင်းတစ်ချက်လျော့ခြင်းဖြစ်စေ၊လောင်စာဆီဝင်ရောက်မှုတစ်ပိတ်သွားတာမျိုးကြောင့်အင်ဂျင်လှည့်ပတ်မှုတိုင်မင်ကိုအနှောင့်အယှက်ဖြစ်စေပါသည်။

အင်ဂျင်လှည့်ပတ်မှုတိုင်မင်ပျက်ခြင်းဆက်တိုက်ဖြစ်လာပါကရုတ်တရက်အင်ဂျင်ရပ်တန့်ခြင်း၊ ပုံမှန်မဟုတ်သည့်အင်ဂျင်ပေါက်ကွဲသံများထွက်လာခြင်းစသည့်ပြသနာများကိုဖြစ်စေပါသည်။

ပလတ်ကိုတည်ဆောင်ထုတ်လုပ်ပုံမှာတခြားအစိတ်အပိုင်းများကိုတစ်စစီဖြုတ်ကြည့်လို့ရသည့် အနေအထားမဟုတ်ပဲကြွှေသားလောင်းထားသည့်အတွက်တည်ဆောက်ပုံသိရှိရန်ခက်ခဲပါသည်။

Electrodes  များ၊ Resistor များ၊ လျှပ်ကူးသတ္တုများ၊  လျှပ်ကာကြွေသားများနှင့် ပေါင်းစပ်ထုတ်လုပ်ထားသည့် လျှပ်စစ်ရှော့ခ်အသေးစားဖန်တီးသည့်ကိရိယာတစ်ခုဖြစ်ပါသည်။

ပလတ်များပျက်စီးတတ်ခြင်းမှာမသန့်သောလောင်စာဆီများပါသည့်ဓာတုပစ္စည်းများကြောင့်မီးလောင်ခန်းထဲ ရောက်နေသည့်ပလတ်အစိတ်အပိုင်းများကဓာတုချေးကပ်သောကြောင့်မီးသေချာမပေါက်ခြင်း၊ သက်တမ်းကြာလာသောအခါလျှပ်ကူးအားလျော့လာခြင်းများကြောင့်ပလတ်များပျက်စီးရပါသည်။

ပလတ်များမကောင်းတော့ပါက Dashboard အချက်ပြမီးလင်းခြင်း၊ အင်ဂျင်စက်နှိုးရခက်ခြင်း၊ အင်ဂျင်လည်ပတ်အားလျော့ခြင်း၊ အင်ဂျင်စွမ်းဆောင်ရည်ကျဆင်းခြင်းစသည့်ပြဿနာများတွေ့ကြုံ လာရမည်ဖြစ်ပါသည်။

ပျက်စီးယိုယွင်းနေသည့်ပလတ်များကိုလက်ပူတိုက်ပြီးဆက်သုံးနေမည်ဆိုပါကအင်ဂျင်ဆီစားနှုနန်းမြင့်လာခြင်း၊ ဆက်စပ်အစိတ်အပိုင်းများဖြစ်သည့်စလင်ဒါနှင့်ပစ်စတင်များထိခိုက်ပျက်စီးခြင်း၊ အင်ဂျင်ရုတ်တရက်စက်ရပ်ခြင်းစသည့်ပြဿနာများကိုဖြစ်ပေါ်စေပါသည်။

ထို့ကြောင့်ကားအင်ဂျင်၏ပလတ်များကိုအချက်ပြမီးလင်းသည်ဖြစ်စေ၊ မလင်းသည်ဖြစ်စေပလတ်များကိုတစ်လ တစ်ခါစစ်ဆေးပေးသင့်ပါသည်။

သန့်ရှင်းသည့်လောင်စာဆီကိုသာသုံးစွဲသင့်ပြီး ပြည်တွင်းလောင်စာဆီအသုံးပြုသည့်အခြေအနေအရ ခြောက်လတစ်ခါ ပလတ်အသစ်များလဲလှယ်အသုံးပြုသင့်ပါသည်။

အရေးကြီးဆုံးအချက်မှာအင်ဂျင်အမျိုးအစားအလိုက်သတ်မှတ်ပေးထားသည့်ကားထုတ်လုပ်သူနှင့်ကျွမ်းကျင်သူများလမ်းညွှန်သည့်ပလတ်အမျိုးအစားများကိုရွေးချယ်အသုံးပြုသင့်ပါသည်။

 

Read 2877 times