ကားလုပ်ငန်းလိုင်စင်အမျိုးအစားများ ခွဲခြားနည်း


လုပ်ငန်းလုပ်တဲ့ကားလို့ ဖော်ပြထားတဲ့အတွက် လုပ်ငန်းမလုပ်တဲ့ နံပါတ်အနက်(ကိုယ်ပိုင်ကား)၊ နံပါတ်အဝါ (သာသနာပိုင်ယာဉ်)၊ နံပါတ်အစိမ်း(လှူဒါန်းယာဉ်)၊ နံပါတ်အဖြူ(သံတမန်ယာဉ်) တွေကို ချန်ထားခဲ့ပါမယ်။

“က” ကုန်စည်ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင်ဆိုတာနဲ့ စပယ်ယာက ပါကိုပါရပါမယ်။ ၁၂ဘီးကား၊ ခြောက်ဘီးကား စတဲ့ ကုန်ကားကြီးတွေမှာ “က” ကုန်စည်ပို့ ဆောင်ခွင့်လုပ်ငန်းလိုင်စင်ဖြစ်နေတာမို့ စပယ်ယာပါရှိရပါမယ်။

“ခ”ခရီးသည်ပို့ဆောင်ခွင့်လုပ်ငန်း လိုင်စင်ကလည်း ခရီးသည်တင်ပြေးဆွဲဖို့ ဖြစ်လို့ စပယ်ယာလိုပါတယ်။ ခရီးသည်တင်အဝေးပြေးကားတွေဟာ “ခ”ခရီး သည်ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင်နဲ့ဖြစ်တယ်။

“ဂ” စင်းလုံးငှားပို့ဆောင်ခွင့်လုပ်ငန်း လိုင်စင်ကတော့ တက္ကစီတွေနဲ့ မှန်လုံစင်းလုံးငှားကားတွေအတွက်ဖြစ်တယ်။ အဲသည်ကားတွေမှာ စပယ်ယာမလိုပါဘူး။

“ဃ”ပဋိညာဉ်ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင်ကတော့ နိုင်ငံခြားသားခရီးသည်တွေ ပို့ဆောင်တာပါ။ စပယ်ယာမလိုပါဘူး။ ကားနံပါတ်အပြာတွေမှာ “ဃ” ပဋိ ညာဉ်ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင်တွေ တွေ့ရပါတယ်။ စပယ်ယာမလိုပါဘူး။

“င” ကိုယ်ပိုင်စီးပွားရေးပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင်ကတော့ “က”လို ကုန်ကားကြီးတွေမျိုးမဟုတ်ဘဲ ဟိုက်ဂျက်တို့ လိုက်ထရပ်တို့လိုကားမျိုးတွေနဲ့ တစ်နိုင်တစ်ပိုင်အိမ်ဆိုင်လေးတွေအတွက်ဖြစ် တယ်။ “င” ကိုယ်ပိုင်စီးပွားရေးပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင်မှာလည်း စပယ်ယာမလိုပါဘူးလို့ ဒုရဲအုပ်ဌေးလွင်က ပြောပါတယ်။

Read 1368 times