၁။စက်သုံးဆီမသန့်ပါကတန်ဖိုးကြီးကားဖြစ်စေ၊ တန်ဖိုးနည်းကားဖြစ်စေပလတ်များပျက်စေတတ်ပါသည်။
ခွဲခြားပြောရမည်ဆိုပါကဓာတ်ဆီ၊ဒီဇယ်သုံးသည့်ကားများတွင် Catalytic Converter(ကျောက်ဆန်ခါ) ပျက်စီးမည်ဖြစ်ပါသည်။
ဆီမသန့်သောကြောင့်ကျောက်ဆန်ခါပိတ်ပါကကားမီးလောင်သည်အထိဖြစ်တတ်ပါသည်။
၂။ပလတ်များမကြာခဏလဲရမည်။
၃။(Knocking)မီးသံခေါက်(လီဗာနင်းပါကဂေါက်ဂေါက်နှင့်ထွက်သည့်အသံ)ပြီး ကားအဆွဲအရုန်းကျမည်။
၄။Diesel Pump, Injector Nozzle များမကြာခဏပျက်ပြီးလဲရမည်။
၅။Oxygen Sensor များပျက်မည်။
၆။Gasoline Fuel Pump,High Pressure Pump(GDI Pump)များပျက်မည်။
၇။ဆီတိုင်ကီထဲသံချေးတတ်ပြီး ဆီစစ်များပိတ်တတ်ပါသည်။
ဆီတိုင်ကီများပေါက်ပြီးဆီတိုင်ကီလဲရမည်။ယင်းဆီတိုင်ကီများကိုပြန်သုံးပါကအနည်းဆုံးတစ်လ၊နှစ်လသာသုံးရပါမည်။
၈။EFI Injectorများလည်းမကြာခဏဆေးကြောရလေ့ရှိသည်။
ကားဝပ်လျှော့သို့ဆီမသန့်သောကြောင့်လာပြင်ရသည့်ကား ၆၀ ရာခိုင်နှုန်းရှိပါသည်။
ဆီမသန့်သောကြောင့်ဆီစစ်များ၊ ပလတ်များမကြာခဏလဲလှယ်ပေးရပါသည်။
Genuine Part ပလပ်များမှာတစ်စုံလျှင်ကီလိုမီတာတစ်သိန်းမောင်းနှင်နိုင်ကြောင်းသိရသည်။
ယင်းပလပ်မှာသက်တမ်းနှင့်မဟုတ်ပဲမောင်းနှင်နိုင်သည့်အားနှင့်တွက်ခြင်းဖြစ်သည်။
ယခုဆီများသည် ၉၂အောက်တိန်းဆိုသော်လည်း ၉၂ အပြည့်ရှိသည့်ဆီမှာမရှိသလောက်ရှားပါသည်။
ဆီအရည်အသွေးညံ့ဖျင်းလွန်းသည့်ဆီများသုံးပါကပလပ်များမှာတစ်လ၊ တစ်လခွဲလောက်ဆိုပါကကားအဆွဲ ရုန်းကျပြီးမီးသံခေါက်ပါသည်။
Source:thevoicemyanmar