ကားတွင်ပါ၀င်သည့်ခလုတ်များနှင့်ပတ်သက်၍သိသင့်သည့်အချက်အလက်များကိုအောက်တွင်ဖော်ပြပေးထား ပါသည်။
1.SMART KEY PUSH START
ထိုခလုတ်မှာကားဂရိတ်အမြင့်များတွင်ပါလာတတ်ပါသည်။
တချို့ကားတွေမှာက SENSOR ပါသကဲ့သို့လက်ကကားတံခါးလက်ကိုင်နားမှာထားလိုက်သည်နှင့် တံခါးပွင့်တတ်ပါသည်။
တချို့လက်ကိုင်မှာပါသည့်အမည်းဘုလေးနိပ်မှပွင့်ခြင်းဖြစ်ပြီးပိတ်တာကတော့ဘု ဒါမှမဟုတ် အရာလေးတစ်ခုပေးထားပါသည်။
PUSH START ENGINE ကတော့ခလုတ်လေးနိုပ်ရုံပါပဲ။
အင်ဂျင်ကနိုးပေးမည်ဖြစ်ပြီးဘရိတ်နင်းပြီးခလုတ်နိုပ်ပေးမှအင်ဂျင်စက်နိုးမည်ဖြစ်ပါသည်။
တချို့ကတော့ TURN START ဆိုသည်မှာသော့ပုံစံနာရီလက်တံအတိုင်းလှည့်ပေးရခြင်းဖြစ်ပြီး ကားသော့ကတော့အိတ်ကပ်ထဲ့ထုတ်စရာမလိုပဲစက်နိုးလို့ရမည်ဖြစ်ပါသည်။
2. ENGINE STARTER
ယင်းခလုတ်ဂျပန်ကားများတွင်ပါလာတတ်ပြီးအင်ဂျင်ကိုအဝေးကအဝေးထိန်းခလုတ်နဲ့နိုးပေးခြင်းဖြစ်ပါသည်။ကားအတွင်းခန်းကအရမ်းနေပူသောကြောင့်ပူနေသည့်အချိန်ဖြစ်ဖြစ် အရမ်းအေးခဲနေလို့နွေးနွေးထွေးထွေး ရှိချင်တဲ့အချိန်တွင်စက်နိုးထားရပါမည်။
အိမ်ထဲမှခလုတ်နိုပ်စက်နိုးထားရုံပါပဲ ။
AIRCON ကိုအော်တိုမှာပဲထားရမည်ဖြစ်ပြီး ပြန်ပြီးတပ်ဆင်ခြင်းဖြစ်ပါသည်။
ORIGINAL ပါလာတာတော့ရှားပါသည်။
ပြန်တပ်ဆင်ခြင်းဆိုသည်မှာ TOYOTA , NISSAN HONDAကထုတ်ထားတာမဟုတ်ပဲနှင့် တခြားကုမ္ပဏီများမှထုတ်လုပ်ပေးထားခြင်းဖြစ်ပါသည်။
3. CRUISE CONTROL
ယင်းခလုတ်မှာဂရိတ်မြင့်ကားများတွင်ပါ၀င်ပြီးဟိုင်းဝေးလမ်းမများတွင်ဖြောင့်ဖြူးတဲ့လမ်းတွေမှာအရမ်းအသုံးဝင်တဲ့ခလုတ်ဖြစ်ပါသည်။
CRUISE CONTROL ကို အမျိုးမျိုးရှိပြီး ကီလိုသတ်မှတ်ပေးထားသည့်အတွက်အရှိန်နှင့်မောင်းနှင်မှာကိုလဲ စိတ်ပူစရာမလိုတော့ပါဘူး။
တချို့က ကီလို ၁၁၀ ထိသာမောင်းနှင်လို့ရသကဲ့သို့၁၂၀ထိမောင်းနှင်လို့ရသည့်ကားများလဲရှိပါသည်။
CRUISE ခလုတ်ကို ON လိုက်ရင်ဒိုင်ခွက်ပုံစံလေးပေါ်လာပြီးတချို့က CRUISE ဆိုပြီး မီးလေးပြပေးပါသည်။
CRUISE ခလုတ်ဘေးမှာ အပေါ်အောက်ခလုတ်တစ်ခုပါပါသည်။
ယင်းခလုတ်မှကီလို ၄၀ရောက်ပြီးဆိုရင် SET ဆိုသည့်အောက်ခလုတ်ကိုနိုပ်ပြီးတော့သတ်မှတ်ပါသည်။ နောက်မှ ကီလိုလိုသလိုအပေါ်ခလုတ်ကိုထပ်တင်ပြီး ၁၁၀ ၁၂၀ ထိတင်လို့ရပါသည်။
ခလုတ်တစ်ခါနိုပ်ရင် ၅ကီလို ၁၀ကီလိုတပ်ပါသည်။
ဖိနိုပ်ထားရင်လဲရပါသည်။
လီဗာနင်းစရာမလိုပဲလက်ကကွန်ထရိုးကပဲထိန်းကျောင်းမောင်းနှင်လို့ရပါသည်။
အပေါ်အောက်ဘေးမှာ CANCEL ဆိုတာပါပြီးတော့အရှေ့ကသတ်မှတ်ထားတဲ့ကီလိုကို ပြန်ဖြတ်ခြင်းဖြစ်ပါသည်။
