ရုရှားကို အမေရိကန် ပို့ကုန်ပိတ်ပင်မှု  ကားများ ကင်းလွတ်


ရုရှားကို အမေရိကန် ပို့ကုန်ပိတ်ပင်မှု  ကားများ ကင်းလွတ်

ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့အတွက် အမေရိကန်နိုင်ငံက ဒဏ်ခတ် ပိတ်ဆို့အရေးယူတာမှာ ပို့ကုန်များ တားမြစ်ပိတ်ပင်ထားထဲ့အထဲမှာ လူသုံးကုန် လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်းများ ဖြစ်တဲ့ စမတ်ဖုန်းများ၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ စသည်များ အကျုံးမဝင်တဲ့အပြင် မော်တော်ယာဉ်များလည်း မပါဝင်ပေ။

တောင်ကိုရီးယား ကုမ္ပဏီများအနေဖြင့် ရုရှားဈေးကွက်ထဲ တင်ပို့ရောင်းချခွင့် ပိတ်ပင်ခံရမည့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြသဖြင့် တောင်ကိုရီးယား အစိုးရ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီးဌာနက အမေရိကန်အစိုးရ၏ သက်ဆိုင်ရ ဌာန U.S. Department of Commerce's Bureau of Industry and Security (BIS)ကို စုံစမ်းမေးမြန်းခဲ့ရာမှ သိရှိရတဲ့ အဖြေကို အသိပေး ထုတ်ပြန်ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။ 

ရုရှားဈေးကွက်ထဲမှ တောင်ကိုရီးယား ကုမ္ပဏီများ

Samsung Electronics က ရုရှားဈေးကွက်မှာ စမတ်ဖုန်းနှင့် တီဗီတို့မှာ ဈေးကွက်ဝေစု အများဆုံး ရရှိထားပါတယ်။ LG Electronics က ပြိုင်ဘက် ဖြစ်ပါတယ်။ အိမ်သုံး အီလက်ထရွန်းနစ်နှင့် လျှပ်စစ်ပစ္စည်းဈေးကွက်မှာ ပြိုင်ဆိုင်နေကြပါတယ်။
Hyundai Motor နှင့် ၎င်းရဲ့ Kia Corp တို့က ရုရှားမှာ တစ်နှစ်လျှင် မော်တော်ယာဉ် စီးရေ ၂၀၀,၀၀၀ ခန့် ထုတ်လုပ်ပါတယ်။

 

Foreign Direct Product Rule (FDPR)

မူအရ စမတ်ဖုန်းများ၊ မော်တော်ယာဉ်များ၊ အတ်လျှော်စက်များ အစရှိတဲ့ လူသုံးကုန် အီလက်ထရွန်းနစ်နှင့် လျှပ်စစ်ပစ္စည်းများဟာ Foreign Direct Product Rule (FDPR) မှာ အကျုံးဝင်သော်လည်း အများပြည်သူ သုံးစွဲဖို့ တင်ပို့ခြင်းကို ခြွင်းချက် ပြုပေးပြီး ကင်းလွတ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။ စစ်ဘက်ဆက်နွှယ်သော ရည်ရွယ်ချက် တင်ပို့မယ် ဆိုရင်တော့ ခွင့်ပြုမှာ မဟုတ်ကြောင်း ဝန်ကြီးက ပြောကြားပါတယ်။

FDPR စည်းကမ်းအရ အမေရိကန်နည်းပညာသုံးထားတဲ့ မည်းပညာဆက်နွှယ် ပစ္စည်းများ ရုရှားသို့  ကုမ္ပဏီတွေက မတင်ပို့ခင်မှာ အမေရိကန်ထံမှ ပို့ကုန်လိုင်စင်ကို အရင်ရယူဖို့ လိုအပ်ပါတယ်။
ကိုရီးယားမှ တင်ပို့တဲ့ပစ္စည်း အများအပြားမှာ အမေရိကန်နည်းပညာနှင့် ဆော့ဖ်ဝဲကို အသုံးပြုထားတဲ့အတွက် ကိုရီးယားမှ ပို့ကုန်လုပ်ငန်းရှင်များ စိုးရိမ်တကြီး ဖြစ်ကြပါတယ်။

သတ်မှတ်ပြဋ္ဌာန်းထားတဲ့ နည်းပညာ နယ်ပယ်တွေရှိပါတယ်။

  • အီလက်ထရွန်းနစ် (ဆီမီးကွန်ဒတ်တာ)
  • ကွန်ပျူတာ
  • ဆက်သွယ်ရေး/သတင်းအချက်အလက် လုံခြံရေး
  • စင်ဆာများ/လေဆာများ
  • Avionics (aviation နှင့် electronics ပေါင်းစပ်ထားသောဝေါဟာရဖြစ်ပြီး လေယာဉ်တွင် အသုံးပြုသော အီလက်ထရွန်းနစ်စနစ်များ၊ ရေယာဉ်တွင် အသုံးပြုသော ရေကြောင်းသွားလာမှုဆိုင်ရာ အီလက်ထရွန်းနစ်စနစ်များနှင့် အာကာသယာဉ်တွင် အသုံးပြုသော လက်ထရွန်းနစ်စနစ်များ

 

FDPR မှ ကင်းလွတ်
လက်ရှိမှာ အီးယူ ၂၇ နိုင်ငံအပါအဝင် စုစုပေါင်း ၃၂ နိုင်ငံတို့က မိမိအစီအစဉ်ဖြင့် ရုရှားအ‌ေပါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ထုတ်ပြန်ကြေညာထားပါတယ်။  ထိုသို့ မိမိအစီအစဉ်ဖြင့် ကြေညာထားတဲ့ နိုင်ငံများကို FDPR မှ ကင်းလွတ်ခွင့် ပေးပါတယ်။ 

Read 576 times