ဧပြီလမှ စ၍ အရောင်းစင်တာများတွင် မိုဒယ်သတ်မှတ်ချက်များ ပြောင်းလဲပြင်ဆင်ခြင်း ခွင့်ပြုပေးမည် မဟုတ်


လာမည့် ဧပြီလ ၁ ရက်မှ စ၍ မော်တော်ယာဉ် အရောင်းစင်တာများ၏ တင်သွင်းခွင့်လိုင်စင်များတွင် ဈေးနှုန်း ၊ ယာဉ်အမျိုးအစား နှင့် မိုဒယ် သတ်မှန်ချက်များ ပြောင်းလဲခြင်းကို ခွင့်ပြုပေးမည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

မော်တော်ယာဉ် အရောင်းစင်တာများမှ လျှောက်ထားသော မော်တော်ယာဉ် တင်သွင်းခွင့် လိုင်စင်များတွင် စာလုံးပေါင်း မှားယွင်းခြင်း ၊ ဈေးနှုန်းပြောင်းလဲ ပြင်ဆင်ခြင်း ၊ မော်တော်ယာဉ် အမျိုးအစား ပြောင်းလဲပြင်ဆင်ခြင်း နှင့် မိုဒယ် သတ်မှတ်ချက်များ ပြောင်းလဲ ပြင်ဆင်ခြင်းတို့ကို ခွင့်ပြုပေးထားသော်လည်း လာမည် ဧပြီ လ မှ စ၍ ခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း သိရပါတယ်။

မော်တော်ယာဉ် သွင်းကုန်လိုင်စင်မှာ ပါတဲ့ ဈေးနှုန်းတွေ ၊ ယာဉ်အမျိုးအစားတွေ ၊ မိုဒယ်သတ်မှတ်ချက်တွေ ပြင်ဆင်တာကို လာမယ့် ဧပြီလ ၁ ရက်ကစပြီး ခွင့်မပြုတော့ပါဘူး။ အရောင်းစင်တာတွေက မော်တော်ယောဉ်တင်သွင်းခွင့် လျှောက်ထားတဲ့သူတွေအနေနဲ့ ကြောညာချက်မှာပါတဲ့အတိုင်း စာလုံးပေါင်း မှားယွင်းတာကိုပဲ ပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။ လျှောက်ထားခဲ့တဲ့ သွင်းကုန်လိုင်စင် အပ်နှံရမှာ ဖြစ်ပါတယ် ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကားအရောင်းစင်တာများအတွက် တစ်လလျှင် ဖရီးပါမစ်ဖြင့် အစီးငါးဆယ် ၊ ယာဉ်အို/ ဟောင်း စလစ်ကပ်ဖြင့် အစီးတစ်ရာ တင်သွင်းခွင့်ပေးထားပြီး တင်သွင်းခွင့် ပေးထားပြီး တင်သွင်းခွင့် လျှောက်ထားခဲ့သည်ပ သွင်းကုန်လိုင်စင်တွင်ပါဝင်သော ဈေးနှုန်းများ ၊ ယာဉ်အမျိုးအစား နှင့် မိုဒယ် သတ်မှတ်ချက်များအား ပြင်ဆင်မည်ဆိုပါက သွင်းကုန်လိုင်စင်အပ်နှံ၍ ယခုနှစ်၏ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ သတ်မှတ်ချက်အတိုင်း ပါမစ်အသစ်အသစ် လျှောက်ထားရမှာ ဖြစ်ပါတယ်။

အခုကြေညာချက်က အရောင်းစင်တာနွေမတွက် သီးသန့်ဆိုတာ မဖြစ်သင့်ပါဘူး။ နောက်ပြီး ဒီပြင်ဆင်ချက်တွေက ဌာနဆိုင်ရာအတွက် နစ်နာမှုမရှိပေမဲ့ တင်သွင်းသူတွေအတွက် နစ်နာမှုတွေ ရှိပါတ်ယ။ ဌာနဆိုင်ရာအနေနဲ့ လက်ရှိအတိုင်း Charges တစ်ခုကောက်ပြီး ပြင်ဆင်ခွင့်ပေးသင့်ပါတယ်။ မူဝါဒအရ တင်သွင်းဖို့ကားရှားနေတဲ့အချိန်မှာ ပါမစ်လျှောက်ပြီး မှ တစ်ဖက်မှာ ကားရှာဝယ်ဖို့ဆိုတာ အရန်းခက်ခဲပါတယ်။ ပါမစ်မှာပါတဲ့ မိုဒယ်သတ်မှတ်ချက် ၊ ဈေးနှုန်း နဲ့ ကိုက်ညီတဲ့ ယာဉ်အမျိုးအစားတွေ ရှာဝယ်ဖို့ကလည်း တစ်ဖက်က လေလံစတစ်ဖြစ်တဲ့အတွက် တကယ်ခက်ခဲပါတယ်။ တစ်နည်းအားဖြင့်ကြည့်ရင် တင်သွင်းမှုကို ကန့်သတ်ချင်တဲ့ သဘောလို့တောင်ထင်မိပါတယ်။ လို့ RIXS Group မှ ကိုအောင်မျိုးသူက ပြောပါတယ်။

Source: Automobile Journal 

Read 899 times