ကားနံပါတ်တွေ 5Q ထိပဲရောက်သေးတဲ့အချိန်မှာ 9V ဆိုတဲ့ကားနံပါတ်က ဘယ်လိုရလာပါသလဲ


လက်ရှိကားနံပါတ်တွေဟာ 5Q ထိပဲထွက်ပါသေးတယ်။ ဒါပေမဲ့ 9V တွေ 8V ကားနံပါတ်တွေကတော့ လမ်းမပေါ်မှာတွေ့နေရပါပြီ။

Q ကနေ V ဆိုတာအဝေးကြီးလိုပါသေးတယ် Q ပြီးရင် R,S,T,U တွေရှိသေးတယ်လေ။ ခုက V ဆိုတော့ ဘယ်လိုဆိုတာ သိတဲ့သူရှိကြသလို Q ထိပဲရောက်သေးတဲ့အချိန်မှာ V က ဘယ်လိုထွက်လာသလဲဆိုတာ မသိသေးတဲ့ ယာဉ်အသုံးပြုသူတွေအတွက်ပြောပြပါရစေ။ သူများသိသလိုကိုလည်းသိထားရအောင်ပေါ့။

ဟိုတုံးက"ဌ"အက္ခရာနဲ့ထော်လာဂျီယာဉ်တွေ အခုသက်တမ်းတိုးတဲ့အခါ 1.1.2019 ရက်နောက်ပိုင်း သက်တမ်းတိုးယာဉ်မှန်သမျှ အင်္ဂလိပ်အက္ခရာနဲ့နံပါတ်ပြန်လည်ထုတ်ပေးတော့တာမို့ အခုလည်း"ဌ"လို့မြန်မာလိုပြန်မပေးတော့ဘဲ "ဌ"အားလုံးကို အင်္ဂလိပ်လို "V"အက္ခရာနဲ့ထုတ်ပေးပါတယ်။ ဒါကြောင့် ၈ဌ ဆိုရင် 8V လို့ရပြီး ၉ဌ ဆိုရင် 9V လို့နံပါတ်ပြန်လည်ရရှိပါတယ်။ ကဲ ဒါဆို "V" ရလာပုံလေးသိပါပြီနော်။

နောက်ပြီး ပုံပါ ကားနံပါတ် 9 ရဲ့အထက်မှာ QR ကုတ်လေးပါလာတာကိုလည်းတွေ့ရပါတယ်။ ဒါကလည်း 1.1.2019 ရက်နေ့ကစလို့ သက်တမ်းတိုး/လိုင်စင်ဝင်တဲ့ယာဉ်မှန်သမျှရဲ့ နံပါတ်ပြားအားလုံးမှာ ပါလာတော့တဲ့ QR ကုတ်လေးပါ။

Readmore;ကားနံပါတ်ပြားအသစ်တွေမှာပါလာတဲ့ QR ကုတ်လေးတွေကဘာအတွက်လဲ

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 3425 times