ကားတစ်စီးရွေ့လျားရန်အတွက်အမှန်တကယ်အသုံးပြုရသောလောင်စာဆီပမာဏ


ကမ္ဘာကြီးပူနွေးလာမှုကိုလျှော့ချရန်လျှပ်စစ်ကားများ၊ ဟိုက်ဘရစ်ကားများထွက်လာသော်လည်း ကမ္ဘာပေါ်ရှိကားအများစုသည်ရုပ်ကြွင်းလောင်စာများနှင့်အလုပ်လုပ်နေရဆဲဖြစ်ပါသည်။

ကားတစ်စီးရွေ့လျားမှုအတွက်အမှန်တကယ်အသုံးပြုရသည့်လောင်စာစွမ်းအင်ပမာဏနှင့်ပတ်သက် ပြီးကယ်လီဖိုးနီးယားအခြေစိုက် Consumer Energy Center မှစနစ်တကျသုတေသနပြုစမ်းသပ်ထားသည့် အချက်အလက်များကိုအောက်တွင်ဖော်ပြပေးထားပါသည်။

အင်ဂျင်အတွင်းစွမ်းအင်ဆုံးရှုံးမှု(62.4%)

ဓာတ်ဆီကားများတွင်အသုံးပြုသည့် Internal Combustion Engine (ICE) များမှာလောင်စာဆီစွမ်းအင်၏ 62%ကိုအလဟသဖြစ်စေပါသည်။

ယင်းအင်ဂျင်အမျိုးအစားများသည်လောင်စာဆီ၏ဓာတုစွမ်းအင်ကိုရွေ့လျားမှုအတွက်စက်လည်ပတ်မှုစွမ်းအင်အဖြစ်ပြောင်းလဲရာတွင်အလေအလွင့်အများဆုံးဖြစ်ပြီး အင်ဂျင်အတွင်းပွတ်တိုက်မှု၊ လေအထုတ်အသွင်းနှင့် အပူစွန့်ထုတ်မှုများမှတစ်ဆင့်စွမ်းအင်များလေလွင့်ကုန်ခြင်းဖြစ်ပါသည်။

အတိအကျပြောရမည်ဆိုပါက ICE အင်ဂျင်များသည့်ယင်းတို့ဘာသာလည်ပတ်ရန်အတွက်လောင်စာဆီ၏ စွမ်းအင် 62% ကိုအသုံးပြုပါသည်။

ယင်းစွမ်းအင်ဆုံးရှုံးမှုကိုလျော့ပါးသွားစေရန်ဗားများ၏အဖွင့်အပိတ်နှင့် Timing ကိုအလိုအလျောက်ချိန်ညှိ ပေးနိုင်သည့်စနစ်များ၊ Direct Fuel Injection များနှင့်တာဘိုချာဂျာစနစ်များပေါ်ထွက်လာခဲ့ပြီး ယနေ့ခေတ်ကားတော်တော်များများတွင်ဖော်ပြခဲ့သည့်စနစ်များနှင့်လောင်စာပြုန်းတီးမှုကိုကာကွယ်ပေးထား သည်ကိုတွေ့နိုင်ပါသည်။

ယင်းအပိုင်းတွင်ဒီဇယ်ကားများကဓာတ်ဆီကားများထက် 30 မှ 35 %အထိစွမ်းအင်လေလွင့်မှုကိုနည်းပါးစေပြီး နောက်ပိုင်းတွင်ထွက်ပေါ်လာသည့်နည်းပညာများကြောင့်လောင်စာအသုံးပြုမှုနည်းပါးလာပါသည်။

ထိုကြောင့် လူအများစုကဒီဇယ်ကားတွေကိုပိုပြီးစိတ်ဝင်စားလာကြခြင်းဖြစ်ပါတယ်။
စက်နှိုးပြီးရပ်ထားစဉ် စွမ်းအင်ဆုံးရှုံးမှု (17.2%)
မြို့တွင်းမောင်းနှင်မှုများတွင်ကားပိတ်လို့ပဲဖြစ်ဖြစ်၊ မီးပွိုင့်မိလိုပဲဖြစ်ဖြစ် (စက်နိုးလျက်) ကားခေတ္တရပ်ထားချိန်မှာလည်းစွမ်းအင်လေလွင့်မှု (Idel Loss) များရှိပါသည်။ လေ့လာမှုတွေအရအမေရိကန်နိုင်ငံမှာIdel Losses ကြောင့် နှစ်စဉ် လောင် စာဆီဂါလံပေါင်း 3.9 ဘီလီယံအထိဆုံးရှုံးမှုရှိကြောင်းသိရသည်။

