မေလတွင်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး မြို့နယ် ၄၅ မြို့နယ်တွင် ကွင်းဆင်းဆောင်ရွက်ပေးမည်


မေလအတွင်းယာဉ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးပေးခြင်းကို မြို့နယ် ၄၅ မြို့နယ်တွင် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်။

သွားလာရခက်ခဲသော မြို့နယ်များတွင် ယာဉ်နှင့်ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးပေးခြင်းကို လစဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မေလအတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ မေလအတွင်းအောက်ဖော်ပြပါ မြို့နယ်များသို့ နယ်လှည့်၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးမည်ဖြစ်ပါ၍ ကြိုတင်သိရှိဆောင်ရွက် နိုင်ပါရန် အသိပေးနိုးဆော်အပ်ပါသည်။

(၁) နေပြည်တော် လယ်ဝေး
(၂) ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်
(၃) ကရင်ပြည်နယ် နန်းကော်တေးကျေးရွာ
(၄) ချင်းပြည်နယ် ဖလမ်း၊ တီးတိန်
(၅) စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ကျွန်းလှ၊ မြို့သစ်မြို့၊ မင်းသာ
(၆) တနင်္သာရီတိုင်းဒေသကြီးကံပေါက်တိုက်နယ်၊ ကျွန်းစု၊ ဘုတ်ပြင်း
(၇) ပဲခူးတိုင်းဒေသကြီးကျောက်တံခါး၊ ပေါက်ခေါင်း၊ ကျောက်ကြီး၊ ဇီးကုန်း
(၈) မကွေးတိုင်းဒေသကြီး မြို့သစ်၊ မြိုင်၊ ဆိပ်ဖြူ၊ ပွင့်ဖြူ၊ အောင်လံ
(၉) မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း၊ ငါန်းဇွန်၊ တံတာဦး၊ မိုးကုတ်
(၁၀) မွန်ပြည်နယ် ချောင်းဆုံ၊ ကျိုက်ထို
(၁၁) ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော
(၁၂) ရန်ကုန်တိုင်းဒေသကြီးမှော်ဘီ၊ တွံတေး
(၁၃) ရှမ်းပြည်နယ် ရပ်စောက်၊ နမ့်စန်၊ တန့်ယန်း၊ မိုးမိတ်၊ မိုင်းယောင်း
(၁၄) ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ၊ ဓနုဖြူ၊ မြန်အောင်၊ ကြံခင်း၊ ဒေးဒရဲ

စသည့်မြို့နယ်များတွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ယာဉ်နှင့်ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသူများအနေဖြင့် လိုအပ်သည့် အထောက်အထား များ ပြင်ဆင်ထားရန်နှင့် သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် လာရောက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 1402 times