ဘရိတ်နင်းလိုက်ရင်လဲ CANCEL ဖြစ်သော်လည်းအပေါ်နိုပ်လိုက်ရင်ကီလိုအမြင့်ဆုံးနှင့်မောင်းနင်ထားသည့် မယ်မိုရိကိုပြန်နင်းပေးမည်ဖြစ်သည်။
လိီဗာလုံးဝသုံးစရာမလိုပဲကားမောင်းနှင်နိုင်မှာပါ။
လူသက်သာစေသလို SAFE ဖြစ်တဲ့ခလုတ်လေးပါ။
TOYOTA ကတော့ စတီယာရင်အတွင်းဘက်ကဘေးဘက်များတွင်ပါတတ်ပါသည်။
4. VOLUME CONTROL
ယင်းခလုတ် MODE , VOLUME + - ,MUTE စတာတွေပါပြီး တော့ ORIGINAL ပါလာတဲ့ NAVI ဒါမှမဟုတ်တီဗွီတွေကို ခလုတ်ကနေ ကွန်ထရိုးလုပ်တာပါ။
အသံအတိုးအချဲ့ TV ကနေ RADIO ပြောင်းတာ ၊ အခုနောက်ပိုင်း အသံနဲ့ AIRCON စတာတွေကိုပါ ထိန်းချုပ်လို့ရနိုင်လာပြီဖြစ်ပါသည်။
5.PADDLE SHIFT
ထိုခလုတ်မှာ AUTO GEAR စနစ်တွေမှာသာပါပြီးတော့ MANUAL ပုံစံမောင်းနှင်ချင်တဲ့သူတွေအတွက် စိတ်တိုင်းကျစေမှာဖြစ်ပြီး SPORT CAR အများစုမှသာပါ၀င်တတ်ပါသည်။
မန်နူရယ်မောင်းဖို့အတွက်တောင်တက်တောင်ဆင်းလမ်းများတွင်ဂီယာနှင့်ထိန်းမောင်းထိန်းဆင်းတာက ဘရိတ်ကိုလဲမနာစေသလိုအန္တရယ်လဲကင်းစေပါသည်။
PADDLE SHIFT မှာ + - ပါသလို ၊ UP DOWN စတာတွေပါပါသည်။
ဂီယာ ၄ချက် ၅ ချက် ၆ချက် ရချက်လောက်ကိုကားပေါ်မူတည်ပြီး ကွဲပြားပြီးမောငး်နှင်နိုင်ပါသည်။
6. ECON
ယင်းခလုတ်မှာဆီစားသက်သာစေတဲ့နည်းပညာဖြစ်ပြီးနိုပ်ထားပါကတော်ရုံနင်းသလောက်မပြေးသလိုခံစားရပြီး့ ဆီစားသက်သာစေပါသည်။
မပြေးဘူးဆိုပြီး ပိုနင်းရင်တော့ထင်တာထက်ဆီပိုစားတာဆိုတော့ဖြုတ်ထားသင့်သည့်အထဲပါပါသည်။ မြို့တွင်းကတော့တပ်ထားသင့်ပါသည်
7. IDLE STOP (SMART STOP )
IDLE STOP ဆိုသည်မှာမလိုအပ်သည့်နေရာများတွင်ဆီကိုချွေတာပေးထားခြင်းဖြစ်ပါသည်။
နောက်ပိုင်းကားများတွင်သာအတွေ့များပြီး HYBRID ကားများတွင်အများဆုံးတွေ့ရတတ်ပါသည်။
A ကို အဝိုင်းပတ်ထားသည့်ခလုတ်လေးဖြစ်ပြီးအဖွင့်အပိတ်လုပ်လို့ရပါသည်။
AUTO STOP AND GO (AS & G) ဆိုပြီး လဲ RVR မှာပါလာပါသည်။
မီးပွိုင့်များတွင်စက္ကန့်ပိုင်းရပ်ထားရသည့်အတွက်အင်ဂျင်ကိုခဏရပ်ထားပေးသည့်စနစ်ဖြစ်ပါသည်။
၂၀၁၀ နောက်ပိုင်းကားများတွင် HYBRID ကားတွေမှမဟုတ်ပဲ ရိုးရိုးဓာတ်ဆီဒီဇယ်ကားတွေမှာပါယင်းစနစ်ကိုထည့်ပေးထားပါသည်။
ဂျပန်မှာ ၂၀၁၁ ဆူနာမီဖြစ်တဲ့အချိန်ဓာတ်ပေါင်းဖိုကပေါက်ကွဲထားတဲ့အတွက်စွမ်းအင် သုံးစွဲနေရချိန်မှာအများပြည်သူသုံးကားတွေမှာမီးပွိုင့်တွေမှာစက်ကိုရပ်ထားခိုင်းခဲ့ပါသည်။
မလိုအပ်ပဲလောက်စာဆီကိုသုံးစွဲမူများမှာဆိုးလို့ချွေတာခိုင်းတဲ့သဘောပါ။
အဲ့နောက်ပိုင်းမှာတော့ SMART STOP နည်းပညာက ကားတိုင်းမှာမပါမဖြစ်ခတ်ပြေးအဖြစ်ဖြစ်နေပါသည်။