ယာဉ်အန္တရယ်ကင်းဖို့ ကြာရှည်အသုံးဝင်ဖို့ အတွက် ကားကိုကောင်းစွာ ပြုပြင်ထိန်းသိမ်း ရပါမည်။
အချို့ဝပ်ရှော့များက ကားကို ပြုပြင်ထိန်းသိမ်း ပေးရန်ထက် ငွေရရန်ကိုသာ ပိုစိတ်ဝင်စားလေ့ရှိပါသည်။
ထိုအခါ လုပ်ချင်သော ပြုပြင်ထိန်သိမ်းမှုထက် လုပ်သင့်သည့် ပြုပြင်ထိန်းသိမ်းမှုအတွက် ဒါမှမဟုတ် ရရှိသော ပြုပြင်ထိန်းသိမ်းမှု အတွက်သာ ငွေကုန်ကျအောင် အပိုမကုန်စေရန် အောက်ပါ အချက်များကို သိထားသင့်ပါသည်။
၁။ ထုတ်လုပ်သူရဲ့ ညွှန်ကြားချက်ကို သိအောင်လေ့လာထားမှသာ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ရာတွင် အပိုကုန်ကျမှုတွေကို ရှောင်လွှဲနိုင်ပါမည်။
Fuel injector cleaning , engine flushes ကဲ့သို့ အချို့လုပ်ဆောင်မှုများသည် အပိုကုန်သော မလိုအပ်သော လုပ်ဆောင်မှုများဖြစ်သည့်အပြင် ထိခိုက်ပျက်စီး စေတတ်ပါသည်။
၂။ လွယ်ကူသော ပြုပြင်ထိန်းသိမ်းမှုအချို့ကို ကိုယ်တိုင်လုပ်ဆောင်ရပါမည်။
ထိုအခါ မိမိကား၏ အခြေအနေကို အခြေခံ သိနေခြင်းကြောင့် မည်သည့်အချိန်တွင် မည်သို့ဖြစ်နိုင်သည်ကို ခန့်မှန်းနိုင်ပြီး ပြစ်ချက်ရှာဖွေရာတွင် မိမိ၏ ပြောပြချက်သည် စက်ဆရာကို အထောက်အကူပေးပါလိမ့်မည်။
၃။ လုပ်ရမည့် ပြုပြင်ထိန်းသိမ်းမှုကို ပုံမှန် လုပ်ဆောင်ထားရပါမည်။
၄။ မိမိပြုလုပ်ထားသည့် ပြုပြင်ထိန်းသိမ်းမှုများကို ရေးမှတ်ထားသင့်ပါသည်။
၅။ အဘယ်ကြောင့် ဝပ်ရှော့ပြသည်ဆိုသည့်အကြောင်းကို ရွေးခြယ်သပ်မှတ်ပြီး ရပ်နေစဉ်ဖြစ်ခြင်းလား သွားနေစဉ်ဖြစ်ခြင်းလား အရှိန်ဘယ်လောက်မှာ အသံကြားရတာလဲ မည်သည့်အခြေအနေတွင် မီးပေါ်လာလဲ စသည်ဖြင့် သေချာမှတ်သားထားမှသာ
ပြသနာကိုထိရောက်စွာ ဖြေရှင်းနိုင်ပါလိမ့်မည်။
၆။ ဝပ်ရှော့မသွားခင် ဆီနဲ့အရည်တွေကို စစ်ဆေးသင့်ပါသည်။
ဆီနဲ့အရည် အခြေအနေကို သိနေခြင်းအားဖြင့် ဝပ်ရှော့မှပြသော မည်းညစ်နေသည့်ဆီ သို့မဟုတ် အရည်သည် မိမိကားက အမှန်တကယ် ထွက်လာခြင်း ဟုတ်မဟုတ် ချက်ချင်း သိနိုင်ပါမည်။
၇။ အတွေ့အကြုံရှိတဲ့ မိတ်ဆွေ သူငယ်ချင်းများကို မေးမြန်းစုံစမ်းသင့်ပါသည်။
ဝပ်ရှော့ သို့မဟုတ် စက်ဆရာအပေါ် ၎င်းတို့၏သဘောထား ထင်မြင်ယူဆချက်သည် မိမိအတွက် အသုံးဝင်ပါလိမ့်မည်။
၈။ မီးပေါ်နေပါက ကွန်ပျူတာထိုးစစ်ပြီး မည်သည့်ဆင်ဆာမီး အဘယ်ကြောင့်ဖြစ်နိုင်သည်ဆိုတာကို မေးမြန်းစုံစမး်ရပါက မည်သည့်နေရာမှာရှိလဲ မည်သို့အလုပ်လုပ်လဲ သိရှိပြီး ဘယ်လိုပြုပြင်မယ် ဆိုတာကို နားလည်စေပါမည်။
၉။ ဖြုတ်လိုက်တဲ့ပစ္စည်းဟောင်းကို ပြန်ယူသွားမည်ဆိုခြင်းကို အကြောင်းပြချက် တခုခုနဲ့ အသိပေးထားရပါမည်။
၁၀။ ခန့်မှန်းကျသင့်မည့် ကုန်ကျငွေကို ကြိုတင်မေးမြန်း ရေးမှတ်ထားသင့်ပြီး အခြားပြုပြင်မှုများ ပြုလုပ်ရန်လိုအပ်ပါက မလုပ်ဆောင်ခင် အသိပေးရန် ပြောထားသင့်ပါသည်။
၁၁။ လုပ်ဆောင်မှုကို စောင့်ကြည့်မှသာ ဘာလုပ်တယ် ဘာမလုပ်ထားဘူူး သိပါလိမ့်မည်။
၁၂။ ပြစ်ချက်ရှာရာတွင် ခက်ခဲရှုပ်ထွေးခြင်းကြောင့် ပထမ ထင်မြင်ချက်က လွဲမှား သွားခြင်းလည်း ဖြစ်နိုင်ပြီး အမြဲတမ်းလွဲနေသော ကုန်ကျစရိတ် များစေခြင်းမျိုးတော့ မဖြစ်သင့်ပေ။
၁၃။ တခြားနည်းလမ်းအနေဖြင့် တခုခုလွဲနေသည်ဟုထင်ပါက အခြားစက်ပြင်ဆရာကို ပြောင်းပြသင့်ပါသည်။