ယင်းဆုံးရှုံးမှုကိုကာကွယ်ရန်ဟိုက်ဘရစ်ကားများတွင် Start-stop System များအသုံးပြုလာကြပါသည်။

ယင်းစနစ်ကကားရွေ့လျားမှုမရှိချိန်မှာကလပ်ကိုနင်း၊ ဂီယာကို Neutral မှာထား ပြီးကလပ်ကို ပြန်လွှတ်တဲ့အချိန်မှာအင်ဂျင်ကိုရပ်တန့်စေပါသည်။

ကားကိုပြန်လည်ရွေ့လျားလိုသည့်အခါဂီယာထိုးခြင်း၊ လီဗာနင်းခြင်းများမလုပ်ခင်ကလပ်ကို ပြန်နင်းပေးလိုက်ရုံပါ။

လျှပ်စစ်စွမ်းအားမသုံးသည့်နောက်ပိုင်းထွက်ပုံမှန်ကားတွေမှာဒီစနစ်ပါရင် စွမ်းအင်ကို 3-10% ကနေ 12% အထိချွေတာပေးနိုင်မည်ဖြစ်ပါသည်။

ကားအတွင်းရှိအခြားအစိတ်အပိုင်းများ (2.2%)
ကားတစ်စီး၏အတွင်းထဲမှာရှိသည့်လေအေးပေးစနစ်၊ ပါဝါစတီရီယာရင်စနစ်ကစ၍ကားအပြင်တွင်ရှိသည့် လေကာမှန်သုတ်တံအထိအင်ဂျင်မှထွက်လာသည့်စွမ်းအင်ကိုအမှီသဟဲပြုပြီးအလုပ်လုပ်ကြပါသည်။

ယင်းအစိတ်အပိုင်းများကြောင့်စွမ်းအင်လေလွင့်မှုကိုပါဝါစတီရီယာရင်ပန့် (Power Steering Pump) လိုအစိတ်အပိုင်းများအသုံးပြုပေးခြင်းဖြင့်ကာကွယ်နိုင်ပါသည်။
Transmission ကြောင့် လေလွင့်ခြင်း (5.6%)
အင်ဂျင်လည်ပတ်အားကိုကားဘီးတွေဆီရောက်အောင်ပို့ပေးရသည့် Transmission စနစ်ကြောင့်လည်းစွမ်းအင်ဆုံးရှုံးမှုရှိပါသည်။

အော်တိုဂီယာစနစ်နဲ့ Continuously Variable Transmission (CVT) စနစ်များကTransmission စနစ်ကြောင့် ဖြစ်ရသည့်စွမ်းအင်ဆုံးရှုံးမှုကိုနည်းပါးစေပါသည်။

ကားဈေးကွက်ထဲတွင်နောက်ပိုင်းဝင်လာသည့်ကားအာလုံးနီးပါးမှာအော်တိုဂီယာများနှင့်ဖြစ်ပြီး CVT စနစ်ကိုတော့ Toyota Prius, Highlander, Camryနှင့် Nissan Altimaကဲ့သို့ကားများတွင်တွေ့ရပါလိမ့်မည်။
လေခွင်းအားကြောင့် လေလွင့်ခြင်း (2.6%)
ကားတစ်စီးကိုလမ်းမပေါ်မှာမောင်းနှင်သွားသည့်အခါလေထုကိုခွဲဖယ်ထုတ်သွားရသည်။

ထို့ကြောင့်ကားအရှိန်မြန်လေလေစွမ်းအင်ပိုကုန်လေလေဖြစ်ပြီးကားအရှိန်နှေးသည့်အခါစွမ်းအင်ကုန်ဆုံးမှု နည်းပါးပါသည်။

ထို့ပြင်ကားရဲ့ပုံပန်းသွင်ပြင်ပေါ်မူတည်ပြီးလေခွင်းအားကြောင့်စွမ်းအင်လေလွင့်မှုကွာခြားနိုင်ပါသေးသည်။

