ကားဈေးကွက်ထဲ ဝန်ထမ်းပါမစ် တကယ် လာပါပြီ !!!


- ပြည်သူ့ဝန်ထမ်း၊ နိုင်ငံဝန်ထမ်းများ မော်တော်ယာဉ်ဝယ်ယူခွင့်ပြုခဲ့ပါတယ်။

- ရာထူးအလိုက် ခံစားခွင့်ချင်း မတူညီပါဘူး။
- အမြဲတမ်းအတွင်းဝန် ကနေ ဒုညွှန်မှူးအထိက
ပြည်ပကနေ ဝယ်ယူတင်သွင်းခွင့် သို့မဟုတ် ပြည်တွင်းအရောင်းပြခန်းကနေ ဝယ်ယူခွင့်ရှိ။

လက်‌ထောက်ညွှန်ကြားရေးမှူးနဲ့အောက် အဆင့်များ
ပြည်တွင်းထုတ် SKD သို့မဟုတ် ပြည်တွင်းအရောင်းပြခန်းကနေ ဝယ်ယူရမည်။
============
အရွယ်အစား တန်ဖိုး သတ်မှတ်ချက်များ
============
- အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်
အင်ဂျင် ၃၅၀၀ စီစီနဲ့အောက်၊ ကျပ်သိန်း ၅၀၀
- ဒုတိယညွှန်ကြားရေးမှူးချုပ်
အင်ဂျင် ၂၅၀၀ စီစီနဲ့အောက်၊ ကျပ်သိန်း ၃၀၀
- ညွှန်ကြားရေးမှူး
အင်ဂျင် ၂၀၀၀ စီစီနဲ့အောက်၊ ကျပ်သိန်း ၃၀၀
- ဒုတိယညွှန်ကြားရေးမှူး
အင်ဂျင် ၁၈၀၀ စီစီနဲ့အောက်၊ ကျပ်သိန်း ၃၀၀
- လက်ထောက်ညွှန်ကြားရေးမှူးနဲ့ အောက်အဆင့်
SKD ကား အင်ဂျင် ၁၈၀၀ စီစီနဲ့အောက် (သို့မဟုတ်) အရောင်းပြခန်းကား အင်ဂျင် ၁၃၅၀ စီစီနဲ့အောက်၊ သိန်း ကျပ်၃၀၀
==============
လာမယ့် ဒီဇင်ဘာ (၁)ရက်နေ့ကနေစပြီး မော်တော်ယာဉ်ဝယ်ယူခွင့်ပါမစ်များ စတင်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

 

Read 1250 times