တစ်ခြားကားမှ ဘက်ထရီနဲ့ ချိတ်ဆက်၍ စက်နှိုးတဲ့အခါ လုပ်ဆောင်ရမည့်အချက်များ


၁။ ကားနှစ်စီး၏ ဘက်ထရီ ရှိရာဘက် အဓိကထား၍ ခေါင်းချင်းဆိုင်ရပ်ပါ။

၂။ ဘက်ထရီအိုး မှ အဖိုငုတ် ဆိုရင် အပေါင်းလက္ခဏာ(+) နဲ့ အနီရောင်ပါ။ အမငုတ် ဆိုရင် အနှုတ်လက္ခဏာ(-) နဲ့ အနက်ရောင်ပါ။

car battery

၃။ပုံထဲမှအတိုင်း ဘက်ထရီ ထောက်ကြိုး (Jumper Cable) အဖိုကြိုး အနီကို အားကုန်နေတဲ့ဘက်ထရီအိုး ရဲ့ အဖိုငုတ် (+) မှာ အရင်တပ်ဆင်ပါ။

အဖိုကြိုး အနီ ရဲ့နောက်တစ်ဖက်ကို အားပြည့်နေတဲ့ဘက်ထရီက အဖိုငုတ် (+) မှာ ချိတ်ဆက်ပါ။

အမကြိုး အနက်ကို အားပြည့်နေတဲ့ ဘက်ထရီရဲ့ အမငုတ် (-) မှာ အရင်တပ်ဆင်ပါ။

အမကြိုး အနက် ရဲ့နောက်တစ်ဖက်ကို ကား အင်ဂျင် သို့ ဘော်ဒီ ကို ချိတ်ဆက်လိုက်ပါ။

၄။ ဘက်ထရီ အားရှိတဲ့ကားကို အရင် စက်နှိုးပြီးထားပါ။ ပြီးမှ ဘက်ထရီ အားမရှိတဲ့ကားကို စက်နှိုးပါ။

၅။ နိုးရလို့ ထောက်ကြိုးဖြုတ်ရင် စချိတ်တာနဲ့ ပြောင်းပြန် အတိုင်းပြန်ဖြုတ်ပါ။

အားမရှိတဲ့ကားမှ အနက်ကြိုး ကိုအရင်ဖြုတ်ပါ။

ပြီးရင် အားရှိတဲ့ကားမှ အနက်ကြိုး ကိုဖြုတ်ပါ။

အားရှိတဲ့ကားမှ အနီကြိုး ကိုအရင်ဖြုတ်ပါ။

ပြီးမှ အားမရှိတဲ့ကားမှ အနီကြိုး ကိုဖြုတ်ပါ။

သတိပြုရန်
xxxxxxxxx

ကားတစီးဘက် မှ ဘက်ထရီ ( + ) ( - ) ကြိုး ၂ခုစလုံး ကို အရင်မဖြုတ်ပါနဲ့ ရှော့ရိုက်သလို ဖြစ်တတ်၍ အဆင့်အတိုင်းဖြုတ်တာက ပိုကောင်းပါတယ်။

Read 14445 times