မတ်လကုန်အထိ ယာဉ်မောင်းလိုင်စင်တစ်သိန်းကို စီမံချက်ဖြင့် ဆောင်ရွက်မည်


၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတစ်ရက်မှ မတ်လကုန်အထိ နှစ်လတာကာလအတွင်း ယာဉ်မောင်းလိုင်စင် တစ်သိန်းကို စီမံချက်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုယာဉ်မောင်းလိုင်စင်ဌာန၏လုပ်ငန်းစီမံချက်အရ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်မကုန်မီကျန်ရှိသောနှစ်လတာ ကာလအတွင်း အထက်ပါင်္စီမံချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းယာဉ်မောင်းလိုင်စင်တစ်သိန်းဆောင်ရွက်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခွဲဝေရာ မန္တလေးတိုင်း ဒေသကြီးကညနမှယာဉ်မောင်းလိုင်စင်၁၅,၈၀၀ကိုနှစ်လအတွင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းပြောကြားထားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ကညနရုံး ခုနှစ်ရုံးရှိသည့်အထဲမှ တောင်ပိုင်းခရိုင်ရုံးနှင့် မြောက်ပိုင်းခရိုင်ရုံးများတွင် နှစ်လအတွင်းစောင်ရေ ခြောက်ထောင်ခန့်လုပ်ပြီး ကျန်ရှိသည့်စီမံချက်ပြည့်မီစေရန် ခရိုင်ရုံးများကဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

နှစ်လအတွင်းစီမံချက်အရ ယာဉ်မောင်းလိုင်စင်ဆောင်ရွက်ရာတွင် ကညန နေပြည်တော်ရုံးမှ စောင်ရေလေးထောင်၊ ကချင်ပြည်နယ်မှ စောင်ရေ ၁၅၀၀၊ ကယားပြည်နယ်မှစောင်ရေလေးရာ၊ ကရင်ပြည်နယ်မှစောင်ရေ ၂၅၀၀၊ ချင်းပြည်နယ်မှ စောင်ရေသုံးရာ၊ စစ်ကိုင်းတိုင်းဒေသကြီးမှစောင်ရေ ၁၇၀၀၀ ၊ တနင်္သာရီတိုင်းဒေသကြီးမှ စောင်ရေ ၂၅၀၀၊ ပဲခူးတိုင်းဒေသကြီးမှစောင်ရေ ၁၂၅၀၀၊ မကွေးတိုင်းဒေသကြီးမှစောင်ရေ ၁၅၈၀၀၊ မွန်ပြည်နယ်မှ စောင်ရေ ၄၅၀၀၊ ရခိုင်ပြည်နယ်မှစောင်ရေရှစ်ရာ၊ ရန်ကုန်တိုင်းဒေသကြီးမှစောင်ရေ ၄၅၀၀၊ ရှမ်းပြည်နယ်မှစောင်ရေတစ်သောင်း၊ ဧရာဝတီတိုင်း ဒေသကြီးမှစောင်ရေ ၁၁၂၀၀ ရှိပြီး ယာဉ်မောင်းလိုင်စင်ပေါင်း တစ်သိန်းပြည့်မီအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

Read 9054 times