မြန်မာအက္ခရာနံပါတ်ပြား ပျောက်ဆုံးပါက တစ်ပတ်အတွင်း အင်္ဂလိပ်အက္ခရာ ဖောင်းကြွနံပါတ်ပြား ပြန်ထုတ် ပေးမည်ဖြစ်ကြောင်းသိရသည်။
အင်္ဂလိပ်အက္ခရာ ဖောင်းကြွနံပါတ်ပြားတစ်ချပ် ပျောက်ဆုံးပါကယာဉ်စစ်ဆေးခြင်း၊ သတင်းစာထဲတွင် ကြော်ငြာ ထည့်ခြင်းတို့ပြုလုပ်ရမည်ဖြစ်ပြီး ဖောင်းကြွနံပါတ်ပြားတစ်စုံလုံးပျောက်ဆုံးပါက ယာဉ်စစ်ဆေးခြင်း၊ သတင်းစာ ကြော်ငြာထည့်ခြင်းနှင့် ယာဉ်ပိုင်ရှင် မှတ်ပုံတင်မူရင်းနှင့် အတူပြန်လည်လျှောက်ထားရမည်ဖြစ်သည်။
သို့သော်မြန်မာအက္ခရာနံပါတ်ပြားပျောက်ဆုံးပါက ပျောက်ဆုံးကြောင်းကို သက်ဆိုင်ရာခရိုင်ကညနရုံးတွင် ယာဉ်စစ်ဆေးပြီး တစ်ပတ်အတွင်း အင်္ဂလိပ်အက္ခရာဖောင်းကြွနံပါတ် ပြန်လည်ထုတ်ယူနိုင်ကြောင်းသိရသည်။
အင်္ဂလိပ်အက္ခရာ ဖောင်းကြွနံပါတ်ပြားတစ်ချပ်၊ (သို့မဟုတ်) တစ်စုံလုံးပျောက်ပါက ယာဉ်စစ်ဆေးပြီး သတင်းစာ ထဲတွင်ကြေညာရမည်ဖြစ်သည်။
မြန်မာအက္ခရာနံပါတ်ပျော်ကဆုံးပါက သက်ဆိုင်ရာခရိုင်ရုံးတွင်ပျောက်ဆုံးကြောင်း ဝှီးတက်နှင့် တင်ပြပြီး ယာဉ် စစ်ဆေးရမည်ဖြစ်ပါသည်။
မြန်မာအက္ခရာနံပါတ်ပြားများကို အင်္ဂလိပ်အက္ခရာဖောင်းကြွ နံပါတ်ပြားများအဖြစ် အမြန်ဆုံး ပြောင်းစေချင် ကြောင်းသိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီဌာနမှ မြန်မာအက္ခရာနံပါတ်များကို အင်္ဂလိပ်ဖောင်းကြွနံပါတ်ပြားသို့ အမြန်ဆုံးပြောင်းလဲနိုင်ရန်ဆောင်ရွက်လျှက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာအက္ခရာနံပါတ်ပြားမှ အင်္ဂလိပ်အက္ခရာဖောင်းကြွနံပါတ်ပြားသို့ ပြောင်းလဲရန် ၃ ရာခိုင်နှုန်းခန့်သာကျန်ရှိတော့ကြောင်းသိရသည်။