ယာဉ်မှန်/မမှန် စစ်ဆေးခြင်းလုပ်ငန်းအား မေလမှစ၍ ယာဉ်သက်တမ်းတိုးကားအစီးရေများပြားလာမည်ဖြစ်ရာ သက်တမ်းတိုးလုပ်ငန်း ဆောင်ရွက်ပြီးမှ ယာဉ်မှန်/မမှန် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ယာဉ်မှန်/မမှန် စစ်ဆေးပေးနေလျှက်ရှိသော online booking ယူ စနစ်တွင် အမှန်တကယ်ယာဉ်စစ်ဆေးခြင်းမရှိဘဲ online booking တင်ရာ၌ ယာဉ်အမျိုးအစား၊ ကားနံပတ်များတင်ထားပြီး ကြိုတင်နေရာဦး ရက်ချိန်းယူထားသူများရှိနေရာ ယာဉ်မှန်/မမှန်စစ်ဆေးသော online booking တင်ခြင်းလုပ်ငန်းအား ယာဉ်အစီးရေ ကန့်သတ်မထားတော့ဘဲ စမ်းသပ်သောသဘောဖြင့် online တင်ခြင်း ခွင့်ပြုလုပ်ဆောင်ပေးနေသော်လည်း လာမည့် မေလမှစ၍ ယာဉ်သက်တမ်းတိုးလုပ်ငန်း လာရောက်လုပ်ဆောင်မည့် ကားအစီးရေများပြားလာမည်ဖြစ်သောကြောင့် ထိုသက်တမ်းတိုးလုပ်ငန်းပြီးစီးမှသာ ယာဉ်မှန်/မမှန်စစ်ဆေးခြင်းလုပ်ငန်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
"ယာဉ်မှန်/မမှန် စစ်ဆေးတာကို မေလကစပြီး သက်တမ်းတိုးကားအစီးရေတွေများလာမှာဖြစ်လို့ သက်တမ်းတိုးတဲ့ကားတွေပြီးမှဘဲ လုပ်ငန်းဆောင်ရွက်ပေးတော့မှာပါ။ ယာဉ်မှန်/မမှန် စစ်ဆးတာကိုonline တင်တာတော့ အရင်လိုပဲကြိုတင်ရက်ချိန်းရယူလို့ရမှာပါ" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တစ်ပတ်ရစ်ညာမောင်းကား အရောင်းအဝယ်များပြုလုပ်ရာတွင် body coach ဖောက်စွပ်၊ ဖြတ်ဆက် ကားများ သိမ်းဆည်းမည်ဆိုသောသတင်းများကြောင့် ယာဉ်ဝယ်ယူမည်ဆိုလျှင် ယာဉ်မှန်/မမှန်စစ်ဆေးပြီးမှ ဝယ်ယူမှုများရှိနေပြီး ယာဉ်မှန်/မမှန် စစ်ဆေးရန် online ရက်ချိန်းရယူရာတွင်လည်းကြိုတင်ရက်ချိန်းယူထားသော ကားများမှာ ကြိုတင်ရက်ချိန်း တိုကင်ယူထားမှုများနှင့် ပြည့်နေ၍ အဆင်မပြေမှုများရှိနေသည်ဟုဆိုကြသည်။