ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)အင်းစိန်တွင် ဖောင်းကြွနံပါတ်ပြား ပိုင်ရှင်ကိုယ်တိုင်လာရောက်သူများအတွက


ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)အင်းစိန်တွင် ဖောင်းကြွနံပါတ်ပြား ပိုင်ရှင်ကိုယ်တိုင်လာရောက်သူများအတွက် သီးသန့်နေရာခွဲခြားဆောင်ရွက်ပေးလျက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)အင်းစိန်တွင် ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များ ပြောင်းလဲတပ်ဆင်ရာတွင် ပိုင်ရှင်ကိုယ်တိုင်လာရောက်သူ များအတွက် သီးသန့်နေရာခွဲခြားဆောင်ရွက်ပေးလျက်ရှိပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း) အင်းစိန်တွင် ဖောင်းကြွနံပါတ်ပြားအသစ်များ လာရောက်ပြောင်းလဲတပ်ဆင်ကြသည့် ပြည်သူများ များပြားလျက် ရှိပြီး ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်သူများနှင့် ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်သူများ ရောထွေးဆောင်ရွက်နေရခြင်း၊ ဖောင်းကြွလဲလှယ်လိုသူများနှင့် သက်တမ်းတိုး လာရောက်ဆောင်ရွက်သူများ ရောထွေးဆောင်ရွက်နေရခြင်းတို့ကြောင့် ပိုင်ရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက်သူများ လွယ်ကူမြန်ဆန်အဆင်ပြေချောမွေ့စေရေးရည်ရွယ်၍ ရုံးဝင်းအတွင်း လုပ်ငန်းများအား အောက်ပါ အတိုင်း သီးသန့်နေရာများခွဲခြားသတ်မှတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

(က) ပိုင်ရှင်ကိုယ်တိုင် သက်တမ်းတိုးနှင့် ဖောင်းကြွဝယ်ယူရန်နေရာ

( ခ ) ပိုင်ရှင်ကိုယ်တိုင် ဖောင်းကြွဝယ်ယူရန်နေရာ

( ဂ ) ပိုင်ရှင်ကိုယ်တိုင် ဖောင်းကြွထုတ်ပေးသည့်နေရာ

 

 

Source motc
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 283 times