မော်တော်ကားများ၏ ဆီစားနှုန်းသက်သာစေရန် ရည်ရွယ်ပြီး အင်ဂျင်အသေးစား တပ်ဆင်ထားသည့် မော်ဒယ်များကို အသုံးပြုမှုများနေသော်လည်း အသုံးပြု မောင်းနှင်မှု နည်းစနစ် မကျသည့်အခါ ဆီအရမ်းစားလာပါသည်။
ဆီအရမ်းစားလာသည့်အခါ မိမိ၏ ကားကို ပြန်လည် စစ်ဆေးရန်လိုသောကြောင့် ဘယ်လိုအချက်များကို စစ်ဆေးရမည်ကို ဖော်ပြပေးလိုက်ပါသည်။
၁။ plug မကောင်းသည့်အတွက် အင်ဂျင်ပေါက်ကွဲချက် မမှန်ဘဲ ဆီစားများစေနိုင်ပါသည်။
ထို့သို့ဖြစ်ရခြင်းမှာ စွမ်းအင်ထွက်ရှိမှု မမှန်သောကြောင့် ဆီပိုမို အသုံးပြု မောင်းနှင် ရစေခြင်းလည်း ဖြစ်ပါသည်။
ထို့အတွက် Plug ကို ကီလို ၁၅၀၀ မောင်းနှင်ပြီးတိုင်း ဖြစ်စေ၊ တလတခါဖြစ်စေ အနည်းဆုံး စစ်ဆေးလဲလှယ်သင့်ပါသည်။
၂။ air con ကဲ့သို့ အသုံးပြုမှုများကြောင့် အင်ဂျင်ကို ပိုမိုလည်ပတ်ရုန်းကန်စေသည့် အတွက် ဆီစားများစေနိုင်ပါသည်။
ခရီးဝေးမောင်းနှင်မှုများတွင် လေအေးပေးစနစ်ကို ပိတ်ပြီး မောင်းနှင်တာ အကောင်းဆုံးဖြစ်ပြီး မြို့တွင်းသုံးများတွင် သိပ်မသိသာလှပါဘူး။
မှန်ကန်သည့် ဂီယာချက် ပြောင်းလဲအသုံးပြုမှု မရှိသည့်အတွက် ဆီစားများစေနိုင်ပါသည်။
Manual တွင် ဂီယာချက်ပြောင်းလဲ အသုံးပြုမှု မှားစရာမရှိသော်လည်း Auto တွင် လူအများစုက D တစ်ခုတည်းကိုပဲ အသုံးပြုမောင်းနှင်လေ့ ရှိခြင်းမျိုးက လိုအပ်သလို ပြောင်းလဲ အသုံးပြု မောင်းနှင်မှု အားနည်းစေခြင်း ဖြစ်ပါသည်။
ထို့ကြောင့် လိုအပ်သည်ထက် အင်ဂျင်က ပိုမို ရုန်းကန်ရခြင်းများ ရှိလာတတ်ပြီး ဆီစားများစေနိုင်ပါသည်။
၄။ အရည်အသွေးပြည့်မရှိတော့သည့် အင်ဂျင်ဝိုင်(သက်တမ်းလွန်) နေသည့်အတွက် ဆီစားများစေနိုင်ပါသည်။
အင်ဂျင်၏ သွေးဟုဆိုနိုင်သော်လည်း အင်ဂျင်ဝိုင်ကို အမြဲစစ်ဆေး လဲလှယ်စီးနင်းရန် သင့်ပါသည်။
Plug စစ်ဆေးချိန်တိုင်း တခါတည်း စစ်ဆေးလဲလှယ်သင့်ပါသည်။
၅။၀န်ပိုတင်ဆောင်မောင်းနှင်သည့်အတွက် ဆီစားများစေနိုင်ပါသည်။
အင်ဂျင်ကို မနိုင်ဝန် ထမ်းစေသောကြောင့် စွမ်းအင်ထုတ်လုပ်ရမှု ပိုများစေပြိး ဆီစားများစေခြင်း ဖြစ်ပါသည်။
၆။ လေပေါင်ချိန် မပြည့်သည့် ဘီးများ၏ မောင်းနှင်မှုကြောင့် ဆီစားများစေနိုင်ပါသည်။
သတ်မှတ်လေပေါင်ချိန် မပြည့်ပါက ကား၏ ပြေးအားကျသွားစေသောကြောင့် အင်ဂျင်ကို ပိုမိုရုန်းကန်ရစေနိုင်ခြင်း ဖြစ်ပါသည်။
ရ။ အင်ဂျင်အရွယ်ကြီးမားသည့် (၃ဒသမ ၀လီတာ သုံးနှင့်အထက်) မော်ဒယ်များအနေဖြင့် ပွိုင့်မိနေသည့် အချိန်မျိုးတွင်မှာပါ အင်ဂျင်နှိုးထားခြင်းက သိသာသည့် ဆီစားများခြင်းကို ဖြစ်စေနိုင်ပါသည်။
သူကတော့ပွိုင့်ကြီးများတွင် အချိန်ကြာ မိနေခြင်းများအတွက် စက်သတ်ထားသည့် ပုံစံမျိုး လုပ်ဆောင်သင့် သည့်အချက်ဖြစ်ပါသည်။