ကိုယ့်ကားကိုယ်မောင်းနိုင်ပြီဆို ပြီး ဒီအတိုင်းတက်မောင်းတာ ထက် ကားမှာတစ်ခုခုချို့ယွင်းနေ ပြီဆိုတာကို သတိထားတတ်ဖို့က လည်း အရေးကြီးပါတယ်။
စက်သံငြိမ်ငြိမ်လေးရှိနေတဲ့ ကားလေးဆီက အသံဗလံအချို့ ထွက်လာတဲ့အခါ ဘာကြောင့်ဖြစ်ရတယ်ဆို တာ သိနိုင်ဖို့အတွက် ဖော်ပြပေး လိုက်ပါတယ်။
ကားဘီးဆီမှ ကျည်ကျည်ကျာ ကျာအသံမြည်ခြင်း
ကားမောင်းနေတုန်းမှာ ကားဘီးတွေဆီက အသံတချို့ထွက် လာရင် ကားဘီးနဲ့ ဝင်ရိုးကြားမှာ တစ်ခုခုချို့ယွင်းနေတယ်ဆိုတာ အချက်ပြတာပါ။ ကားအမြန်နှုန်း ကြောင့်လည်း ဖြစ်တတ်တာမို့ မပေါ့ဆဘဲ အကြောင်းရင်းကို သေချာသိအောင် လုပ်ရမှာပါ။
ဘရိတ်မှပွတ်သံ၊ ကြိတ်သံလိုလို မြည်ခြင်း
ပုံမှန်အားဖြင့် ဘရိတ်နင်းတဲ့ အခါ အသံမြည်လေ့မရှိပေမယ့် သတ္တုပွတ်သံလိုလိုကြားပြီဆိုရင် ဘရိတ်မှာ ပြဿနာရှိနေပြီမို့ အန္တရာယ်ကင်းဖို့အတွက် အချိန် မဆိုင်းဘဲ ပြုပြင်ဖို့လိုအပ်နေပါ ပြီ။
အင်ဂျင်ခန်းမှ တရှူးရှူးမြည်ခြင်း
ကားမောင်းနေတုန်းပဲဖြစ် ဖြစ်၊ ကားရပ်ထားတုန်းမှာပဲဖြစ် ဖြစ် အင်ဂျင်ခန်းဆီက အသံတွေမြည်လာရင်တော့ အင်ဂျင်အပူ လွန်ကဲလို့ (ဒါမှမဟုတ်) အင်ဂျင်ခန်းအအေးပေးစနစ် တစ်ခုခုချို့ယွင်းနေလို့ ဆိုတာသိလိုက်ပါ။ ကားမောင်းနေတုန်းဖြစ်ရင် ကား ခဏရပ်ပြီး အင်ဂျင်နည်းနည်း အေးအောင်စောင့်ပြီး စက်ဖုံးဖွင့် ကာ စစ်ဆေးဖို့လိုပါတယ်။ တစ်ခု သတိထားရမှာက အင်ဂျင်အရမ်း ပူနေတုန်း စက်ဖုံးဖွင့်ပြီး ရေဘား ဖွင့်တာမျိုးတွေတော့ လုံးဝရှောင်ဖို့လိုပါတယ်။ အင်ဂျင်အေးသွားမှ ရေရှိ၊ မရှိ (ဒါမှမဟုတ်) အတွင်းပိုင်း စက်ပစ္စည်းတွေ ချို့ယွင်းနေ သလားဆိုတာ ကြည့်ရမှာပါ။
အင်ဂျင်မှ ချက်ခနဲ၊ဖြောက်ခနဲ မြည်ခြင်း
ကားအင်ဂျင်တွေကနေ ဆူ ညံသံမျိုးစုံထွက်လေ့ရှိပေမယ့် ချက်ခနဲ၊ ဖြောက်ခနဲလိုအသံမျိုး ကတော့ အင်ဂျင်ဝိုင်နည်းနေတာ ကို အချက်ပြတာပါ။ အင်ဂျင်ဝိုင် ပန့်မှာ အခြေအနေစစ်ပြီး ဘေးမှာ ဆီ ယိုစိမ့်တာရှိ၊ မရှိ တစ်ခါတည်း စစ်ဆေးပါ။
အိတ်ဇောမှ အသံမြည်ခြင်း
အိတ်ဇောဆီက အသံအ ကျယ်ကြီးမြည်ပြီး မီးခိုးတွေအများ ကြီးထွက်လာပြီဆိုရင်တော့ အိတ် ဇောပိုက်မှာ ပြဿနာရှိနေတာ အလွယ်ကူဆုံး သိနိုင်ပါတယ်။ ဘာမှမဖြစ်ပါဘူးလို့ ထင်နိုင်ပေမယ့် အိတ်ဇောကထွက်တဲ့ ကာ ဗွန်မိုနောက်ဆိုက်က တိတ်တဆိတ် လူသတ်သမားမို့ ကိုယ်ကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင် ကိုပါ ဒုက္ခပေးနိုင်တာကြောင့် တတ်နိုင်သလောက် မြန်မြန်ပြင်ဖို့ လိုပါတယ်။