ဆီစားနည်းပါစေရန်မောင်းနှင်နိုင်မည့်ပုံစံများ


(၁)လိုအပ်သည့်အမြန်နှုန်း၊အရှိန်ထက်ပိုမိုမြှင့်တင်မောင်းနှင်ခြင်းသည်သင့်ကား၏ဆီစားနှုန်းကိုပိုမိုများပြားစေ မည့်အချက်ဖြစ်လာပါသည်။
မြန်နှုန်းမြင့်မောင်းနှင်မှုကြောင့်သွားလိုရာခရီးအတွက်သွားလာရမှုအချိန်ပေးရခြင်းသက်သာမှုထက်မတော်တဆမှုလည်းနည်းပါးစေသကဲ့သို့ အင်ဂျင်လည်းအထိနာသက်သာစေပြီးဆီစားနှုနး်ပါချိုသာစေမည်ဖြစ်ပါသည်။
အရှိန်၊အမြန်နှုန်းကိုလိုအပ်သည်ထက်ပိုမမောင်းပါနှင့်။
(၂)လူငယ်အများစုမောင်းနှင်လေ့ရှိသည့်မောင်းနှင်မှုတစ်ခုဖြစ်သည့်အမြန်နှုန်းအတင်အချမောင်းနှင်းခြင်းသည် ဆီစားနှုန်းများစေသည့်အချက်ဖြစ်သောကြောင့်ပုံမှန်နှုန်းထားနှင့်မောင်းနှင်မည်ဆိုပါက ဆီစားချိုသာစေနိုင်ပါသည်။
Sport ကားများပုံစံမျိုးအမြန်နှုန်းကစားပြီးမောင်းနှင်ခြင်းမျိုးရှောင်ကြဉ်ပါ။
(၃)ကြိုတင်လမ်းကြောင်းရွေးချယ်မောင်းနှင်ခြင်းသည်သင်လိုရာခရီးသွားလာနိုင်မှုအတွက်အချိန်ပေးရမှုအပိုင်းတွင်သက်သာပြီးမောင်းနှင်ရမှုအချိန်နည်းလေလေဆီစားနည်းလေလေဖြစ်လာပါသည်။
ယင်းအတွက်သင်သွားမည့်ခရီးစဉ်ကိုကြိုတင်တွေးဆပြီးလမ်းကြောင်းကြိုတင်ရွေးချယ်မောင်းနှင်ပါ။
(၄)မီးပွိုင့်၊လမ်းကွေ့၊ရပ်တန့်မည့်နေရာများအတွက်အမြန်နှုန်းကြိုတင်လျော့ချခြင်းမျိုးလုပ်ဆောင်ပါ။
ရပ်ခါနီးမှထိုးရပ်ခြင်းရှောင်ကြည််ပါ။
ဆိုလိုသည်မှာကိုယ်ရပ်နားမည့်ခရီးနှင့်ညီမျှသည့်အမြန်နှုန်းနှင့်ရွေ့လျားမှုရှိနေသေးပါကလီဗာထပ်မနင်းပဲရှိလက်စအရှိန်နှင့်သာဆက်သွားလိုက်ပါ။
(၅)လေအေးပေးစက်ဖွင့်လှစ်မောင်းနှင်ခြင်းသည်မသုံးဘဲမောင်းနှင်ခြင်းထက်အင်ဂျင်အရွယ်အစားပေါ်မူတည်ပြီးပျမ်းမျှဆီစားနှုန်း ၂၀ ရာခိုင်နှုန်းလောက်ထိအောင်ပိုစေပါသည်။
ထို့ကြောင့်မလိုအပ်ပဲလေအေးပေးစက်မဖွင့်ပါနှင့်။
အင်ဂျင်အပူချိန်လည်းအတက်မြန်စေသောကြောင့်မိမိကား၏အင်ဂျင်သေးငယ်မည်ဆိုပါကခရီးဝေးမောင်းနှင်မှုအတွက်လေအေးပေးစက်ပိတ်ပြီးမောင်းနှင်ပါ။

Read 1948 times