တစ်ခါမဟုတ်တစ်ခါတော့ ကုန်းမြင့်တစ်နေရာရာမှာ ကားရပ်ဖို့အခြေအနေကြုံလာရင် အန္တရာယ်ကင်းကင်းနဲ့ စနစ်တကျ ကားရပ်နိုင်ဖို့ လုပ်သင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဘေးမှာ အခြားကားတွေလည်း ရှိလို့ အပြိုင်ပုံစံကားရပ်ထားရမယ်ဆိုရင် ကုန်းမြင့်ပေါ်ကနေ ဘီးလိမ့်သွားနိုင်ခြေများတယ်ဆိုတာ သိထားပြီး ဟန်းဘရိတ်သေချာ ဆွဲပြီး ရပ်ဖို့လိုပါတယ်။ နောက်ပြီး ဂီယာကိုလည်း Manual ဂီယာ ဘောက်စ်ဆိုရင် ဂီယာနံပါတ် (၁) ကို ထိုးထားဖို့လိုသလို အော်တို ဂီယာဆိုရင်လည်း P ကို ထိုးထားဖို့လိုပါတယ်။ Neutral ဒါမှမဟုတ် D ဂီယာမှာရှိနေရင် လိမ့်ထွက်သွားနိုင်လို့ပါ။
ကားရပ်ပြီး စက်မသတ်ခင်မှာ ကားတာယာတွေကို အတည့်ပုံစံ ပြန်လှည့်ထားဖို့လိုပါတယ်။ အဲဒီလိုမှမဟုတ်ရင် ကားပြန်ထွက်တုန်း သတိလက်လွတ်ဖြစ်သွားရင် ဘီးရဲ့ အနေအထား အတိုင်း လိမ့်ထွက်သွားနိုင်လို့ပါ။ ကားက ကုန်းဆင်းအနေအထားမှာ ရပ်တယ်ဆိုရင် စတီယာရင်နဲ့ ရှေ့ဘီးတွေကို တစ်တန်းတည်းအနေအထားဖြစ်အောင် ထားဖို့လိုပါတယ်။ ကုန်းတက်အနေအထားဆိုရင်တော့ ကားရှေ့ဘီးတွေကို ရုတ်တရက်နောက် မလိမ့်နိုင်အောင် ခပ်စောင်းစောင်းပုံစံနဲ့ ရပ်ထားဖို့လိုပါတယ်။
ကုန်းမြင့်တွေပေါ်က ကားပြန်ထွက်တဲ့အခါမှာလည်း နောက်က လာတဲ့ကားတွေကို ရုတ်တရက် မမြင်နိုင်တဲ့အတွက် နောက်ကြည့်မှန်၊ ဘေးမှန်တွေကို အသေအချာ ကြည့်ဖို့လိုသလို သတိအကြီးကြီးထားပြီး မောင်းထွက်ဖို့လိုပါတယ်။ကုန်းပေါ်ကနေ ပြန်မောင်းထွက်တော့မယ်ဆိုရင်လည်း ကားရုတ်တရက်လိမ့်ထွက်မသွားအောင် ဟန်းဘရိတ်မဖြုတ်ခင်ဘရိတ်ကြီးနင်းထားဖို့ မမေ့သင့်ပါဘူး။