ကားဈေးကွက် သုံးသပ်ချက်


ဧပြီလထဲတွင်စတင်ကြုံတွေ့ရမည့်အခွန်အပြောင်းအလဲကြောင့်ကားဈေးကွက်အတွင်းတွင် စလစ်လိုအပ်ချက်နည်းပါးသွားပြီး စလစ်ဈေးကျပ်သိန်း ၁၀၀ အောက်အထိကျဆင်းနိုင်ကြောင်းသိရသည်။ဧပြီလထဲတွင်စတင်ကြုံတွေ့ရမည့်အခွန်အပြောင်းအလဲကြောင့်ကားဈေးကွက်အတွင်းတွင် စလစ်လိုအပ်ချက်နည်းပါးသွားပြီး စလစ်ဈေးကျပ်သိန်း ၁၀၀ အောက်အထိကျဆင်းနိုင်ကြောင်းသိရသည်။

စလစ်ကားများကိုကြိုတင်ဝင်ငွေခွန်ဆောင်ထားသောအထောက်အထားပြနိုင်မှသာ ကညနမှမှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး အထူးကုန်စည်ခွန်များကိုလဲပြောင်းလဲကောက်ခံသောကြောင့် ထိုကားများ ဈေးထဲရောက်လာပါကထပ်တိုးပေးရမည့် အခွန်ပမာဏအတိုင်းဈေးမြင့်တက်သွားမည်ဖြစ်သည်။

စလစ်ကပ်တင်သွင်းသည့်ကားအစီးရေချော့ကျသွားမည်ဖြစ်ပြီး စလစ်လိုအပ်ချက်နည်းသွားမည်ဖြစ်သည်။

ဧပြီ ၁ ရက်မတိုင်ခင်စလစ်ကပ်နံပါတ်ယူမှု အများဆုံးရှိကြောင်းသိရသည်။

သို့မှသာ စလစ်ကားများကို စတင်ကောက်ခံသောကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး မတ်လ ၂၄ ရက်နေ့မတိုင်မီမှတ်ပုံတင်ကြေးပေးသွင်းပြီး မှတ်ပုံတင်သောလုပ်ငန်းများအပြီးဆောင်ရွက်ကြတာများပါသည်။

ထို့ကြောင့်မတ်လ ၂၄ ရက်နောက်ပိုင်းမှစပြီး စလစ်ကပ်မှတ်ပုံတင်ဆောင်ရါက်သောသူလျော့ကျသွားပြီး စလစ်ဝယ်လိုအားနည်းလာခြင်းဖြစ်သည်။

လက်ရှိတွင်အမည်ပေါက်စလစ်ဈေးမှာ ကျပ် ၁၀၂ သိန်းဝန်းကျင်အထိကျဆင်းလာပါသည်။

သက်တမ်းနှစ် ၂၀ စလစ်အပ်ကား၏ ဈေးမှာကျပ် ၉၅ သိန်းဝန်းကျင်ရှိပြီး ယာဉ်အိုဟောင်းဘတ်စ်စ်စလစ်မှာကျပ် ၁၀၁ သိန်းဝန်းကျင်ရှိပါသည်။

စလစ်ကပ်သူနည်းပါးသွားသကဲ့သို့ယာဉ်အိုဟောင်းဘတ်စ်နှင့်ဒိုင်နာများအိမ်စီးကားနှင့်လဲလှယ်အပ်နှံခွင့်ပေး ထားထားသည့်အတွက်လည်းအမည်ပေါက်စလစ်ဈေးမှာကျပ်သိန်း ၁၀၀အောက်အထိကျဆင်းသွားနိုင်ပါသည်။

ဧပြီလအနီးတွင်လည်းစလစ်ကားများအရောင်းသွက်နေပြီးတိုယိုတာဝှစ်ရှ်မှဈေးကွက်ကိုဦးဆောင်နေပြီးအယ်လ်ဖတ်နှင့် ကလူဂါတို့ပါအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

မေလနောက်ဆုံးပတ်ကျောင်းဖွင့်ရာသီမှစပြီးဈေးကွက်ပြန်လည်စတင်နိုင်ပြီးဈေးနှုန်းမြင့်တက်သွားသောကြောင့် အရောင်းအဝယ်အေးသွားမည့် စလစ်ကပ်ကားများနေရာတွင် ယခင်ကားဈေးကွက်ကိုပုံမှန်ဦးဆောင်နိုင်ခဲ့သည့် ပွိုင့်သရီးကားများအစားဝင်လာပြီး ယင်းကားများနှင့် လိုက်ထရပ်ပစ်ကပ်ကားများ အရောင်းပြန်သွက်လာ နိုင်ပါသည်။

          

Read 9324 times