အလင်းရောင်စူးစူး(သို့မဟုတ်) နေရောင်ပြင်းပြင်းအောက်တွင် ကားမောင်းခြင်းမှာယာဉ်မောင်းသူများအဖို့ အထူးသတိထားစရာအခြေအနေတစ်ခုဖြစ်ပြီး ယာဉ်မတော်တဆဖြစ်နိုင်ခြေလည်းများပါသည်။
ထို့ကြောင့်စူးရှလွန်းသည့်နေရောင်ပြင်းပြင်းအောက်တွင် မဖြစ်မနေကားမောင်းရမည်ဆိုပါကအန္တရာယ်ကင်းစေရန် လုပ်ဆောင်သင့်သည့်အချက်များကို ဖော်ပြပေးလိုက်ပါသည်။
နေကာမျက်မှန်သုံးပါ
နေကာမျက်မှန်သည်စူးရှသည့်နေရောင်ကိုကာကွယ်ပေးရုံသာမကမျက်စိကိုခရမ်းလွန်ရောင်ခြည်နှင့်မထိတွေ့စေရန်လည်းကာကွယ်ပေးသောကြောင့် ကားထဲတွင် နေကာမျက်မှန်တစ်လက်မဖြစ်မနေဆောင်ထားရန်လိုအပ်ပါသည်။
နေကာများတပ်ဆင်ထားပါ
ကားတိုင်း၏ရှေ့လေကာမှန်များတွင် နေရောင်စူးခြင်းကိုကာကွယ်ပေးနိုင်သည့်နေကာများပါရှိကာ မပါခဲ့ပါကလည်း အလွယ်တကူတပ်ဆင်နိုင်ပါသည်။
စတစ်ကာကပ်ထားပါ
ကားထဲသို့နေရောင်ခြည်တိုက်ရိုက်မဝင်စေရန်ကားမှန်ပြတင်းများကို စတစ်ကာကပ်ထားရန်လိုအပ်ပါသည်။
သတိထားရမည့်အချက်မှာခွင့်ပြုထားသည့်စတစ်ကာအဆင့်သတ်မှတ်ချက်အတိုင်းကပ်ရန်ဖြစ်ပါသည်။
နေအပြင်းဆုံးအချိန်ကိုရှောင်ပါ
အတတ်နိုင်ဆုံးမနက်စောစော (သို့မဟုတ်) ညနေစောင်းကိုရွေးချယ်ပြီးအသွားအလာလုပ်သင့်ပါသည်။
နေအပြင်းဆုံးအချိန်ကိုကားမမောင်းဖြစ်စေရန်အတတ်နိုင်ဆုံးရှေုာင်ပါ။
ကားတစ်စီးနှင့်တစ်စီးခပ်ခွာခွာမောင်းပါ
နေပြင်းသည့်အချိန်ကားမောင်းနေရင်း ရှေ့ကားနှင့်တတ်နိုင်သလောက်ခွာပြီး မောင်းရန်လိုအပ်သည်။
ရှေ့ကားမှန်မှနေရောင်ပြန်စူးပြီး ယာဉ်မောင်းကိုအမြင်အာရုံေ၀ဝါးစေတတ်ပါသည်။
မျက်စိကိုအနားပေးပါ
နေပြင်းပြင်းထဲကားမောင်းရင်းမျက်စိပြာလာပါက ဆက်မမောင်းဘဲလွတ်ကင်းသည့်နေရာတွင် ၁၅ မိနစ်လောက်နားပြီးမှဆက်လက်မောင်းနှင်သင့်ပါသည်။