မော်တော်ယာဉ်အာမခံထားရာတွင်လိုအပ်သည့်အချက်များနှင့် အသုံးဝင်ပုံများ


မော်တော်ယာဉ်ပိုင်ရှင်များ၊ မော်တော်ယာဉ်ကို ကြီးကြပ်သူများ၊ ကုမ္ပဏီပိုင်ဆိုလျှင် ကုမ္ပဏီ၏ တာဝန်ရှိသူများ တစ်နည်းပြောရလျှင် မော်တော်ယာဉ်၏ ဆုံးရှုံးမှုအပေါ် တာဝန်ရှိသူများအာမခံထားရှိနိုင်ပါသည်။

(ကညန အမည်မပေါက်လျှင်လည်း ထားလို့ရပါသည်။)

အာမခံထားရန် လိုအပ်သည့်အချက်များမှာ

၁.အာမခံထားမည့် ယာဉ်၏အုံနာဘုတ်

၂.ယာဉ်သက်သေခံ လက်မှတ်(ဒစ္စဝို်င်း)

၃.အာမခံထားမည့် သူ၏မှတ်ပုံတင်

၄.ယာဉ်မောင်းတစ်ဦးဦး၏ Driving လိုင်စင်

(ယာဉ်မောင်းတစ်ဦးဦး၏ လိုင်စင်တောင်းခံရတွင်လည်း software လိုအပ်ချက်သာဖြစ်ပြီး accident ဖြစ်ချိန်တွင် အာမခံထားသူ၏ ခွင့်ပြုချက်အရ သတ်မှတ်လိုင်စင်ရှိသူ မည်သူမဆို မောင်းနှင်၍ ရပါသည်။)

မိတ္တူများလည်း လိုပါသည်။

အာမခံဘယ်လိုထားရမလဲ???

အထက်ကပြောပြသည့် အထောက်အထားများပါလျှင်ကုမ္ပဏီကိုရောက်သည်နှင့် ကုမ္ပဏီကသတ်မှတ်ပုံစံ(အဆိုလွှာ) ဖြည့်စွက်ပေးလျှင် ကုမ္ပဏီက One Stop Services ဆောင်ရွက်ပေးပါမည်။

သို့မဟုတ် အိမ်တိုင်ယာရောက်၊ အာမခံ ထားလိုသူထံ အရောက်လည်းဝန်ဆောင်မှု ပေးပါသည်။

သို့မဟုတ် မိမိနှင့်နီးစပ်သည့် အာမခံကိုယ်စားလှယ်များမှလည်း တဆင့် ဆောင်ရွက်နိုင်ပါသည်။

(ကိုယ်စားလှယ်မှတဆင့်ဆောင်ရွက်ခြင်းကြောင့် ကိုယ်စားလှယ်ကို ၀န်ဆောင်ခပေးရခြင်း ပရီမီယံ ပိုသွင်းရခြင်း မရှိပါ။ကိုယ်စားလှယ်အတွက် သတ်မှတ်ကော်မရှင်ခကို ကုမ္ပဏီတွင် ပေးချေမည်ဖြစ်ပါသည်။)

ပရီမီယံဘယ်လောက်ကျမလဲ???

ကားအသုံးပြုပုံ၊ ကား၏အင်ဂျင်စီစီနှင့် ကား၏ကာလပေါက်စျေးအပေါ်မူတည်ပြီး ကောက်ခံခြင်းဖြစ်ပါသည်။

ကိုုယ်ပိုင်သုံး(အိမ်စီး၊ ရုံးသုံး၊ ကုမ္ပဏီသုံး)နံပါတ်အနက်များအတွက် ကား၏တန်ဖိုးအပေါ်တစ်ရာခိုင်နှုန်းခန့်(ဥပမာ-ကားတန်ဖိုး သိန်းတစ်ရာကို တစ်နှစ်စာ ပရိမီယံ တစ်သိန်းခွဲ ၀န်းကျင်ခန့်)

အာမခံထားရင်ဘယ်လိုအကာအကွယ်ရမလဲ???

-မတော်တဆထိခိုက်မှုအမျိုးမျိုး(အထူးသဖြင့် အာမခံထားသည့်ယာဉ်၏ မှားယွင်းမှုကို အဓိက တာဝန်ယူခြင်း)

-ပြင်ပမှ မီးကူးစက်ခံရခြင်း၊ ကိုယ်တိုင်မီးလောင်ခြင်းနှင့် မိုးကြိုါ်ပစ်၍ ထိခိုက်မီးလောင်ခြင်းများ

-မလိုတမာဖျက်စီးခံရခြင်း

-ယာဉ်ပေါ်တစ်ခုခုပြုတ်ကျ၍ ပျက်စီးခြင်းများ

-ကုန်းလမ်း၊ ရေလမ်းဖြင့် သယ်ယူစဉ် ပျက်စီးမှုများ

အပိုပရီမီယံကြေးပေးခြင်းဖြင့် ရနိုင်သည့် အကာအကွယ်များ(အထက်ကခန့်မှန်း ပရီမီယံတွင် ပါ၀င်ပြီး)

-ကားတစ်စီးလုံးဖြစ်စေ၊ အစိတ်အပိုင်းဖြစ်စေ အခိုးခံရမှု

-သဘာဝဘေးအန္တရာယ် အမျိုးမျိုး

-သပိတ် အဓိကရုဏ်း ပျက်စီးမှုများ

-စစ်နှင့် စစ်အသွင်ဖျက်စီးခံရမှုများ

-မိမိယာဉ် အမှားကြောင့် အခြားယာဉ်နှင့် ပစ္စည်းများ၊ လူသေဆုံးခြင်း ဒဏ်ရာရခြင်းများ

အကျုံးမဝင်ခြင်းများမှာ

-ယာဉ်မောင်းသူမှ တမင်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် ဆုံးရှုံးမှုများ

-ယာဉ်မောင်းသူ၏ Driving လိုင်စင်သည် သတ်မှတ်လိုင်စင်မဟုတ်ခြင်း

-accident ဖြစ်ချိန်မှာယာဉ်မောင်း၏ လိုင်စင်နှင့် ယာဉ်လိုင်စင်များသက်တမ်းမရှိခြင်း

-ယာဉ်မောင်းမှ မူးယစ်သောက်စားပြီးနောက် မတော်တဆဖြစ်ခြင်းများ

-နယ်နိမိတ်ပြင်ပ ဖြစ်ပွားမှုများ

 

Read 1744 times