ကားများ၏ ဘက်မှန်နှင့် နောက်ကြည့်မှန်ကို တပ်ဆင်ရန် လိုအပ်ရခြင်းမှာ လမ်းမများပေါ်တွင် နေ့စဉ် မောင်းနှင်ချိန်တွင် မိမိယာဉ်၏ ဘေးဘက်တွင် မည်သည့်ယာဉ်များ ချင်းကပ် လာသလဲကြည်ရှုရန်ဖြစ်ပါသည်။
ကား၏ ဘေးမှန်နှင့်နောက်မှန် တို့မပါခဲ့လျှင် ကျနော် တို့သည် မျက်ကန်းပမာ ဖြစ်နေပေလိမ့်မည်။ယာဉ်မောင်းနှင်မှု အချိန်တွင် သင်မမြင်နိုင်သော ပတ်လည် ဧရိယာသို့ ရောက်သောအခါ သင့်သည် ကား၏နောက်မှန်ကို အသုံးပြုလုပ်ရပါလိမ့်မည်။တစ်ဆုံတစ်ယောက် ကားနောက်မှန်နှင့် ဘေးမှန်ကို အသုံးပြုခြင်းမရှိခဲ့လျှင် ယာဉ်မတောတဆ ဖြစ်နိုင်ခြေများပါတယ်။ထိုကြောင့် ကျွနု်ပ်တို့ ကားအတွက် နောက်မှန်နှင့်ဘေးမှန် အလွန်အရေးကြီးတဲ့ အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။
ကား၏နောက်မှန်သည် ယာဉ်သွားလာရေးအခြေနေ အဆင်ပြေ၊ မပြေကို ပြောပြနေသော မှန်တစ်ချပ်ဆိုလည်း မမှားနိုင်ပေ။
အရေးကြီးသော အချက်မှာ ကား၏နောက်မှန်နှင့် ဘေးမှန်တို့ကို သန့်ရှင်းမှု ပြုလုပ်ပေးရပါလိမ့်မည်။(မှတ်ချက် - ကားမှန်ကိုဘတ်စုံသုံး အဝတ်စဖြင့် သန့်ရှင်းခြင်း မပြုရ
ကား၏နောက်မှန်နှင့်ဘေးမှန်တို့ သန့်ရှင်းခြင်းမလုပ်ခဲ့သည်ရှိသော် မှန်တွင် အစက်ပေါက်လေများ ဖြစ်နေပါလိမ့်မည်။
ထိုအစက်ပေါက်များဖြင့် ကားနောက်ပိုင်းအခြေအနေကို ကြည့်ရှုရန် အမြင်မရှင်းများ ဖြစ်နေပေလိမ့်မည်။
ကား၏ ဘယ်ညာတွင်ရှိသော ဘေးမှန်ဖြင့် မည်သည့် ကားသည် မိမိကားနားကို ချဉ်ကပ်နေသလဲ ဆိုတာကို ကြည့်ရှုနိုင်ပြီး ၊ မိမိကားဘေးမှန်ဖြင့် ကြည့်ရှု၍ မရသော လမ်းကြောင်းကို ကား၏နောက်မှန်ဖြင့် ကြည့်ရှုခြင်းဖြင့် ကားမတောတဆ ထိခိုက်ခြင်းမှ ကြိုတင်ပြင်ဆင်နိုင်ပါသည်။
1.ညာဘက်ဘေးကြည့်မှန်
ကားမောင်းသူ၏ ညာဘက်ခြမ်းဘေးမှန်ကို မိမိ ကာ၏နောက်ပိုင်းနှင့် ညာဘက် ဘေးကားကို မြင်နိုင်မည်ထင်သည့်အထိ အသင့်တင့် မှန်ကို စောင်းပြီး ထားရပါမည်။
2.ဘယ်ဘက်ဘေးကြည့်မှန်
ဘယ်ဘက်ဘေးကြည့်မှန်ကို ကားဘယ်ဘက် နောက်ပိုင်းနှင့်အနဲ ပို ၍စောင်းရပါမည်။
ခရီးသည်ပါလျှင် ဘေးမှန် ကြည့်ရှုသော မြင်ကွင်းနှင့် လွတ်အောင် ထိုင်ရန်အရေးကြီးပေသည်။
သို့မှသာ အခြားကားမျာကို ကြည့်ရှုနိုင်မည်ဖြစ်သည်။
ထို့ပြင် ကား၏ဘယ်ဘက်ဘေးမှန်တွင် သေးငယ်သော ခုံမှန် လဲ လိုအပ်ပေးသည်။
3.အလည်မှန်
အလည်မှန်သည် မိမိ ၏ ယာဉ်နောက်ကြောင်းရှင်းလင်မှု ရှိမရှိကို ကြည့်ရှုနိုင်သည်။
မည်သည့်ကား မိမိ ကားကိုကျော်နေသည့် ကြည့်ရှုနိုင်ပြီး၊ မည်သည်ကားသည် မိမိကား ထိကပ်တော့မလားဆိုတာ ကိုကြည့်ရှုခြင်းနှင့် မိမိ ကားနောက်တွင် ဘယ်သူ သွားလာဖြတ်သန်းနေလဲ ဆိုတာကို ကြည့်ရှုနိုင်သည်။
4.ယာဉ်ထိပ်ကြည့်မှန်
ယာဉ်ထိပ်ကြည့်မှန်သည် အခုံပုံသဏ္ဍန် ရှိသည်။
ထိုမှန်ခုံသည် ယာဉ်၏ အရှေ့ဘက်တွင်ထပ်ဆင်သော မှန်ဖြစ်သည်။
တခါတစ်ရံ ယာဉ်အရှိန်လွန်သွားခဲ့လျှင် မိမိ ရှေ့ကားနှင့် ထိကပ်ခြင်းရှိ ၊ မရှိ ကို ကြည့်ရှုရန် တပ်ဆင်ခြင်းဖြစ်သည်။
ထိုကဲ့သို မော်တော်ယာဉ်တစ်စီးတွင် လိုအပ်သော မှန်ကို တပ်ဆင်ခြင်းဖြင့် မိမိ ကိုယ်တိုင်ယာဉ်အန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်ပြီးနှင့် မိမိ၏အသိမိတ်ဆွေတို့ကို ယာဉ်အန္တရာယ်မှ ယုံကြည်စိတ်ချ စေနိုင်ပါသည်။
မိမိကားတစ်စီးတွင်လိုအပ်သော မှန် တပ်ဆင်ခြင်းမပြုခဲ့လျှင် မိမိကားနှင့် ဘယ်ကားကွယ်ပြီးရှိနေသည်ကို သင်ဘယ်လိုသိနိုင်ဆိုတာကို သင်ကိုယ်တိုင် သိနိုင်မည်မဟုတ်ပါ။
မိမိကားတစ်စီးတွင်လိုအပ်သော မှန်တပ်ဆင်ဖြင့် မိမိကားအတွက် ယာဉ်ခိုက်မှု အန္တရာယ်ကို စိုးရိမ်းစရာ မရှိနိုင်တော့ပါ။
ယာဉ်မောင်းသည့် အချိန်တိုင်းအချိန်တိုင်းတွင် မိမိ၏ စိတ်ကို တည်ငြိမ်းအောင် ပြုလုပ်ရန်အရေးကြီးပေသည်။