ယာဉ်မောင်းများ သတိထားသင့်သည့် ကားအနံ့များ


ကားများသည်ယာဉ်မောင်းကိုယာဉ်မောင်းနေစဉ်အတွင်း ကားဆီမှထူးခြားသည့်အနံ့တခုခုရပါက အကြောင်းရင်းကို အမြန်ဆုံးသိအောင်လုပ်ပြီးပြင်ဆင်ရန်လိုအပ်ပါသည်။

သကြားရည်၊ သကာရည်နံ့

ယင်းအနံ့မှာအအေးပေးရာတွင်သုံးပြုသည့် Coolant စိမ့်ထွက်နေခြင်း သို့မဟုတ် အပူပေးစက်ချို့ယွင်းခြင်းကြောင့်ထို့အနံ့ရခြင်းဖြစ်ပါသည်။

ဥပုပ်နံ့

ယင်းအနံ့မှာကားအင်ဂျင်မှထွက်သည့်မီးခိုးများကိုနှိမ်ပေးသည့် ဓာတ်ငွေ့ပြောင်းကိရိယာ ချို့ယွင်းခြင်းကြောင့်ဖြစ်ပါသည်။ ထိုအနံ့ထွက်လာပါကယင်းကိရိယာကိုလဲလှယ်ရန်လိုသောလည်းပစ္စည်းမှာဈေးကြီးကြောင်းသိရသည်။

ကော်ဇောမီးလောင်နံ့

ယင်းအနံ့မှာဘရိတ်ကြောင့်ရခြင်းဖြစ်ပြီးဘရိတ်ကိုအရင်ဆုံးစမ်းသပ်ပြီး ပြင်ဆင်ရန်လိုအပ်ပါသည်။

ရော်ဘာညှော်နံ့

ယင်းအနံ့မှာကားအင်ဂျင်တွင်တပ်ထားသည့် ကြိုးများ၊ ပိုက်များချောင်ခြင်း၊ ပြတ်ခြင်းများဖြစ်နေသည့်အခါမျိုးတွင်ဖြစ်တတ်သောကြောင့် အချိန်မီစစ်ဆေးပြီး အသစ်လဲလှယ်ရပါမည်။

ဆီညှော်နံ့

ဆီများယိုစိမ့်ပြီးအိတ်ဇောပေါ်ကျသည့်အခါမျိုးတွင် ကားမောင်းနေရင်းဆီညှောနံ့များရလာပြီး မီးခိုးများပါဆက်တိုက်ထွက်လာနိုင်ပါသည်။

စက္ကူမီလောင်နံ့

ယင်းအနံ့သည်အများအားဖြင့်ဂီယာပြောင်းချိန်တွင်ကလပ်မှညှော်နံ့ထွက်လာခြင်းဖြစ်ပါသည်။ ထို့သို့မဖြစ်စေရန်ကလပ်ကိုစနစ်တကျဘယ်လိုသုံးရမလဲသိအောင်လုပ်ရမည်ဖြစ်သည်။

Myanmar Automobile Guide

Read 2162 times