ယခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များအရ တင်သွင်းမှုထက် ထုတ်လုပ်မှုကို ဦးစားပေး ထားသောကြောင့် ကားတင်သွင်းမှုများ လျော့နည်းသွားကာ နံပါတ်ထွက် ပြီးသား ဂျပန်ညာမောင်းကားများနှင့် ပြည်တွင်းထုတ် SKD ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လိုင်စင် ထုတ်မပေးသေး သောကြောင့် CBU ဖြင့် တင်သွင်းသော Brand New ကားများလည်း အရောင်းအဝယ် ဆက်လက်အေးနေသေးသည်။ ယခုနှစ်မူဝါဒအသစ်ဖြင့် ကားများ တင်သွင်းရောင်းချရန် မလွယ်ကူတော့၍ ကားတင်သွင်းသူများက လက်ကျန်ကားများကို ထိန်းရောင်းလာကြသလို နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းကားများကိုလည်း ပြန်လည်ဝယ်ယူကာ အရောင်းအဝယ်ပြု လုပ်လာကြသည်။
ယခုနှစ် မိုဒယ်သတ်မှတ်ချက်အရ လူစီးကားများကို ၂၀၁၆ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများသာ တင်သွင်းခွင့်ပေးထား သဖြင့် ဝယ်/ရောင်းများလည်း ညာမောင်းကားဟောင်းများကိုသာ အရောင်း အဝယ်ပြုနေကြသည်။ ယခုရက်ပိုင်းတွင် နယ်အဝယ်များပြန်ဆင်းလာသော ကြောင့် ကျပ်သိန်းသုံးရာအောက် နံပါတ်ထွက်ပြီးကားများ အရောင်းအဝယ် ဖြစ်သော်လည်း အမြင့်ကားဈေးကွက်မှာ ဆက်ပြီး အေးနေသေးသည်။ အဝယ်များက အရောင်းအဝယ် ပြုလုပ်ရလွယ်ကူသော ကျပ်သိန်း ၁၅၀ နှင့် ၂၅ဝ ကြား ကားများဖြစ်သည့် Toyota Probox ၊ Toyota Belta ၊ Toyota Vitz ၊ Honda Fit ၁၃၀ဝ စီစီ ကားများကိုသာ အဓိကထားဝယ်ယူ ပြီး အပြောင်းအလဲတစ်ခုကို စောင့်ကြည့်နေကြသဖြင့် အမြင့်ကားများမှာ ဝယ်လက်နည်းသဖြင့် ဈေးကွက်အေးစက်လျက်ရှိနေသည်။
“အရင်တစ်ပတ်က အစိုးရရုံးပိတ်ရက်တွေများပြီး ခရီးသွားလာတဲ့သူ များတဲ့အတွက် အရောင်းအဝယ်အေးသွားပါတယ်၊ ဒီရက်ပိုင်းမှာတော့ အဝယ်တွေ ပြန်ဆင်းပေမဲ့ ထင်ထားသလောက်တော့ အရောင်းအဝယ် အကောင်းကြီး မဟုတ်သေးပါဘူး နံပါတ်ထွက်ပြီးသားရောင်းကားတွေ ထွက်လာတဲ့အတွက် SKD ကားတွေနဲ့ ကားဟောင်းဈေးကွက်က မျှနေပါ တယ်၊ ဂျပန်ညာမောင်းကားတွေထဲမှာ ကျပ်သိန်းသုံးရာအထက်ကားတွေ ကတော့ အဝယ်နည်းပြီး ဈေးကွက်အေးနေသေးပါတယ်၊ ရန်ကုန်လိုင်စင်မထွက်သေးတဲ့အတွက်လည်း Consignemnt လက်ကျန် စတိနံပါတ်ကား တွေနဲ့ CBU နဲ့ တင်သွင်းထားတဲ့ Brand New ကားတွေလည်း အရောင်း အဝယ်အေးပါတယ်”ဟု “မင်းမြန်မာချစ်ခန့် ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ကိုမင်းဇော်က ပြောသည်။
ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့်ပေးမည့် YVQC စနစ် အကောင်အထည်ဖော်ရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်က ကြီး/ ကော်အစည်းအဝေးပြုလုပ်ခဲ့သလို ဇန်နဝါရီ ၂ ရက်ကလည်း NECC မှ မော်တော်ယာဉ်နှင့် ဆက်စပ်သော ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ ရှေ့နေချုပ်ရုံး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပါဝင်သော အဖွဲ့အစည်း များက ထိုမူဝါဒအပေါ် သုံးသပ်ခဲ့ပြီး မကြာမီ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း သိရသည်။
ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့်မရ သည့်အတွက်လည်း CBU ဖြင့် တင်သွင်းထားသော Brand New ကား ၊ များမှာ အရောင်းအဝယ်အေးနေပြီး ကားသစ် တင်သွင်းရောင်းချသူများအနေ ဖြင့် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပပြုလုပ်မည့် Yangon International Motor Show မတိုင်မီ ထွက်ပေါ်လာရန် မျှော်လင့်ထားကြသည်။
“YVQC စနစ် ထွက်ပေါ်မလာသေးတဲ့အတွက် CBU နဲ့ တင်သွင်း ထားတဲ့ Brand New ကားတွေ အရောင်းအဝယ်မကောင်းတာ နှစ်ချီနေ ပါပြီ၊ အဲဒီအတွက်လည်း ကားအသစ် တင်သွင်းရောင်းချသူတွေအနေနဲ့ ရန်ကုန်လိုင်စင် အမြန်ဆုံးခွင့်ပြုပေးဖို့နဲ့ လက်ရှိကောက်ခံနေတဲ့ အခွန်နှုန်း ထားတွေ လျှော့ချပေးဖို့အတွက် သက်ဆိုင်ရာ ဌာနအသီးသီးကို တင်ပြ တောင်းဆိုထားပါတယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ရန်ကုန်လိုင်စင်နဲ့ ကားဝယ်ယူခွင့်ပေးဖို့ ထပ်မံ တင်ပြတောင်းဆိုထားပါတယ်၊ ရန်ကုန်လိုင်စင်ထုတ်ပေးဖို့ကိစ္စ ကြန့်ကြာ နေတာက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဗဟိုအစိုးရအဖွဲ့ကြားမှာညှိနှိုင်းစရာ တွေ ရှိနေလို့ဆိုပြီး သိရပါတယ်။
ဒီလထဲမှာ ကျင်းပမယ့် Yangon International Motor Show မတိုင်ခင် ခွင့်ပြုပေးမယ်ဆိုရင်တော့ ပြပွဲမှာကားတွေ ရောင်းရမှာဖြစ်ပါတယ်၊ မူဝါဒအရ တင်သွင်းမှုထက် ထုတ်လုပ်မှုကို ဦးစား ပေးထားတဲ့အတွက် ဒီနှစ်ထဲမှာ SKD နဲ့ Brand အသစ်တွေ ဝင်လာဖို့ရှိ ပါတယ်၊ ထုတ်လုပ်မှုကို ဦးစားပေးတဲ့အခါမှာလည်း International မှာ သွားနေတဲ့ နည်းလမ်းတွေကို နမူနာယူ၊ ဒီနိုင်ငံနဲ့ ကိုက်ညီမယ့် စံနှုန်းထား တွေချမှတ်ပြီး သေချာထုတ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်””ဟု AAM အသင်း ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်းက ပြောသည်။
ဒေါ်လာဈေးများ ပြန်လည်ကျဆင်းသွားခြင်း မရှိသလို ကားဟောင်း စလစ်ဈေးလည်း ကျပ်သိန်း ၁၃၀ အပေါ် ရောက်ရှိနေသဖြင့် စလစ်ကပ် ကားများမှာ အရောင်းအဝယ်ဆက်အေးနေပြီး ရန်ကုန်လိုင်စင်နံပါတ်ထွက် ပြီးသား ၁၃ဝဝ စီစီကားများနှင့် ၆၆၀ စီစီ ပစ်ကပ်ကားများသာ ပုံမှန်အ ရောင်းအဝယ်ဖြစ်နေသည်။
“ဒီရက်ပိုင်းမှာ အရောင်းအဝယ်ပြန်လိုက်လာပါတယ်၊ တကယ်လိုတဲ့ သူတွေ ဆင်းပြီးဝယ်တာတွေ ရှိသလို ဝယ်/ရောင်းအချင်းချင်းလည်း ပြန် ကောက်ကြတာ ရှိပါတယ်၊ ဈေးကွက်အကြိုက်ဖြစ်တဲ့ Toyota Wish ၊ Toyota Probox : Toyota Beltai Honda Fiti Suzuki Carry Daihatsu Hijet တွေ အရောင်းအဝယ်ပြန်ဖြစ်လာတယ် စလစ်ကပ်ကား = တွေကတော့ အဝယ်နည်းပြီး ဈေးကွက်လည်း ငြိမ်နေတုန်းပါပဲဟု”ဟု = ကားဝယ်ရောင်း ကိုသီဟက ဆိုသည်။