ကိုယ်ထည်ဝန်းဝိုင်းချောမွေ့တဲ့ ကားတွေကလေခွင်းအားပိုကောင်းပြီးစွမ်းအင်လေလွင့်မှု နည်းပါးသည်။

လိမ့်အားကြောင့် စွမ်းအင်ဆုံးရှုံးခြင်း (4.2%)
လိမ့်အားခုခံမှု (Rolling Resistance) ဆိုသည်မှာတာယာများရှေ့ကိုလိမ့်သွားရန် လိုအပ်သည့်အားဖြစ်ပြီးယင်းတာယာများပင့်မထားရသည့်ဝန်နဲ့တိုက်ရိုက်အချိုးကျပါသည်။

Rolling Resistance ကြောင့်လည်းစွမ်းအင်များဆုံးရှုံးနိုင်ပြီးယင်းအချက်ကိုကာကွယ်ရန် တာယာပန်းဒီဇိုင်းသစ်များ၊ တာယာကြိုးအသစ်များစသည့်နည်းပညာသစ်တွေကိုဖန်တီးလာကြပါသည်။

သာမန်ခရီးသည်တင်ကားများတွင် Rolling Resistance ကို 5-7% လောက်လျှော့ချနိုင်ခဲ့ပါကလောင်စာဆီ၏ စွမ်းအင်ပြုန်းတီးမှုကို 1% လောက်အထိနည်းပါးသွားစေပါသည်။
ဘရိတ်စနစ်ကြောင့် စွမ်းအင်ဆုံးရှုံးခြင်း (5.8%)
မော်တော်ကားတစ်စီးရှေ့ကိုလိမ့်ထွက်သွားဖို့ရာမှာအင်ဂျင်အပါအဝင် Transmission စနစ်တစ်ခုလုံးကကားရဲ့အီနားရှားကိုကျော်လွန်အောင်စွမ်းအင်ထုတ်ပေးဖို့လိုအပ်ပါသည်။

ကားတစ်စီးရွေ့လျားသွားရန်ရပ်နေသည့်အီနားရှားထက်ပိုသာသည့်စွမ်းအင်လိုအပ်ပြီးယင်းစွမ်းအင်ကယာဉ်၏အလေးချိန်နှင့်တိုက်ရိုက်ဆက်စပ်မှုရှိပါသည်။

ယာဉ်၏အလေးချိန်ပေါ့လေလေရွေ့လျားသွားလေပိုမြန်လေလေဖြစ်ပါသည်။

မော်တော်ယာဉ်ရွေ့လျားမှုအတွက်အီနားရှားကိုကျော်လွန်အောင်ထုတ်ထားသည့်စွမ်းအင်များကဘရိတ်အုပ် လိုက်သည့်အချိန်မှာပြုန်းတီးသွားပါတော့သည်။
ကားတစ်စီးရွေ့လျားမှုအတွက်တကယ်တမ်းအသုံးချရသောစွမ်းအင်ပမာဏအပေါ်တွင်ဖော်ပြထားသည့် စွမ်းအင်ပြုန်းတီးမှုရာနှုန်းတွေကိုဖယ်ထုတ်လိုက်တဲ့အခါ ကားတစ်စီးရွေ့လျားဖို့ တကယ်အသုံးပြု ရတဲ့ စွမ်းအင်ပမာဏက 15% ဝန်းကျင်သာကျန်တော့တာကိုတွေ့ရပါလိမ့်မည်။

ထို့ကြောင့်စာဖတ်သူကကားတစ်စီးကိုမောင်းနှင်နေသည့်အခါဆီတိုင်ကီထဲတွင်ရှိသည့်လောင်စာဆီပမာဏ၏15% ကိုသာအသုံးပြုသည်ဟုမှတ်ယူနိုင်ပါသည်။

နောက်ပိုင်းမှာရုပ်ကြွင်းလောင်စာများရှားပါးလာမှု၊ သဘာဝဝန်းကျင်ထိခိုက်မှုများကြောင့်လောင်စာစွမ်းအင် ပြုန်းတီးမှုကိုတတ်နိုင်သမျှလျှော့ချပေးနိုင်သည့်မော်တော်ကားနည်းပညာများပေါ်ထွက်လာကြသောကြောင့် ယနေ့ခေတ်ကားများသည်ရှေးယခင်ကကားများလောက်တော့စွမ်းအင်ပြုန်းတီးမှုမရှိတော့ပါဘူး။

Read 1610 times