ရေကြီးရေလျှံခြင်းကြောင့် ကားထုတ်လုပ်မှု မထိခိုက်ဟု ထိုင်းစက်မှု အသင်းချုပ် ပြောကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၂၀၂၂ အောက်တိုဘာလအတွင်း ဘန်ကောက်မြို့ အပါအဝင် ရေကြီးမှုကြောင့် ပြည်တွင်းကားရောင်းချမှု ထိခိုက်ခဲ့သည်။ ကားအမျိုးအစား အုပ်စု အများစုတွင် ရောင်းချစီးရေ လျော့ကျခဲ့သည်။

.
သို့သော် ထိုင်းနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုအပေါ် ထိခိုက်ခဲ့ခြင်း မရှိကြောင်း၊ ၂၀၂၂ ထုတ်လုပ်မှု လျာထားချက် ပြည့်မီမှာဖြစ်ကြောင်း ထိုင်းစက်မှု အသင်းချုပ် Federation of Thai Industries (FTI) က ပြောကြားသည်။
.
အောက်တိုဘာလအတွင်း မော်တော်ယာဉ် စီးရေ ၆၄,၆၁၈ စီး ရောင်းချခဲ့သည်ဟု FTI ၏ မော်တော်ယာဉ်ဆိုင်ရာ စက်မူကလပ်အသင်း Automotive Industry Club ၏ ဒုဥက္ကဋ္ဌနှင့် ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong ကပြောကြားသည်။
အောက်တိုဘာလအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ကားအမျိုးအစားအုပ်စု အများစု ရောင်းအား ကျဆင်းခဲ့ကြောင်း၊ သို့သော် အိမ်စီးပစ်ကပ်ကားအမျိုးအစားမှာ ရောင်းအား ပိုကောင်းခဲ့ကြောင်း ၎င်းက ပြောကြားသည်။
"အဲဒီကားတွေက လမ်းပေါ်ရေလျှံနေတာကို ဖြတ်မောင်းလို့ ရတယ်" ဟု သူက ပြောကြားသည်။

"အခြား" အမျိုးအစားအုပ်စုသည်လည်း ရောင်းအားတက်ခဲ့သည်။ ထိုအုပ်စုတွင် ပါတ၍်သည့် လုပ်ငန်းသုံးဗင်များ ရောင်းအားကောင်းခဲံသောကြောင့် ဖြစ်ကြောင်း Mr Surapong က ပြောကြားသည်။
.
၂၀၂၂ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာအတွင်း ပြည်တွင်း ကားရောင်းအားသည် စီးရေ ၆၉၈,၃၀၅ ရှိခဲ့သည်။ ပြည်ပသို့ စီးရေ ၈၀၀,၆၇၂ တင်ပို့ခဲ့သည်။
ပြည်တွင်း ကားထုတ်လုပ်မှုကို ယခုနှစ်တွင် စီးရေ ၁.၈ သန်းဟု လျာထားခဲ့ပြီး ကမ္ဘာ့ချစ်ပ် ပြတ်လပ်မှုကြောင့် လျာထားချက်ကို စီးရေ ၁.၇၅ သန်းဟု လျှော့ချသတ်မှတ်ခဲ့သည်။ သို့ဖြစ်ရာ ပြည်ပတင်ပို့ရန် လျာထားချက်ကိုလည်း စီးရေ ၁ သန်းဟု ယခင်က လျာထားသည်ကို စီးရေ ၉ သိန်းဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။
ယခုနှစ် ပထမ ၁၀ လအတွင်း ကားစီးရေ ၁.၃၅ သန်း ထုတ်လုပ်နိုင်ခဲ့သည်။
စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် လိုအပ်သည့် ချစ်ပ်များ အရေအတွက် ပိုများများ ရရှိခဲ့သည်။ သိုဖြစ်ရာ ၎င်း၂လအတွင်း ချစ်ပ်ပြတ်လပ်သည့် ပြဿနာ ပြင်းထန်ခြင်း မရှိခဲ့ချေ။ ထို့ပြင် ကျန်သည့် ၂ လ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်လည်း ချစ်ပ်ပြဿနာ ကြီးမားမည် မဟုတ်သဖြင့် လျာထားချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ကြလိမ့်မည်ဟု Mr Surapong က ပြောကြားသည်။
.
လျှပ်စစ်ကား အီးဗီကဏ္ဍတွင် အောက်တိုဘာလမှာ ဆက်လက်ကြီးထွားခဲ့သည်။ အီးဗီများ ကနဦး မှတ်ပုံတင်သည့် စီးရေ ပိုများလာခဲ့သည်။ ပလပ်ထိုးဟိုက်ဘရစ် အီးဗီများ ကနဦး မှတ်ပုံတင်သည့် စီးရေလည်း ပိုများလာသည်ဟု ကုန်လမ်းပို့ဆောင်ရေးဌာနမှ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
Source bangkokpost