ကားမီးများနှင့်ပတ်သက်၍သိထားသင့်သည့်အချက်များ


အလင်းရောင်ကောင်းကောင်းမရသည့်အချိန်ကားမီးတွေမဖြစ်မနေထွန်းပြီးမောင်းကြရာတွင် တချို့ယာဉ်မောင်း များမှာကားမီးအကြီးတွေထွန်းပြီးမောင်းသည့်အတွက်တစ်ဖက်ယာဉ်ကြောကယာဉ်များအနှောင့်အယှက်ဖြစ်စေ သည့်အပြင်အန္တရာယ်လည်းရှိသည့်အတွက် ဘယ်လိုအချိန်တွင်ဘယ်လိုမီးထွန်းပြီးမောင်းသင့် သည်ဆိုသည်ကိုအောက်တွင်ဖော်ပြပေးလိုက်ပါသည်။

နေ့ခင်းသုံးမီး

နေ့အလင်းရောင်ရှိချိန်တွင်ယာဉ်ကြောကျပ်ခြင်း၊ လမ်းမကောင်းခြင်းများသိစေချင်တာပဲဖြစ်ဖြစ်၊ ကားလာနေတာကိုမြင်သာထင်သာရှိစေချင်တာတို့ဆိုရင်လည်းနေ့ခင်းသုံးမီး (ဒေးလိုက်)ကိုသုံးနိုင်ပါသည်။

ကားမီးအသေး

မှောင်ရီပျိုးချိန် (ဒါမှမဟုတ်) ညအချိန်များတွင်မိုးအရမ်းရွာနေချိန်၊ နှင်းကျနေချိန်၊ မြူကျနေချိန်များမှာ အမြင်အာရုံ၁၅၀ မီတာထက်ပိုမမြင်ရတော့သည့်အတွက်ကားမီးအသေးအသုံးပြုရန်လိုအပ်ပါသည်။

မြို့ထဲတွင်သွားလာတဲ့အခါမျိုးတွေဆိုရင် မီးအသေးသုံးပြီး မောင်းတာမျိုး လုပ်သင့်ပါတယ်။

ကားမီးအကြီး

ကားမီးအကြီးများမှာမီးအလင်းရောင်ကောင်းကောင်းနှင့်အဝေးကြီးအထိမြင်နိုင်သည့်အတွက် ရာသီဥတုအရမ်းဆိုးနေသည်နေ့အချိန်များတွင်ယာဉ်ကြောမရှုပ်သည့်အဝေးပြေးလမ်းများ (သို့မဟုတ်) မြို့ပြင်လမ်းများသွားသည့်အခါအသုံးပြုရမည်ဖြစ်သည်။

မီးအကြီးထွန်းပြီးသွားနေတုန်းတစ်ဖက်ယာဉ်ကြောမှာကားလာနေသည်ကိုတွေ့သည်နှင့်မီးအသေးပြောင်း တာမျိုးလုပ်ဖို့လိုပါသည်။

မျက်နှာချင်းဆိုင်မှာလာသည့်မီးရောင်ကိုမျက်စိလွှဲပါ

ညအချိန်ကားမောင်းသည့်အခါတွင်တစ်ဖက်ယာဉ်ကြောမှမီးအလင်းရောင်ကိုကြည့်တာမျိုး လုံးဝ မလုပ်သင့်ပါ။

မီးရောင်ကြောင့်မျက်စိပြာပြီးမြင်ကွင်းကိုသဲသဲကွဲကွဲမမြင်တော့သည့်အတွက်အန္တရာယ်ကြုံနိုင်ပါသည်။

တစ်ဖက်ယာဉ်ကြောမှမီးကြီးထွန်းလာလို့မျက်စိစူးစေတယ်ဆိုပါကကိုယ့်ဘက်ကလည်းမီးကြီးပြောင်းထိုးပြီး အလင်းလျှော့ပေးအောင်လို့သတိပေးတာမျိုးလုပ်နိုင်ပါသည်။

ပါကင်ထိုးပြီးချိန်မှကားရှေ့မီးပိတ်ပါ

ကားပါကင်ထိုးပြီးသည့်အခါကားမီးကိုချက်ချင်းပိတ်ဖို့မမေ့သင့်ပါဘူး။

 အခြားကားများ(ဒါမှမဟုတ်) လမ်းသွားလမ်းလာများကိုအနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့်ဖြစ်ပါသည်။

 

Read 2789 times